Saturday, April 27, 2024

စစ်ကောင်စီ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ် ကုန်စုံဆိုင် ပျက်စီး

Must read

သျှမ်းပြည် ပင်‌လောင်းမြို့နယ်တွင် စစ်ကောင်စီမှ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကုန်စုံဆိုင် (အိမ်ဆိုင်) ပျက်စီးခဲ့ရကြောင်း သိရသည်။

သျှမ်းပြည် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် မတ်လ ၂၃ ရက် ည ဆယ်နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီမှ အကြောင်းမဲ့ လက်နက်ကြီး ၅ ကြိမ်ပစ်ခတ်မှု‌ကြောင့် နန်းတုတ်ဈေးအရှေ့ဖက်တွင်ရှိ ကုန်စုံဆိုင်(အိမ်ဆိုင်) တစ်လုံး လက်နက်ကြီးထိမှန်ကာ ပျက်စီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” သူ့အိမ်ဆိုင်ကတော့ လက်နက်ကြီးတော်တော်ပျက်စီးသွားတယ်။ သိရသလောက်ကတော့ အဲ့တစ်အိမ်ပဲ။ အဲ့ဘက်တွေကြတော့ လည်း ဖုန်းလိုင်းတွေ သိမ်မရဘူး။အဲ့ဘက်တချို့ ရွာခံကလည်း ပြေးနေတာတွေရှိတယ်။”ဟု ပင်လောင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင်လည်း ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသရှိ နန်းတုတ်တောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားနေအိမ် ၆ လုံး ပျက်စီးသွားကြောင်း သိရသည်။

ထိုအပြင် မတ်လ ၂၂ ရက် ဖယ်ခုံမြို့နယ် လအိကျေးရွာရှိဆေးရုံကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံအဆောက်အဦးများ ပျက်စီးသွားသည့်အပြင် ဆေးကုသမှုခံနေသည့် အမျိုးသား ၂ ဦးသေဆုံး၊ အမျိုးသမီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article