CATEGORY

မှုခင်း

ကျိုင်းတုံမြို့ မှာ မိခင်ဖြစ်သူကို သားအရင်းမှ သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မိခင်ဖြစ်သူကို သားအရင်းမှ သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၇) နေ့ခင်းပိုင်းအချိန်တွင် ကျိုင်းတုံမြို့ နယ် လွယ်လုံကျေးရွာအုပ်စုရှိ ဟွေလုံကျေးရွာတွင် နေထိုင်သည့် ဒေါ်မီဂျူး အသက် ၅၄ နှစ်ကို ၎င်း၏ သားအရင်းဖြစ်သူက ရိုက်နှက်သတ်ပြီး...

တာချီလိတ်မြို့ အိမ်ထဲထိ ဓားပြဝင်တိုက်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မိုင်းဖုန်း(ခ)ရပ်ကွက် နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး ထိုင်းဘတ်ငွေ ၇ သိန်းခန့် ပါသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် ဆိုင်ကယ်ဖြင့်လာသော အမျိုးသား ၂ ဦးသည် တာချီလိတ်မြို့ မိုင်းဖုန်း (ခ)ရပ်ကွက်ရှိ လုံးစိုင်းဆမ်၊...

ကျောက်မဲ တစ်ရက်တည်း ယာဥ်မတော်တဆမှု (၃)နေရာဖြစ် ၂ ဦးသေဆုံး

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာ ၁၄ ရက်) တစ်ရက်တည်း ယာဥ်မတော်တဆမှု (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး (၂)ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မနက် (၅)နာရီကျော် အချိန်တွင် ဂုတ်တွင်းအဆင်း ကျောက်မဲဘက်အခြမ်းတွင် တွဲကားတစ်စီးမှ နံရံကို ဝင်တိုက်မိခဲ့ပြီး ယာဥ်မောင်း ခြေထောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “မနေ့က (၃)နေရာဖြစ်တယ်၊ မနက်...

ရွာငံမြို့နယ်အတွင်း စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဓါးဖြင့်ထိုးသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာမှ ဒလန်ဟု သတ်မှတ်ခံရသူသည် ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညနေ(၃)နာရီခွဲဝန်းကျင်တွင် ၎င်း၏နေအိမ်အတွင်း၌ရှိနေစဉ် အသတ်ခံလိုက်ရကြောင်း သိရသည်။ အသတ်ခံရသူမှာ ကိုနိုင်ဦး ဖြစ်ပြီး ယခင်က စစ်သားလုပ်ခဲ့ဖူးသူဖြစ်ကြောင်း ရွာငံဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အသတ်ခံရသူက အရင် စစ်သားတွေကို ရွာထဲခေါ်ဝင်ဖူးတယ်၊...

လားရှိုးမြို့ လဝကရုံးအနီး ဗုံးပေါက်ကွဲ ဖြစ်၊ ထိခိုက်မှုရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်အချိန်တွင် ဗုံးတစ်လုံးပေါက်ကွဲပြီးလဝကရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် မှတ်ပုံတင်လာလုပ်သည့်သူ တစ်ဦး မိုင်းစထိမှန်ကာ ဒဏ်ရာရခဲ့ကြောင်း...

သိန္နီ – နမ့်စလပ်ကြား ယာဉ်တိုက်မှုဖြစ် အမျိုးသားတစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း သိန္နီ - နမ့်စလပ်ကြား လမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (နိုဝင်ဘာ ၈)ရက် မနက် ၈ နာရီ ဝန်းကျင်တွင် သိန္နီမြို့ နှင့် နမ့်စလပ်ကြား လမ်းမကြီးတွင် ကားနှင့် ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူ ပွဲချင်ပြီး...

နမ့်ခမ်းမြို့ ယခုရက်ပိုင်း ဒေသခံ (၂)ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် (၄)ရက်အတွင်း အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ မှ ဒေသခံ(၂)ဦးကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့ တွင် နိုဝင်ဘာ (၁)ရက်နေ့က အသက် (၃၄)နှစ် အရွယ်ရှိ နန်းမွေလျန်းနွံကို ၎င်း၏ နေအိမ်ရှေ့တွင် အမည်မသိလက်နက်ကိုင်...

မူဆယ်မြို့မှာ အသက် ၂၀ လူငယ် တစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ကချင်ဈေး လမ်းဆုံအနီးတွင် ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် ကချင်ဈေး လမ်းဆုံအနီးသို့ ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးသည် ဦးခေါင်းပိုင်း ချိန်ပြီးပစ်သည့် သေနတ်ဒဏ်ရာ သုံးချက်ဖြင့်...

နမ့်လန် ဒေသခံ တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် ယနေ့ (နိုဝင်ဘာ ၂)ရက် ညနေ ၆နာရီဝန်းကျင်၌ အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ က နေအိမ်ထဲ အထိ သေနတ်လာ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ ညနေ ၆ နာရီဝန်းကျင် တွင် နမ့်လန်မြို့ စိန်ပန်းရပ်ကွက်...

မိုင်းယော်ဒေသ လောင်းကစားရုံများ ဖွင့်လှစ် ဒေသခံများစိုးရိမ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသ အလုပ်အကိုင်ရှားပါးနေသည့်ကြား ကာစီနို (လောင်းကစားရုံ) များ စတင်ဖွင့်လှစ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ ထိုကာစီနိုကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်ရှိ ပေ(၁၀၀)ပတ်လည် ခြံဝန်းထဲ အဆောက်အဦးများ ဆောက်လုပ်ပြီး လောင်းကစားရုံဖွင့်လှစ်ထားကြောင်း သိရသည်။ “အောက်တိုဘာ လဆန်းပိုင်းက ဖွင့်တာ။ ငွေရှာရခက်တဲ့ချိန်လည်းဖြစ်တော့ ဒီလိုဖွင့်တာ အဆင်မပြေဘူး။...

Latest news