ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း

မိုးစက်ကျသံတွေနဲ့အတူ ကလေးငယ်ရဲ့မျက်နှာကို မြင်ရဖို့အတွက် ကိုနိုင် (အမည်လွှဲ)တစ်ယောက် စိတ်တွေ ဂဏှာမငြိမ် ဖြစ်နေပါတယ်။

အချိန်က မိုးဉီးကျ ဇွန်လအစပိုင်း ဆိုတော့ မိုးစက်သံ တဖြိုက်ဖြိုက်နဲ့ အတူ ကိုနိုင်နဲ့ မစန်းစန်း (အမည်လွှဲ) က ကလေးကောင်းမွန်စွာ မွေးဖွားနိုင်ဖို့အတွက် ဝင်ငွေနည်းပါးတဲ့ကြားက တောင်ကြီးမြို့ပေါ် ပုဂ္ဂလိက ဆေးရုံတစ်ခုကို ရွေးချယ်လိုက်ကြပါတယ်။

အခုမွေးဖွားမယ့်ကလေးက သူတို့နှစ်ယောက်အတွက် သမီးဦး၊ သားဉီး မဟုတ်ပါဘူး၊ စတုတ္ထမြောက်ကလေး ဖြစ်ပါတယ်။

ကိုနိုင်နဲ့ မစန်းစန်းတို့က ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဘုရားတောင်ကျေးရွာ ဇာတိတွင် နေထိုင်ပြီး သားသမီး ၃ ဉီးကို ၎င်းဒေသတွင်သာ ကောင်းမွန်စွာ မွေးဖွားခဲ့ကာ နေ့စားအလုပ်အကိုင်ဖြင့်သာ ဝမ်းရေးကို ဖြေရှင်းခဲ့ပါတယ်။

သို့ပေမယ့် ယခုနှစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာတော့ သူတို့နေထိုင်ရာ ဘုရားတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ အင်းလေးတော်လှန်ရေးတပ်ဖွဲ့ IPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီအချိန်က မစန်းစန်းမှာ ကိုယ်ဝန် ၅ လကြာ လွယ်ထားရပြီဖြစ်ပြီး၊ တိုက်ပွဲကြား ကလေး သုံးဦးနဲ့အတူ ၎င်းနေထိုင်ရာ ဘုရားတောင်ကျေးရွာကနေ ၆၁ မိုင်ဝေကွာတဲ့ နန်းပန်ကျေးရွာကို မိသားစုတွေနဲ့အတူ စက်လှေနဲ့ စစ်ဘေးရှောင်ခဲ့ကြပါတယ်။

စစ်ဘေးရှောင်အချိန်မှာလည်း ကလေးမီးဖွားစရိတ်နဲ့ မိသားစုဝမ်းရေးကို နေ့စားအဖြစ် ခြံလုပ်ကိုင်ခြင်း၊ ငါးဖမ်းပြီး ရောင်းချခြင်းတို့ လုပ်ကိုင်ပြီး ကိုနိုင်တစ်ယောက် ဝင်ငွေ ကြိုးစားရှာခဲ့ပါတယ်။

ဒါပေမယ့် လင်မယားနှစ်ဉီးဟာ ကလေးမျက်နှာကို မြင်ဖို့အတွက် အစစအရာရာ ကြိုတင်ပြင်ဆင်ခဲ့ပေမယ့် ဇွန်လ(၃)ရက်မှာတော့ ဖခင်ဖြစ်သူ ကိုနိုင်အတွက် ကံဆိုးမိုးမှောင် ကျတဲ့ရက် ဖြစ်ခဲ့ရပြန်ပါတယ်။

မနက်စောစော ကလေးမျက်နှာ မြင်ဖို့အရေး နှစ်ဉီးသား ပုဂ္ဂလိက ဆေးရုံသို့ ပျော်ရွှင်စွာ သွားပြီး၊ ကလေးမွေးဖွားပြီးပါက ကလေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ဖို့ စုဆောင်းဖို့အတွက် စိတ်ထဲကနေ ကြိုတင်ပြင်ဆင်ခဲ့ပေမယ့် ကိုနိုင်ရဲ့ စိတ်ကူးအိပ်မက်က အဲ့နေ့မှာပဲ ပျောက်ကွယ်ခဲ့ရပါတယ်။

“ကလေးမွေးဖို့ ခွဲခန်းထဲ မဝင်ခင်အထိ ကျနော်မှာ မျှော်လင့်ချက်တွေနဲ့ပေါ့။ ခွဲခန်းကနေ ထွက်လာတော့ သူက ဘာစကားမှ ပြန်မပြောနိုင်ဘူး၊ မျက်ရည်တွေပဲ ကျနေတယ်။ ကျနော်လည်း အဲ့အချိန်မှာ ငိုချင်တာကို ထိန်းနေရတယ်” လို့ ကိုနိုင်က တုန်ရီနေတဲ့ လေသံနဲ့ ပြန်ပြောပြနေပါတယ်။

တချိန်တည်းမှာလည်း ကလေးရော မိခင်ပါ အသက်ကယ်နိုင်ရန်အတွက် ပုဂ္ဂလိက ဆေးရုံကနေပြီး တောင်ကြီးမြို့ ကလေးဆေးရုံကို လွှဲပြောင်းခဲ့ပေမယ့် နှစ်ဉီးစလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ညောင်ရွှေရောက်စစ်ဘေးရှောင်များ

သို့သော် တောင်ကြီးမြို့ ကလေးဆေးရုံကို ရောက်ပြီး မိနစ်ပိုင်းအကြာမှာ မိခင် ဖြစ်သူ (မစန်းစန်း) အသက်မရှိတော့ပေ။

“မိခင်မရတော့ရင် ကလေးတော့ အသက်ရှင်မယ် ထင်ထားခဲ့တာ၊ တစ်ယောက်မဟုတ် တစ်ယောက် ရှင်နေရင် ဖြေသာမိအုံးမယ်။ အခုတော့ နှစ်ယောက်စလုံးဆိုတော့ ကျနော်ဘယ်လိုမှ ဖြည်မဆည်နိုင်ဘူး”လို့ ကိုနိုင် တစ်ယောက် ဝမ်းနည်းတဲ့ လေသံနဲ့ တီးတိုးပြောနေပါတယ်။

မစန်းစန်း သေဆုံးချိန်မှာ အသက် ၂၈ နှစ်သာရှိပြီး မည်သည့် ရောဂါအခံမှ မရှိကြောင်း အမျိုးသားဖြစ်သူ ကိုနိုင်က ပြောပါတယ်။

ဒါ့ကြောင့် ကလေးနဲ့ အမျိုးသမီး သေဆုံးမှုဟာ ပုဂ္ဂလိက ဆေးရုံရဲ့ ပေါ့ဆမှုကြောင့် ဆိုပြီး အမျိုးသားဖြစ်သူ ကိုနိုင် က ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ် ရေးတင်ခဲ့ရာ ရက်ပိုင်းမှာပဲ ပုဂ္ဂလိကဆေးရုံဘက်က ငွေကျပ် ၁၀ သိန်းနဲ့ စာပြန်ဖြုတ်ပေးရန် လာရောက် တောင်းဆိုခဲ့ပါသေးတယ်။

သို့ရာတွင် ကိုနိုင်တစ်ယောက်က “ ကျနော်က မယူဘူး။ ကလေးနဲ့ မိန်းမ အသက်ကို ငွေကြေးနဲ့ မလဲနိုင်ဘူး” လို့ ပြတ်သားစွာ ပြောလာပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံမှာ လက်နက်အားကိုးမှုဖြင့် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး နိုင်ငံ့ဝန်ထမ်း အများအပြားက “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement-CDM) တွင် တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။

မြန်မာပြည်တဝှမ်းတွင် CDM ကျန်းမာရေးဝန်ထမ်း တစ်သိန်းကျော်ရှိပြီး၊ အဲ့ထဲတွင် သျှမ်းပြည်တဝှမ်းက ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် အစိုးရ ဆေးရုံကနေ CDM ပြုလုပ်သူတွေကို ပုဂ္ဂလိက ဆေးရုံတွေက လက်မခံဘဲ ဆေးဝါးကျွမ်းကျင်မှု ခြောက်လ သင်တန်းပေးပြီး သူနာပြုအကူ ပြန်ခန့်အပ်မှုတွေ ပြုလုပ်နေကြောင်း သျှမ်းပြည် တောင်ကြီးမြို့နယ် သားဖွားဆရာမ နန်းယုက ပြောပါတယ်။

“အခုလို မီးဖွားတဲ့ မိခင်တစ်ဉီး သေတာက ကျန်းမာရေးဝန်ထမ်းတွေ ပေါ့ဆလို့ ဖြစ်တာ။ ဆေးတစ်ခုခု ထိုးတော့မယ်ဆို လူနာနဲ့ တည့် မတည့် အရင်စမ်းတယ်။ မတည့်မှန်းသိရက်နဲ့ ဒီလို ထိုးလိုက်တာမျိုး မရှိဖူးဘူး။ ကျန်းမာရေးဝန်ထမ်းကို ၆လ သင်တန်း ပေးထားတဲ့ သူနာပြုအကူကို ခေါ်သုံးနေတဲ့ပြဿနာပါပဲ ”လို့ သားဖွားဆရာမ နန်းယု က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

တောင်ကြီး ကျန်းမာရေး CDM

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ယန္တရားကြီးလည်း ပျက်ယွင်းသွားသလို တရားဥပဒေစိုးမိုးမှုလည်း ယိုယွင်းပျောက်ကွယ်သွားမှုကြောင့် ပြည်သူတွေဟာ အခက်အခဲ အကြပ်အတည်းကြား အသက်ရှင်သန်နေရသည်။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေမှာလည်း သားဆက်ခြား အသိပညာပေးမှု၊ ကိုယ်ဝန်သည် ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေဟာ အားနည်းနေကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောဆိုလိုက်ပါတယ်။

“စစ်ရှောင်တွေကို သားဆက်ခြား နည်းလမ်းတွေ အသိပညာပေးတာ လုပ်သင့်တယ်။ သူတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလာတော့ ကျန်းမာရေးဗဟုသုတ အားနည်းတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် Justice Movement for Community Innlay အဖွဲ့မှ မယုလှိုင်သင်းက ဆိုပြန်ပါတယ်။

အင်းလေးဒေသတွင် အနီးဝန်းကျင် ကျေးရွာများမှာ စစ်ဘေးရှောင်တွေ ရာနှင့်ချီ နေထိုင်ပြီး၊ အဲ့ဒီစစ်ဘေးရှောင်တွေဟာ ကိုယ်ထူကိုယ်ထ ဝမ်းရေရှာဖွေ စားသုံးနေကြသလို ကျန်းမာရေး စောင့်ရှောက်မှုလည်း လုံးဝ မရှိပေ။

စစ်ရေးပဋိပက္ခ နှစ်ရှည်လများ ကြာလာတာအမျှ လူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း လျော့လာပြီး၊ လက်ရှိမှာလည်း သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အနီးတဝိုက်မှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့နဲ့ တော်လှန်ရေးအင်းအားစုတို့က စစ်ရေးတင်းမာနေသေးကြောင်း စစ်ဘေးရှောင်ကူညီနေသည့် အမျိုးသမီးတစ်ဉီးက ပြောပါတယ်။

“ကိုယ်ဝန်သည်တွေ၊ ကလေးနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်တယ်။ စစ်ကောင်စီဘက်ကလည်း လမ်းကြောင်းတွေပိတ်တာ ကုန်တွေ စီးဆင်ဖို့အတွက် လမ်းတွေ သွားလာခက်ခဲတာ။ ဆေးဝါးဆိုရင် သယ်ယူဖို့ခက်တော့ ရေရှည်မှာ လူထုကျန်းမာရေးက ပိုခက်မယ်” လို ၎င်း အမျိုးသမီးက ဆိုပြန်ပါတယ်။

စစ်ဘေးရှောင် ကိုယ်ဝန်သည်တစ်ဉီး

စစ်အာဏာရှင် ရှိနေသရွေ့ ကိုနိုင်တို့ ဇနီးမောင်နှံနဲ့ ကလေးငယ်လို အဖြစ်မျိုးက ဆက်ပြီး ရှိနေဦးမှာဖြစ်ပြီး၊ စစ်အာဏာရှင် လက်အောက်မှာတော့ တရားမျှတမှုတွေ ရှိမှာ မဟုတ်ကြောင်းလည်း သူက ထောက်ပြပြောဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ ကလေး (၃)ယောက်နဲ့ ကိုနိုင်တစ်ယောက် ပြာယာခတ်နေကြောင်း၊ အလုပ်သွားတိုင်း ကလေးတွေကို ပြုစုစောင့်ရှောက်ပြီး အိမ်မှုကိစ္စပြုလုပ်တဲ့ မစန်းစန်းတစ်ယောက်ကို သတိရအောက်မေ့လျက်ရှိနေပါတယ်။

“အခု ကျနော် အလုပ်သွားလုပ်ရင် ကလေးတွေကို အိမ်မှာ ထားထားသွားရတာ စိတ်မဖြောင့်ဘူး။ ကျနော်ရဲ့ အမျိုးသမီးသာ မသေခဲ့ရင် ကျနော်တို့ သားအဖတွေလည်း ကောင်းကောင်းနေရတယ်” လို့ ကိုနိုင်တစ်ယောက် လက်ရှိကြုံတွေ့နေရတာကို ပြောလာပါတယ်။

အခြားမိခင်လောင်းတွေလည်း မစန်းစန်းကဲ့သို့ မဖြစ်ရန်အတွက် နေ့စဉ်နဲ့အမျှ ဆုတောင်းနေကြောင်းလည်း ကိုနိုင်က လေသံတိုးတိုးနဲ့ ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...