Tuesday, January 27, 2026

CATEGORY

FACTCHECK

သတင်းဌာနတွေရဲ့ တင်ဆက်မှုပုံတွေကိုသုံးပြီး ကိုးကန့်တပ်ဖွဲ့က လိမ်လည်လှည့်ဖျား လူသစ်စုဆောင်းမှု ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်ဖွဲ့ MNDAA က လိမ်လည်လှည့်ဖျား လူသစ်စုဆောင်းမှုကို ပြုလုပ်နေတယ်ဆိုပြီး သတင်းဌာနတွေရဲ့ တင်ဆက်မှုပုံတွေကို သုံးကာ ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် ဟန်ငြိမ်းဦးချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး “ လူသစ်မစုပါဘူး၊ ဘာညာဆိုပြီး ကတိတွေပေး၊ တစ်ဖက်လှည့်နဲ့ လူသစ်စုနေတာ ဖြစ်ပါတယ်။ ဘယ်လူငယ်ကမှ သူတို့သူပုန်ဘဝ ထဲကိုမဝင်ချင်ကြဘူး” လို့ (မူရင်းအတိုင်း)...

မန္တလေးကို ဦးတည်တိုက်ခတ်လာသော လူမျိုးရေး အမုန်းစကားလှုံ့ဆော်မှုများ

အာဏာသိမ်းစစ်ကောင်စီ၏ အဓိက လက်နက်အဖြစ် သွေးခွဲအုပ်ချုပ်နည်းကို အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ သွေးခွဲအုပ်ချုပ်နည်းကို အာဏာရှင်အဆက်ဆက် လက်ခံကျင့်သုံးခဲ့ကြပါတယ်။ အထူးသဖြင့် အချုပ်အခြာအာဏာ သက်ရောက်မှုနည်းသည့် တိုင်းရင်းသားဒေသများတွင် ပိုမိုအသုံးပြုလေ့ရှိခဲ့ပါတယ်။ သွေးခွဲအုပ်ချုပ်နည်းထဲမှ လူမျိုးရေးဝါဒမှိုင်းသည် လည်း အာဏာရှင်အဆက်အဆက်က အဓိကလက်ကိုင်တုတ်အဖြစ်အသုံးပြုခဲ့ပါတယ်။ စစ်ကောင်စီက လည်း အာဏာသိမ်းပြီးကတည်းက အသုံးပြုလာခဲ့ပေမယ့် ၁၀၂၇...

နောင်ချိုမှာ TNLA နဲ့ PDF ပူးပေါင်းတပ်များ အလံဖြူထောင်ပြီး ဆုတ်ခွာခဲ့ရတယ်ဆိုတဲ့ သတင်းအမှား

20 August 2024 By (SHAN News+Kantarawaddy Times) ရှမ်းပြည် နောင်ချိုမြို့နယ်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အလံဖြူထောင်ပြီး ဆုတ်ခွာဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်တောင်းခဲ့တယ်ဆိုပြီး ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် KO CHIT (MDY) ချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး...

MNDAA ကလူသစ်စုဆောင်းဖို့အတွက် လားရှိုးမှာတစ်အိမ်တက်တစ်အိမ်ဆင်း အဓမ္မဖမ်းဆီးနေဆိုတဲ့ သတင်းအမှား

သျှမ်းပြည် လားရှိုးမြို့မှာတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့က လူသစ်စုဆောင်းဖို့အတွက် တစ်အိမ်တက် တစ်အိမ်ဆင်းကာ အမျိုးသမီး၊ အမျိုးသား အပါအဝင် လူကြီးနှင့် လူငယ်အမရွေး အဓမ္မဖမ်းဆီးနေတယ်ဆိုပြီး သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Ka Ka Han ချန်နယ်ကဖြန့်ချိခဲ့တာ ဖြစ်ပြီး “အခုလည်း MNDAA ဟာ လားရှိုးမှာ...

သျှမ်းမြောက်စစ်ပွဲ တရုတ်ဆန့်ကျင်တယ်ဆိုသည့်စစ်ကောင်စီဝါဒဖြန့်မှု ကွဲလွဲချက်

သျှမ်းမြောက်ဒေသကို တိုင်းရင်းသားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်မှုအပေါ် ဆန့်ကျင်ကြောင်း တရုတ်အစိုးရ အခိုင်အမာပြောဆိုလိုက်သည်ဟု စစ်ကောင်စီ သတင်းမီဒီယာများနှင့် ဝါဒဖြန့်ချယ်နယ်များက ဖြန့်ချိနေသည်။ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာဌာနတစ်ခုဖြစ်သည့် MRTV သတင်းဌာနမှ “သျှမ်းပြည်နယ် မြောက်ပိုင်းတွင် EAOs အဖွဲ့များ၏ မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း ပြောကြားခဲ့ပါတယ်” ဟု...

လားရှိုးမှာ စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးတွေကို နှိပ်စက်ဆိုတဲ့ ရုပ်သံဖိုင်အမှား

သျှမ်းပြည် လားရှိုးမြို့က နေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းခိုးယူလို့ အပြစ်ပေးခံရတဲ့ရုပ်သံဖိုင်တခုကို အသုံးပြုပြီး စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးတွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ကလူမဆန်စွာ ဖမ်းဆီးရိုက်နှိက်နေတယ်ဆိုတဲ့ရုပ်သံတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီ့သတင်းကို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် ဟန်ငြိမ်းဦးချယ်နယ်ကစတင် ဖြန့်ချိခဲ့ပြီး “လားရှိုးတွင် ငွေကြေးအဆင်မပြေမှုကြောင့် စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးတွေကို အကြမ်းဖက်တရုတ် ကိုးကန့်ခွေးမိစ္ဆာ MNDAA...

မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့်

မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့ကို တိုက်ခိုက်ဖို့လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အဖွင့်ဝင် အယောက် ၁၀၀ ကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် နေပြည်တော်ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး “MNDAA အတွက်မူဆယ်ကို တိုက်ဖို့လာသော BPLA PDF အကောင် (၁၀၀) အရှင်ဖမ်းဆီးရမိ၊ ဆောင်းခရဲ့...

ကျောက်မဲမှာ MNDAA၊ TNLA နဲ့ NUG တို့အစည်းအဝေးလုပ်နေချိန် ပေါင် (၁၀၀၀) ဗုံးကြဲချသဖြင့် ထိခိုက်သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအတု

သျှမ်းပြည် ကျောက်မဲမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ခေါင်းဆောင်၊ တအာင်းတပ်ဖွဲ့ TNLAA ရဲ့ စစ်ဦးစီးချုပ်နဲ့ NUG ကိုယ်စားလှယ်တို့ အထူးအစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီတပ်က ပေါင် (၁၀၀၀) ဗုံးနဲ့ တည့်တည့်ကြဲချလိုက်တာကြောင့် ထိခိုက်သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်ကနေ...

စစ်ကောင်စီတပ်က လားရှိုးမြို့ကို အလုံးစုံပြန်ထိန်းချုပ်နိုင်၊ ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကိုအရှင်ဖမ်းမိ သတင်းအတု

သျှမ်းပြည် လားရှိုးမြို့ကို စစ်ကောင်စီတပ်မှ အလုံးစုံပြန်ထိန်းချုပ် ထားနိုင်ခဲ့ပြီး ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကို အရှင်ဖမ်းမိထားဆိုတဲ့သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Snow Queen ချယ်နယ်ကနေ သြဂုတ် ၆ ရက် မွန်းတည့်အချိန်က ဖြန့်ချိခဲ့ပြီး လက်လွတ်လိုက်ရတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်က အလုံးစုံပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့...

နိုင်ငံခြားရုပ်အလောင်းပုံတွေသုံးပြီး MNDAA နဲ့ TNLA တပ်ဖွဲ့ဝင် အလောင်းတွေ ကောက်လို့မပြီးသေးဟု သတင်းအတုဖြန့်

ဂါဇာကမ်းမြောင်က အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ လူရုပ်အလောင်းဓာတ်ပုံကိုအသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေလို့ မပြီးသေးဟု ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က ဖြန့်ချိခဲ့ပြီး “ကိုးကန့်နဲ့ ပလောင် (တအာင်း) အလောင်းတွေကိုကောက်လို့မပြီးသေးဘူး။ AA နဲ့ ချင်းတွေက “မင်းတပ်” မှာ အလောင်းတွေ လာထားဖို့ပြင် နေပြီဆိုဘဲ။ “မတူပီ” ကိုလာတိုက်တုန်းက မင်းတို့အလောင်းတွေ ဘယ်လောက်ချန်ထားခဲ့ရတယ်ဆိုတာ မင်းတို့အသိဆုံးဖြစ်လိမ့်မယ်” လို့ (မူရင်း)​ရေးသားဖော်ပြထားပါတယ်။ အဆိုပါ သတင်းအတုကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ကျော်ရှိပြီး တခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်မှာလည်း ဖြန့်ဝေထားကြပါတယ်။ မူရင်းလင့်ခ် - https://archive.ph/Nsxkg Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ ဓာတ်ပုံကို ဖြတ်ညှပ်ကတ်လုပ်ပြီး လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတု ဖြစ်နေတာကိုတွေ့ရပါတယ်။ သတင်းအမှားဖြန့်သူတွေ ဖော်ပြထားတဲ့ စာလာအိတ်အပြာနဲ့ထုပ်ထားတဲ့ ရုပ်အလောင်းဓာတ်ပုံကို RevEye Reverse Image Search နဲ့ စစ်ဆေးကြည့်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးသွား သော ပါလက်စတိုင်းသားတွေရဲ့ ရုပ်အလောင်း ရုပ်ပုံတွေသာ ဖြစ်ပါတယ်။ ၂၀၂၄ ဧပြီ ၆ ရက်နေ့က VOA သတင်းဌာနကနေ အင်္ဂလိပ်စာဘာသာနဲ့ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ သတင်းလင့်ခ် - https://rb.gy/tr2m5t ဒေသတွင်း သတင်းဌာနနဲ့ လွတ်လပ်တဲ့ သတင်းဌာနများရဲ့ ဖော်ပြချက်အရ သျှမ်းပြည်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီးအသေအပျောက်များနေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ ဩဂုတ် ၁ ရက်နေ့က The Irrwaddy-Burmese Edition သတင်းဌာန ဖော်ပြချက်အရ "လားရှိုးမြို့ထဲမှာ ရုပ်အလောင်းတွေမကောက်နိုင်ဘဲ ဖြစ်နေ (ရုပ်/သံ)” သတင်းအပြည့်အစုံကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ လင့်ခ် - https://rb.gy/hg0do3 ၂၀၂၄ ဇူလိုင် ၃၁ ရက်နေ့က သျှမ်းသံတော်ဆင့်ကနေ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာလည်း လားရှိုးသို့ စစ်အင်အားဖြည့်လာတဲ့စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကကြားဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မူရင်းလင့်ခ် - https://shorturl.at/kJN1U သုံးသပ်ချက် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က မတူညီတဲ့နေရာက ဓာတ်ပုံတွေပို ပြုပြင် အသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေကောက်လို့ မပြီးသေးဘူးဆိုပြီး ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း မှိုင်းဝေတယ်လီဂရမ်ချယ်နယ်က ခလရ ၆၈ တပ်က သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ဗီဒီယိုကို MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတယ်ဆိုပြီး သတင်းအမှားတစ်ပုဒ်ကို Delta News Agency က စီစစ်ခဲ့ပါတယ်။ လင့်ခ့် - https://shorturl.at/7R8UY သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ်(သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Web...

Latest news