ဂျပန်ဦးနှောက်ယောင်ရောဂါ ကာကွယ်ဆေးထိုးပြီး ၆ နာရီအကြာ ပင်လောင်းမြို့ ကျောင်းသူတဦးသေဆုံး

ပင်လောင်းမြို့ ကျောင်း နှင့် ကျန်းမာရေးဌာန ပူးပေါင်းပြီး ဂျပန်ဦးနှောက်ယောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့်နေ့တွင် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း – သတ္တမတန်းကျောင်းသူ တဦးသေဆုံး သွားသည်ဟုသိရသည်။

ကျန်းမာရေးဌာနအဖွဲ့ သုံးဖွဲ့မှပူးပေါင်းပြီး ဂျပန်ဦးနှောက်ယောင်ရောဂါကာကွယ်ဆေးအား နိုဝင်ဘာ ၁၆ ရက် နေ့က ကွင်းဆင်းဆေးထိုးပေးခဲ့ရာ ဆေးထိုးပြီး ၆ နာရီအကြာတွင် သေဆုံးသွားသည့် ကလေးမှာ သတ္တမတန်းကျောင်းသူ နန်းယဉ်ယဉ်ထွေးဆိုသူဖြစ်ကြောင်းသိရသည်။

နန်းယဉ်ယဉ်ထွေးသည် ဆေးထိုးပြီးနာရီဝက်ခန့်အကြာတွင်မူးဝေလာပြီး မွန်းလွဲပိုင်းတွင် ပင်လောင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထိုမှတဆင့် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ဆက်လက်ပို့ဆောင်ကာ ဆေးကုသမှုခံယူစဉ် ညနေ ၅ နာရီကျော်တွင် သေဆုံးသွားကြောင်း ဆရာမတဦးက ဤကဲ့သို့ပြောသည်။

“နန်းယဉ်ယဉ်ထွေးကို ဆေးထိုးပေးချိန် နံနက် ၁၁ လောက်ရှိမယ်ထင်တယ်။ သူသေသွားတာက ညနေ ၅ နာရီကျော်ကျော်မှာပေါ့။ အဲဒီဆေးကြောင့်သေတယ်လို့တော့ တိကျတဲ့အဖြေတော့ မရသေးပါဘူးရှင့်။ ဘာကြောင့်သေတာလဲဆိုတာလည်း သေချာမသိရသေးပါဘူး။ ဒါပေမယ့် အဲဒီဆေးထိုးပြီး မူးတယ် ဆိုပြီးနောက် ၆ နာရီအကြာမှာ သေသွားတယ်လို့ဘဲ ပြောလို့ရပါတယ်။ ” – ဟု အမည် မဖေါ်လိုသည့် ဆရာမ တဦးက ပြောသည်။

သေဆုံးသွားသည့်နန်းယဉ်ယဉ်ထွေးမှာ ပေါင်းလောင်းရွာမှ ပင်လောင်းသို့ကျောင်းလာတက်သည့် ကျောင်းသူဖြစ်ကြောင်း ပင်လောင်းဒေသခံ စိုင်းခမ်းကပြောသည်။

တဖက်တွင်လည်း နန်းယဉ်ယဉ်ထွေး နှလုံးရောဂါအခံရှိသူဖြစ်ပြီး ဆေးထိုးချိန်တွင် ဓမ္မတာလာချိန်နှင့် တိုက်နေကြောင်း၊ ထိုအချက်များကြောင့်လည်းဖြစ်နိုင်ကြောင်း ၎င်း၏ ဆရာမများအသိုင်းအဝိုင်းကပြောဆိုပါသည်။

လက်ရှိအခြေအနေတွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ဂျပန်ဦးနှောက်ယောင်ရောဂါ ကာကွယ်ဆေးထိုးထားသည့် ကျောင်းသူ ကျောင်းသား ၈ ဦး မူးဝေနေကြောင်း၊ ပင်လောင်း အထက ၂ အဌမတန်းကျောင်းသူ မသီတာလွင် မှာလည်း စိုးရိမ်ရသည့် အခြေအနေကြောင့် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ကုသ မှုပြုနေကြောင်း ပင်လောင်းမြို့နယ် ပညာရေးမှူး မှ သျှမ်းပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ထံ လိပ်မူပေးပို့ထားသည့် စာတွင် ဖေါ်ပြထားသည်။

သို့သော် ဂျပန်ဦးနှောက်ယောင်ရောဂါကာကွယ်ဆေးနှင့်ပတ်သက်ပြီး ဗဟုသုတ အသိပညာပေးစာတွင် – ကာကွယ်ဆေးမထိုးသင့်သူများမှာ (၁)ကိုယ်ခံအားနည်းနေသူများ (၂) အဖျားတက်နေသူများ (၃)ကိုယ်ဝန်ဆောင်များ (၄) AIDS ရောဂါဝေဒနာရှင်များ (၅) ရောဂါအခံတခုခုကြောင့် ဆေးသောက်သုံးနေရသူများ စသူတို့ပါဝင်ပါသည်။

ဆေးထိုးပြီးနောက်ပိုင်း ဆေးထိုးရာ ယောင်ကိုင်းခြင်း၊ အဖျားငွေ့ငွေ့တက်ခြင်း၊ ကာကွယ်ဆေးနှင့် ဓါတ်မတည့်သော ခလေးများ မူးဝေခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ပွါးနိုင် ကြောင်းလည်းဖော်ပြထားသည်။

“ ဆေးထိုးနေရင်း မူးတာတော့ရှိတယ်။ ဒါမယ့်ခနနားပြီးတော့ သက်သာသွားတယ်။ ကျမတို့ဆီမှာတော့ သေတဲ့အထိတော့မရှိဘူး ” ဟုလည်း သျှမ်းပြည်တောင်ပိုင်းကျေးသီးဆေးရုံမှ ဆရာဝန်က ပြောသည်။

ဂျပန်ဦးနှောက်ယောင်ရောဂါသည် ပျောက်ကင်းအောင် ကုသည်နိုင်သည့်ဆေးမရှိသေးကြောင်း၊ သို့သော် မဖြစ်ပွားအောင် ကာကွယ်ဆေး ထိုးပြီး ကာကွယ်နိုင်ကြောင်း၊ အဆိုပါရောဂါ ပိုး (ဗိုင်းရပ်စ်) ကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းမှာ သေဆုံးကြောင်း၊ မသေဆုံးခဲ့ပါကလည်း ဦးနှောက် ကျုံ့သွားပြီး စဉ်းစားဉာဏ် မှတ်ဉာဏ်အထူးအားနည်းသူများ၊ ကိုယ်လက်အင်္ဂါမသန်မစွမ်းသူများ ဖြစ်သွားကြောင်း ဆရာဝန်များ ပြောပြချက်အရသိရသည်။

ဂျပန်ဦးနှောက်ယောင် ကာကွယ်ဆေးကို နိုဝင်ဘာလ ၁၃ ရက်မှ ၂၅ ရက်အထိ တကြိမ်နှင့် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၀ ရက်နေ့အထိတကြိမ် သက်ဆိုင်ရာ မြို့နယ် ရပ်ရွာ၏ ကျောင်းများတွင်ဆေးထိုးနှံပေး မည်ဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...