Wednesday, January 28, 2026

နမ့်ခမ်းမြို့ ယခုရက်ပိုင်း ဒေသခံ (၂)ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် (၄)ရက်အတွင်း အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ မှ ဒေသခံ(၂)ဦးကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့ တွင် နိုဝင်ဘာ (၁)ရက်နေ့က အသက် (၃၄)နှစ် အရွယ်ရှိ နန်းမွေလျန်းနွံကို ၎င်း၏ နေအိမ်ရှေ့တွင် အမည်မသိလက်နက်ကိုင် (၂)ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာရရှိကာ နမ့်ခမ်းဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်းသိရသည်။

“အဲ့ ည သူအပြင်ခဏသွားတာ။ အိမ်ပြန်လာတော့ အိမ်ရှေ့မှာပဲ သေနတ်ပစ်ခံလိုက်ရတာ။ လာပစ်တဲ့သူက ဆိုင်ကယ်စီးပြီးလာတာ။ လူ (၂)ယောက်ပါတယ်။ သူ့ လည်ပင်နဲ့ ပခုံးမှာ သေနတ်ထိသွားတယ်။ ဆေးရုံခေါ်သွားတယ်” ဟု နန်မွေလျန်းနွံနှင့် နီးစပ်သူက ပြောသည်။

ထိုနည်းတူ နမ့်ခမ်းမြို့ တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်၌ အသက် (၄၁)နှစ် အရွယ်ရှိ စိုင်းအိုက်ခမ်း ကိုလည်း အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ၎င်း၏ နေအိမ်ခြံဝန်းထဲတွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

“သူ့ ခြံဝန်းထဲမှာဘဲ အပြင်ကနေ ပစ်လိုက်တာ။ သူ့ကို ဘယ်နားထိလည်းတော့ မသိဘူး။ သူ့ကို လာပစ်တဲ့ချိန်မှာ အထဲမှာ ကလေးကော၊ လူအိုတွေကော ရှိနေတယ်။ အခုတော့ စိုင်းအိုက်ခမ်းကို လားရှိုးဆေးရုံ ပို့ထားလိုက်ပြီ” ဟု နမ့်ခမ်းမြို့ ဒေသခံတဦးက ပြောသည်။

လက်ရှိအချိန်ထိ လာရောက်ပစ်ခတ်ခဲ့သည့် အမည်မသိ လက်နက်ကိုင် (၂)ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ထိုသို့ နမ့်ခမ်းမြို့တွင် ပစ်ခတ်မှု တနေ့ထက်တနေ့ များလာသောကြောင့် ဒေသခံပြည်သူများက နေအိမ်မှ အပြင်ထွက် သွားလာရန်အတွက် စိုးရိမ်စိတ်များရှိနေကြောင်း သိရသည်။

“ကျနော်တို့ နမ့်ခမ်းမြို့က ဘယ်လိုမှ မကောင်းတော့ဘူး။ လုံခြုံရေးကို မရှိတော့ဘူး။ ဘယ်သူ ဘယ်ဝါဆိုတာလည်း မသိရတော့ဘူး။ စီးပွားရေးလည်း မကောင်းတော့ဘူး။ အဲလို ပစ်သတ်တာခံရပြီးနောက် ကျနော်တို့မြို့မှာ တိတ်ဆိတ်သွားတာ။ ဘယ်သူမှအပြင်သိပ်မထွက်ရဲတော့ဘူး။ ကျနော်တို့လည်း သိပ်မထွက်ဘူး။ ကြောက်နေတယ်လေ။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

နမ်ခမ်းမြို့ နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ လှုပ်ရှားသွားလာသည့် ဒေသတခုဖြစ်ကာ လက်ရှိ နမ့်ခမ်းမြို့တွင် သေနတ်ပစ်ခံရသည့် အမျိုးသားနှင့် အမျိုးသမီး ကိစ္စနှင့် ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲချက်များလည်း ရှိနေကြသည်။

နမ့်ခမ်း ဒေသခံ (၂)ဦး သေနတ်ပစ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)မှ ပြောခွင့်ရ ဗိုလ်ကြီး စိုင်းခမ်းစံ က “ကျနော်တို့လည်း အသေးစိတ် မသိရသေးဘူး။ မြေပြင်ရဲ့ အခြေအနေကို ကောင်းကောင်း မသိရသေးဘူး၊ ဒါကြောင့် ဒီဟာနဲ့ ပတ်သက်ပြီး မဖြေပေးနိုင်သေးပါဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းဒေသခံ နန်းမွေလျန်းနွံ သေနတ်ပစ်ခံရသည့် နေရာသည် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ထိန်းချုပ်သည့်နေရာဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားပြောဆိုထားကြသည်။

ထို့ကြောင့် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန် က “အဲ့နယ်မြေက ကျယ်တယ်။ လက်နက်ကိုင်တွေကလည်း များတယ်။ ကျနော်တို့ ထိန်းချုပ်နယ်မြေဖြစ်ပေမယ့် ကျနော်တို့ အကုန် တာဝန်မယူနိုင်ဘူး။ အခုလို ပစ်ခတ်မှု ဖြစ်ပွားတာ ဘယ်တပ်ဖွဲ့ က လာလုပ်လည်း မသိဘူး။ တချို့က ကျနော်တို့ တပ်ဖွဲ့ကို အပြစ်ပုံချတယ်။ ကျနော်တို့က အဲ့အမျိုးသမီးနဲ့တောင် မသိဘူး။ ကျနော်တို့ တပ်ဖွဲ့ လုပ်တယ်လို့ ပြောတာက လုံးဝ မဟုတ်ဘူး” ဟု ဆိုသည်။

နမ့်ခမ်းမြို့နယ်အတွင်း သျှမ်းလူငယ်များ မကြာခဏ သေနတ်ပစ်ခံရပြီး၊ ထိုသေနတ်ပစ်ခတ်မှုတွင်လည်း သျှမ်းတပ် (၂)တပ် အပြန်အလှန် ပြုလုပ်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် အပြန်အလှန် စွပ်စွဲမှုပြုလုပ်ခဲ့သည်။

ထို လူငယ်များ သေနတ်ပစ်ခတ်ခံရမှုကိစ္စနှင့် ပတ်သက်ပြီး တစ်ကြိမ်တစ်ခါမျှ တရားခံ ဖမ်းဆီးရမိခြင်း၊ သေနတ်ဖြင့် ပစ်ခတ်သည့်အဖွဲ့ ကို ရှာဖွေဖော်ထုတ်ပေးနိုင်ခြင်း မရှိခဲ့ပေ။

ယခု ရက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းတွင် အမည်မသိလက်နက်ကိုင်များ ပစ်ခတ်မှုများလာပြီး ယမန်နေ့ နိုဝင်ဘာ ၂ ရက် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် လူသိများသည့် ကချင်ဈေး လမ်းဆုံတွင် ဆိုင်ကယ်စီးလာသည့် လူငယ်တဦးနှင့် နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦးတို့လည်း ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း ပစ်ခတ်၊ လုယူ၊ ခိုးယူမှုများလည်း ယခင်ထက်များပြားလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်၊ ဒဏ်ရာရသူများအတွက် MNDAA မှ ဆေးကုသစရိတ် ကျခံမည်ဟုဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် MNDAA ၏ ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

မိုင်းယောင်းမြို့ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင် သေနတ်ပစ်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့ရှိ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်သေနတ်ပစ်ခံရ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၈ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိုင်းယောင်းမြို့ ရပ်ကွက်(၈) ဟိုခိုရပ်ရှိ ဈေးအနီး ဖွင့်လှစ်ထားသည့် “ဧဝရတ်”ရွှေဆိုင်ကို အမည်မသိ သေနတ်ကိုင်ဆောင်သူ လူငယ်...