CATEGORY

ကျန်းမာရေး

ရွာငံစစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားပြီး ဆေးဝါးအကူညီများလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှ စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားပြီး ဆေးဝါးအကူညီများစွာ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် ရနဲကျေးရွာ အုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ် ၂၃ လုံးနှင့် စပါးကျီတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားလွတ်မြောက်ရေး တပ် DSNDA က...

လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် သီပေါစစ်ရှောင် မိန်းကလေးတစ်ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များထဲမှ လားရှိုးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် မိန်းကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် သီပေါမြို့စစ်ရှောင် အသက် (၁၃)...

ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း

မိုးစက်ကျသံတွေနဲ့အတူ ကလေးငယ်ရဲ့မျက်နှာကို မြင်ရဖို့အတွက် ကိုနိုင် (အမည်လွှဲ)တစ်ယောက် စိတ်တွေ ဂဏှာမငြိမ် ဖြစ်နေပါတယ်။ အချိန်က မိုးဉီးကျ ဇွန်လအစပိုင်း ဆိုတော့ မိုးစက်သံ တဖြိုက်ဖြိုက်နဲ့ အတူ ကိုနိုင်နဲ့ မစန်းစန်း (အမည်လွှဲ) က ကလေးကောင်းမွန်စွာ မွေးဖွားနိုင်ဖို့အတွက် ဝင်ငွေနည်းပါးတဲ့ကြားက တောင်ကြီးမြို့ပေါ် ပုဂ္ဂလိက ဆေးရုံတစ်ခုကို...

အမျိုးသမီးလုပ်သားများ ဓမ္မတာလာရက်ကို လုပ်အားခမဖြတ်ဘဲ နားခွင့်ပြုရန် ထိုင်းအစိုးရအတည်ပြု

ထိုင်းနိုင်ငံအတွင်းရှိ အမျိုးသမီးလုပ်သားများ ဓမ္မတာလာသည့်ရက်ကို ခွင့်ယူရာတွင် လုပ်အားခဖြတ်တောက်ခြင်းမရှိဘဲ အလုပ်နားခွင့်ပြုရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ကြေညာလိုက်သည်။ ထို့အပြင် အမျိုးသမီးများ ဓမ္မတာလာချိန် အသုံးပြုရသည့် ပစ္စည်းများ (Pads)ကို လုပ်ငန်းခွင့်အတွင်း အခမဲ့စီစဉ်ပေးထားရန်လည်း အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်များကို ညွှန်ကြားထားသည်။ နှစ်စဉ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျရောက်သော နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနေ့တွင်...

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

လားရှိုးပြည်သူ့ဆေးရုံနှင့် စစ်ကောင်စီ ဌာနဆိုင်ရာများ ရုံးလုပ်ငန်းစတင်လည်ပတ်

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများနှင့် ပြည်သူ့ဆေးရုံကြီးတို့ လုပ်ငန်းစတင်လည်ပတ်နေကြောင်း စုံစမ်းသိရသည်။ တရုတ်အကူအညီဖြင့် စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် ယမန်နေ့ (မေလ ၁ ရက်) မှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေး လဝက၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ပြည့်သူ့ဆေးရုံကြီးတို့ စတင်ဖွင့်လှစ်ပြီး...

ရွှေတူးဖော်မှုကြောင့် နမ့်ခုတ်ချောင်းရေအဆိပ်သင့် သျှမ်း/ထိုင်း ဒေသခံလူထုအတွက် အန္တရာယ်ရှိ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေအတွင်း ရွှေတူးဖော်ပြီး ဓာတုဆေးရေများ နမ့်ခုတ်ချောင်းထဲ စွန့်ပစ်သောကြောင့် ဒေသခံ သျှမ်းပြည်လူထု အပါအဝင် နမ့်ခုတ်ချောင်းတလျှောက် မှီတင်းနေထိုင်သည့် ထိုင်းနိုင်ငံ သား လူထုသိန်းဂဏန်းအတွက် အန္တရာယ်များလှသည်ဟု ပညာရှင်းများနှင့် စောင့်ကြည့်သူများ ကဆိုသည်။ ကီလိုမီတာ ၂၈၅ ရှည်လျားသည့် နမ့်ခုတ်ချောင်း တလျှောက် မှီတင်းနေထိုင်သော...

MNDAA ထိန်းချုပ်နယ်မြေ ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာ

လမ်းဘေး မီးတိုင်မှာ အမျိုးသမီး အလှပုံနဲ့ ဖုန်းနံပတ်ပါ တရုတ်စာသား ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား ချိတ်ဆွဲထားပါတယ်။ အဲ့ဒီဒေသဟာ တရုတ်ပြည် မဟုတ်ဘဲ ညီနောင်မဟာမိတ် တပ်ပေါင်းစုတွေ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ၂၀၂၄ ခုနစ် သြဂုတ်လတွင် အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တဲ့...

ခေတ်အဆက်ဆက် ဉပက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး

“မိမိကျန်းမာရေး၊ မိမိအခွင့်အရေး” ၊ “ကျန်းမာခြင်းသည် အားလုံးအတွက်” ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်တွေဟာ တောင်ပေါ်ဒေသအတွက်တော့ ယနေ့ထိတိုင် အသုံးမဝင်သေးပါဘူး။ “လူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်”ဆိုတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်လည်း တောင်ပေါ်ဒေသတိုင်းရင်းသားတွေ အတွက်က ဘယ်အစိုးရ၊ ဘယ်အာဏာပိုင်တက်တက် ဆုံးရှုံးရတဲ့ အခွင့်အရေး တရပ်ပါပဲ။ မိုးရာသီအချိန်မှာ...

နမ့်ခမ်း TNLA မှ ဆေးဆိုင်ဆေးခန်းများကို အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲဖြစ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးဆိုင်ဆေးခန်းများကို TNLA မှ အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းနှင့် ဆေးပစ္စည်းဆိုင်များကို အခွန်ကောက်ခံခဲ့ရာ...

Latest news