ရွှေတြိဂံဒေသ ကျားဖြန့်သမားများ အတားအဆီးမရှိ နယ်စပ်ဖြတ်ကျော် လှုပ်ရှားနေ
“တာချီလိတ်မှာ ဖမ်းဆီးမှုတွေရှိရင် လာအိုဘက်ကို ကူးသွားကြတယ်။ လာအိုဘက်မှာ ဖမ်းရင် တာချီလိတ်ဘက်ကို ပြန်ကူးလာကြတယ်” ဒီဖြစ်ရပ်ကို ပြန်ပြောပြသူကတော့ အသက် ၂၃ နှစ်အရွယ် နန်းတစ် (အမည်လွှဲ) ပါ။ နန်းတစ်ဟာ သျှမ်းပြည်အရှေ့ပိုင်း မြန်မာ-ထိုင်း-လာအို နယ်စပ်ရှိ တာချီလိတ်မြို့မှာ နေထိုင်သူဖြစ်ပြီး “ကျားဖြန့်” လို့ လူသိများတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ...
ကျေးသီး စစ်ကော်မရှင်တပ် တရုတ်ကုန်ပစ္စည်း စစ်ဆေးတင်းကြပ်၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကားများကို စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကြပ်မှုကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာကြောင်း သတင်းရရှိသည်။ ယခု ဖေဖော်ဝါရီ လဆန်းပိုင်းမှစပြီး ကျေးသီးမြို့နယ်ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များမှ ဖြတ်သန်းတင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း...
အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...
SHAN -
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့် အသံများကိုတော့ ကြားနေရသည်။ အနီးရောက်မှ ဖြတ်ကနဲ ဝင်လာသည့် လူတစ်ယောက်ကို ကျွမ်းကျင်စွာ ရှောင်လိုက်နိုင်သည်။ အားလုံးက ဒီအခြေအနေကို ကျင့်သားရနေကြပြီပဲ ဖြစ်သည်။ မနက် ၃ နာရီခန့်ကတည်းက ဈေးထဲ ရောက်နေပြီ ဖြစ်ကြသည်။ မကြာခင်...
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Chang Klan လမ်းရှိ နာမည်ကြီး အဆင့်မြင့်ဟိုတယ်တစ်ခုကို ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းအမျိုးသမီး ၁ ဦးနှင့် တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိကြောင်း Chiang Mai News က ဇန်နဝါရီလ ၁၆...
လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...
လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...
ဆီဆိုင်မြို့နယ် ပြောင်းစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ပြီး အကြွေးနွံနစ်နေ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းခြင်းကြောင့် နှစ်နှစ်ဆက်တိုက် အရင်းပြန်မရဘဲ အရှုံးပေါ်နေကြောင်း သတင်းရရှိသည်။
ဆန်စပါးသယ်ယူခွင့် စစ်ကော်မရှင် ကန့်သတ်ထားခြင်းကြောင့် မိုးနဲမြို့ လယ်သမားများ အခက်ကြုံ
စစ်ကော်မရှင်က ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချမှုကို ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် စပါးပေါ်ချိန်တွင် လယ်သမားများ စပါးရောင်းမထွက်ဘဲ အရှုံးပေါ်နေပြီး မိသားစု စီးပွားရေးများ အခက်အခဲ ကြုံနေရကြောင်း လယ်သမားများက ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။





