နိုင်ငံခြားဆေးဝါးများ ပြတ်လပ် နာတာရှည်လူနာများ အခက်တွေ့နေ

နိုင်ငံခြားကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို စစ်ကော်မရှင်က ယာယီပိတ်ပင်ထားသည်မှာ ၅ လနီးပါး ရှိလာပြီဖြစ်သဖြင့် သျှမ်းပြည်တောင်ပိုင်းတွင် အခြေခံဆေးဝါးများ ပြတ်လပ်ကာ ဈေးနှုန်းများမှာ ယခင်ထက် ၃ ဆခန့်အထိ အဆမတန် မြင့်တက်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၅ သြဂုတ်လ ဒုတိယပတ်မှစတင်၍ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် နိုင်ငံခြားမှ တင်သွင်းသည့် စားသောက်ကုန်၊ လူသုံးကုန်နှင့် ဆေးဝါးများကို နယ်စပ်ပေါက်များနှင့် ပင်လယ်ရေကြောင်းမှ တင်သွင်းခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပိတ်ပင်ထားမှုကြောင့် သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များတွင် အိန္ဒိယနိုင်ငံမှ တင်သွင်းသည့် ဆေးဝါးများ အဓိကပြတ်လပ်နေပြီး ဆီးချိုး၊ သွေးတိုးနှင့် သွေးကျဆေးကဲ့သို့ နာတာရှည်ရောဂါသည်များ အမြဲမပြတ် သောက်သုံးနေရသည့် ဆေးဝါးများ ဝယ်ယူရန် ခက်ခဲနေကြောင်း ကျေး/လက်ကျန်းမာရေး ဆရာမတစ်ဉီး က သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“ဆေးတွေကတော့ တကယ်ကို ပြတ်နေတာ။ ပြည်တွင်းဖြစ်ဆေးတွေ ရှိပေမဲ့ လူနာတွေ အဓိကအားကိုးနေရတဲ့ နိုင်ငံခြားဆေးတွေက မရှိတော့ဘူး။ အဓိက ဆီးချိုးဆေးတွေ၊ သွေးတိုးသွေးကျဆွေးတွေ ပြတ်နေတာပေါ့” ဟု ၎င်းက ပြောသည်။

နိုင်ငံခြားမှ တင်သွင်းသည့် ဆေးဝါးများ ပြတ်လပ်မှုကြောင့် ဆေးဝါးဈေးနှုန်းများမှာလည်း အဆမတန် မြင့်တက်လျက်ရှိရာ ယခင်က ၅,၀၀၀ ကျပ်သာ ပေးရသည့် အားဆေးတစ်မျိုးမှာ ယခုအခါ ၈,၀၀၀ မှ ၁၀,၀၀၀ ကျပ်အထိ ဖြစ်လာသည်။

အလားတူ ယခင်က ၁၀,၀၀၀ ကျပ် ဝန်းကျင်သာရှိသည့် ကလူးကျယ် (Glucogel) ကဲ့သို့ လိမ်းဆေးတစ်ဗူးမှာ ယခုအခါ ၃၀,၀၀၀ ကျပ်ကျော်အထိ မြင့်တက်နေကြောင်း သိရသည်။

“ဆေးဈေးတွေက ပုံမှန်ထက် တစ်ဆ၊ နှစ်ဆမက တက်နေတာ။ လိမ်းဆေးဆိုရင် အရင်က တစ်သောင်းကျော်၊ နောက်တော့ တစ်သောင်းရှစ်ထောင်၊ အခုနောက်ဆုံး တစ်ခေါက်ဝယ်တာ သုံးသောင်းကျော် ပေးလိုက်ရတယ်။ တချို့ဆေးတွေက ထုတ်မရောင်းတာရှိတယ်၊ စီးပွားရေးလုပ်ကွက်လိုမျိုးပေါ့။ တချို့က အချိန်ကောင်းမှ ထုတ်ရောင်းရင် ဈေးတက်သွားတာမျိုးပေါ့” ဟု ၎င်းက ဆိုသည်။

ထိုဆေးဝါးပြတ်လပ်မှုကြောင့် နာတာရှည်ရောဂါဖြစ်သည့် နှလုံး၊ သွေးတိုး၊ဆီးချိုရှိသူများသည် ဆေးပြတ်လပ်မှုနှင့် ဆေးစျေးနှုန်းမြင့်တက်မှုကြောင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

“ အရင်က ဆေးကို တခါဝယ်ရင် နှစ်လစာ၊ သုံးလစာ ဝယ်လို့ရတယ်။ အခုက တစ်လ တစ်ခါတောင် ဝယ်ဖို့ အဆင်မပြေတော့ဘူး။ နောက် အရင်က ကျမဝယ်နေကျ ဆေးတွေ ၄သောင်းကျပ်ပဲ အခုဆိုရင် တစ်သိန်း ရှစ်သောင်းကျပ်ထိမြင့်တက်လာတယ်။ သောက်နေကျဆေးမရလို့ ဆင်တူတာ ဝယ်သောက်နေရတယ်” ဟု နှလုံးရောဂါဖြစ်ပြီး ဆေးကို သောက်သုံးနေရသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဆေးဝါးပြတ်လပ်မှုကြောင့် ဆေးစွဲသောက်နေရသည့် လူနာများမှာ မိမိတို့ သောက်နေကျ တံဆိပ်မဟုတ်ဘဲ အာနိသင်တူသည့် အခြားဆေးဝါးများကို ပြောင်းလဲသောက်သုံးနေရသဖြင့် အကျိုးသက်ရောက်မှု အနည်းငယ် ကွားခြားနိုင်ကြောင်းလည်း ကျေး/လက် ကျန်းမာရေးဆရာမ က သတိပေးသည်။

“ဘေးထွက်ဆိုးကျိုးကတော့ ဆိုးဆိုးဝါးဝါး မရှိနိုင်ပေမဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီချင်းမတူတော့ သောက်နေကျ ဆေးနဲ့ အာနိသင် ကွားခြားမှုကတော့ အနည်းနဲ့အများ ရှိမှာပဲ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးမြို့များမှတစ်ဆင့် သျှမ်းပြည်တောင်ပိုင်းသို့ တင်ပို့သည့် ဆေးဝါးများကို ကလောနှင့် သာစည်လမ်းပိုင်းရှိ ကျွဲတပ်ဆုံ စစ်ဆေးရေဂိတ်တွင် စစ်ကော်မရှင်က တင်းကျပ်စွာ စစ်ဆေးဖမ်းခြင်းနှင့် ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေခြင်းကြောင့် ဆေးဝါးစီးဆင်းမှု လုံးဝရပ်တန့်လုနီးပါး ဖြစ်နေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

0
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

ရွာငံတွင် စစ်ကော်မရှင်က ရှောင်တခင် စလော့ဂိမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဖမ်းဆီးအရေးယူနေ

0
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်  ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံများ၏ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိလျှင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်အတွင်း အွန်လိုင်းစလော့ဂိမ်းများကို အသက် ၁၅နှစ်ဝန်းကျင်မှစပြီး အသက် ၆၀ကျော်အထိ ဂိမ်းကစားနေကြပြီး အဆိုပါဂိမ်းကြောင့် ကျေးရွာများ အတွင်း ခိုးဆိုးလုယက်ခြင်း၊ပိုင်ဆိုင်များကို ပေါင်နှံရောင်းချမှုများ ပိုမိုများလာကြောင်း ဒေသခံများက...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...