ရွာငံစစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားပြီး ဆေးဝါးအကူညီများလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှ စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားပြီး ဆေးဝါးအကူညီများစွာ လိုအပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် ရနဲကျေးရွာ အုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ် ၂၃ လုံးနှင့် စပါးကျီတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားလွတ်မြောက်ရေး တပ် DSNDA က စက်တင်ဘာလ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ ရနဲကျေးရွာအုပ်စုမှ ကျောက်တောကျေးရွာကို စစ်ကော်မရှင်က စပါးကျီအပါဝင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံ ၈၀၀ နီးပါး နီးစပ်ရာ တောတောင်ထဲသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်ဘေးတိမ်းရှောင်နေစဉ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် နေထိုင်စရာမရှိခြင်း၊ စားနပ်ရိက္ခာမလုံလောက်သည့်အပြင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ယားနာဖြစ်ပွားနေကြောင်း သိရသည်။

“စစ်ရှောင်ရတာဆိုတော့ တစ်နေရာတည်းမှာ မဟုတ်ဘူး။ ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ နေနေရတာ။ မိုးကလည်းရွာတာရယ် နေရတာ အဆင်မပြေတာနဲ့ဆို ယားနာတွေဖြစ်နေကြတာ။ဆေးက မရှိဘူး ဒီနားက လူကြီးတွေပြောတဲ့ သစ်ဥတွေလိုက်ရှာပြီး ကုနေကြတာ။စားဖို့မရှိလို့ ဆန်တစ်ဗူးကို လူငါးယောက်စာ ပြုတ်သောက်နေရတယ်။”ဟု DSNDAမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံတစ်ဦး က ပြောသည်။

ရွာငံ စစ်ဘေးရှောင် အရေပြားရောဂါ


လက်ရှိ စစ်ရှောင်များသည် အရေပြားရောဂါဖြစ်ပွားနေရပြီး အနာနှင့်ဆေးမတည့်မှုကြောင့် ပိုဆိုးလာကာ တစ်ဦးနှင့်တစ်ဦး ကူးစက်မှုများရှိလာသည်။

ထိုအရေပြားရောဂါသည် အသက် ၂ နှစ်ကလေးမှစ၍ သက်ကြီးရွယ်အိုများအထိ ကူးစက် ဖြစ်ပွားနေသည်။

ဆက်လက်ပြီး ရွာငံမြို့ပေါ်နှင့် ၆ မိုင်ခန့်သာ ကွာဝေးသည့်‌ ကျေးရွာများတွင် စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် ခြံတွင် သီးနှံများ ရိတ်သိမ်းရန်အတွက် တစ်အိမ်လျှင် လူတစ်ဦးသာ သွားရောက်ရိတ်သိမ်းရကြောင်း ဒေသခံများက ပြောသည်။

“ ခြံမှာ ပဲသီးတို့ ကွမ်းသီးတို့ သွားခူးမယ်ဆိုရင် တစ်အိမ် တစ်ယောက်ပဲ သွားရတယ်။ သွားမယ်ဆိုရင်လည်း စာတင်ရတယ်။ ထောက်ခံစာယူသွားရတယ်။ ကွမ်းသီးခြံနားက စစ်တပ်က စစ်ကြောင်းထိုးနေတာ ကိုယ်သွားတာနဲ့ဆို အဖမ်းခံရမှာလည်း ကြောက်တယ်။”ဟု ရွာငံ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် သဖန်းပင်ကျေးရွာ၊ ပါယ်ကင်းကျေးရွာ နှင့် လင်းဝေးကျေးရွာ တို့တွင်လည်း စစ်ကော်မရှင်မှ နေ့စဉ်နီးပါး စစ်ကြောင်းထိုး ဝင်ရောက်နေသောကြောင့် ဒေသခံများ အသွားအလာ သတိထားနေရကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်ကြောင်းတစ်ခါလာရင် ကား ၅ စီးကျော်တယ်။ သူတို့လာရင် ဘယ်နား သွားနေရမှန်းကို မသိဘူး။ ကြောက်လွန်းလို့ PDF တွေကိုလည်း ကြောက်ရတယ်။ ခေတ်ကာလ မကောင်းတော့ လှုပ်တောင်မလှုပ်ရဲဘူး။”ဟု အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်နှင့် PNO တပ်တို့စစ်ကြောင်းထိုးလာတိုင်း အမျိုးသား သာမက အမျိုးသမီးများကိုပါ ဖမ်ဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် အမျိုးသားများကို လူသားဒိုင်းအဖြစ် အချိန်မရွေးခေါ်ဆောင် ခြင်းတို့ ပြုလုပ်နေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီးနှစ်ဉီးနှင့် အမျိုးသား (၈)ဉီးတို့ကို ဖမ်းဆီးခဲ့ပြီး၊ စက်တင်ဘာ ၂၁ ရက်တွင်လည်း တပင်ပျော်ကျေးရွာအုပ်စုထဲသို့ ထပ်မံစစ်ကြောင်းထိုးကာ ဒေသခံ(၁၀)ဦးကို ဖမ်းဆီးခဲ့သည်။

လာမည့် ဒီဇင်ဘာလတွင် စစ်ကော်မရှင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ ထဲတွင် ရွာငံမြို့နယ် မပါဝင်သော်လည်း စစ်ကော်မရှင်တပ်က နယ်မြေရှင်းလင်းရေး နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...