Monday, May 6, 2024

နမ့်လန် ဒေသခံ တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် ယနေ့ (နိုဝင်ဘာ ၂)ရက် ညနေ ၆နာရီဝန်းကျင်၌ အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ က နေအိမ်ထဲ အထိ သေနတ်လာ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ ညနေ ၆ နာရီဝန်းကျင် တွင် နမ့်လန်မြို့ စိန်ပန်းရပ်ကွက် သူငယ်ချင်းနေအိမ်သို့ အလည်ရောက်နေသည့် အမျိုးသား တစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ က လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

“နောက်ကျော ဖက်ကနေပြီး ပစ်တာ၊ ကျည်ဆံက အရှေ့ဘက်ထိ ဖောက်ထွက်သွားတယ်၊ တချက်တည်းပဲ၊ လာပစ်တဲ့သူတွေကလည်း အမှောင်ထဲပြေးပျောက်သွားတယ်” ဟု နမ့်လန်မြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသည့် အမျိုးသားသည် နမ့်လန်မြို့ စက်ရုံရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီးမည့်သည့်အကြောင်းကြောင့် ပစ်ခတ်ခံရသည်ကိုလည်း မသိရကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

“ဘာကြောင့်အပစ်ခံရလဲတော့ မသိရပါဘူး၊ သူငယ်ချင်းအိမ်ရောက်နေတုန်း အပစ်ခံရတာ၊ အခုတော့ လားရှိုးဆေးရုံကို ပို့ထားတယ်” ဟု ၎င်းကပြောသည်။

နမ့်လန်မြို့အတွင်းတွင် ပြီးခဲ့သည့် လပိုင်းကလည်း အရပ်သားပြည်သူများ ယခုလို လုပ်ကြံပတ် ခတ်ခံရခြင်း နှင့် တချို့က အသက်သေဆုံးရသည်အထိ သိရသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ရောဂါပျံ့နှံ့ကူးစက်မှု များအကြား ပြည်သူများက စိုးရိမ်ထိတ်လန့် စွာနှင့် လုံခြုံမှုကင်းမဲ့သလို ခံစားနေကြောင်းလည်း ဒေသခံများကပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article