ကျိုင်းတုံမြို့ မှာ မိခင်ဖြစ်သူကို သားအရင်းမှ သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မိခင်ဖြစ်သူကို သားအရင်းမှ သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၇) နေ့ခင်းပိုင်းအချိန်တွင် ကျိုင်းတုံမြို့ နယ် လွယ်လုံကျေးရွာအုပ်စုရှိ ဟွေလုံကျေးရွာတွင် နေထိုင်သည့် ဒေါ်မီဂျူး အသက် ၅၄ နှစ်ကို ၎င်း၏ သားအရင်းဖြစ်သူက ရိုက်နှက်သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။

“သူ့သားက ဆေးစွဲနေတဲ့သူလို့ ပြောပါတယ်၊ အစောပိုင်းမှာ သူ့အမေနဲ့ စကားများသံတွေလည်း ကြားရတယ်လို့ အိမ်နီးချင်းတွေက ပြောတယ်၊ နောက်တော့ ဒေါ်မီဂျူးက အပြင်ထွက်သွားတာတွေ့ရတယ်တဲ့၊ နောက်တော့ သူ့ Dead Body ကို လယ်ကွင်းထဲမှာ ရွာသားတွေက သွားတွေ့တာ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာသားများမှတစ်ဆင့် ကျိုင်းတုံမြို့ မြို့မရဲစခန်းသို့ အကြောင်းကြားပြီး ရဲများမှ ဒေါ်မီဂျူးအား သတ်ဖြတ်သူကို စုံစမ်းရာ သူ့သားဖြစ်သူ၏ လက်ချက်ဖြစ်ကြောင်း ကောက်ချက်ချ ဖော်ထုတ်ခဲ့ကြောင်းလည်း သိရသည်။

“အစကတော့ သူက ဘယ်လိုသေတယ်၊ ဘာကြောင့်သေတယ်ဆိုတာ မသိရဘူး၊ ဒဏ်ရာကလည်း ရှိနေတယ် ဆိုတော့ အသတ်ခံရတယ်လို့ပဲ ရွာသားတွေ သိကြတာ၊ ရဲတွေရောက်လာပြီး သူ့သားကိုစစ်တော့ သူသတ်ကြောင်းဝန်ခံတာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ ဒေါ်မီဂျူးသည် ဦးခေါင်းနောက်စေ့၊ နားရွက်နောက်ဖက်တွင် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများထွက်နေပြီး လည်ပင်းညှပ်ခံထားရသည့် ဒဏ်ရာများလည်းတွေ့ရကြောင်း ၎င်းက ဆိုသည်။

“အဓိက ကတော့ မူးယစ်ဆေးကြောင့်ပေါ့၊ ရာမတွေပေါတယ်၊ အခုဆို အဖေကို သားကသတ်၊ အမေကို သားကသတ်၊ မယားကို ယောက်ျားကသတ်နဲ့ အသိစိတ်တွေ ပျောက်ကုန်ကြပြီ၊ သက်ဆိုင်ရာတွေ မြန်မြန်ဖြေရှင်းပါ၊ ဒီမူးယစ်ဆေးတွေကို ရှင်းလင်းပေးပါလို့ တောင်းဆိုချင်တယ်” ဟု လွယ်လုံကျေးရွာတွင် နေထိုင်သည့် အာခါလူမျိုး အမျိုးသား တစ်ဦးက ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက် ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စုကဲ့သို့သော ဒေသများတွင် မူးယစ်ဆေးဝါးများသည် ဈေးကွက်တစ်ခုလိုရှိနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း နှိမ်နှင်းနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...