Saturday, April 27, 2024

ရွာငံမြို့နယ်အတွင်း ဒုတပ်ကြပ် ၁ ဦးနှင့် ဗျူစောထီး ၁ ဦး ပစ်သတ်ခံရ

Must read

သျှမ်းပြည် ရွာငံမြို့နယ် စစ်စီးကုန်းကျေးရွာ တောင်ဘက်တွင် ဒုတပ်ကြပ် ၁ ဦးနှင့် ဗျူစောထီး ၁ ဦးကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF(JPRF) က ပစ်သတ်ရှင်းလင်းခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၂၂) ရက် နံနက် ၈ နာရီဝန်းကျင်တွင် ရွာငံမြို့နယ် စစ်စီးကုန်းကျေးရွာ တောင်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ၁ ဦးနှင့် ဗျူစောထီး ၁ ဦး လှုပ်ရှားနေကြောင်း တပ်တွင်းထံမှ လျှို့ဝှက်သတင်းရရှိသဖြင့် ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF(JPRF)က သွားရောက်ပစ်သတ်ရှင်းလင်း ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အကြောင်းအရာ အသေးစိတ်ကိုတော့ ရေးသားဖော်ပြထားခြင်း မရှိပေ။

ထို့အပြင် ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေနတ် Ak-47 ၁ လက်၊ ကာဗိုင် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးနှင့် အခြားပစ္စည်းများသိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ပုံနှင့်တကွ ရေးသားဖော်ပြထားသည်။

Leave a Comments

- Advertisement -spot_img

Latest article