Friday, April 26, 2024

နမ့်ခမ်းမြို့သူ နန်းမိုဟွမ် ပြန်လည်လွှတ်မြောက်ရေး ပင်လုံလူငယ်များ ဆီမီးပူဇော်ဆုတောင်းပေး

Must read

TNLA မှဖမ်းဆီးသွားသော နမ့်ခမ်းဒေသခံ နန်းမိုဟွမ် အမြန်ဆုံးပြန်လည်လွှတ်မြောက်ရေးအတွက် သျှမ်းပြည်တောင်ပိုင်း ပင်လုံဒေသခံလူငယ်များ စုပေါင်းကာ ဆီမီးထွန်းညှိပူဇော်ကာ ဆုတောင်းမှုပြုပေးခဲ့ကြောင်းသိရသည်။

Photo from Juu Size Facebook : နမ့်ခမ်းဒေသခံနန်းမိုဟွမ် အမြန်ဆုံးပြန်လည်လွှတ်မြောက်ရေးအတွက် ပင်လုံလူငယ်များစုပေါင်းကာဆီမီးပူဇော်ဆုတောင်းပေးကြပုံ

စက်တင်ဘာလ ၁၇ ရက်ညက ပင်လုံမြို့မင်္ဂလာမွေတော်ကျောင်း မြို့နာမ်စေတီတော်တွင် ဒေသခံ လူငယ် ၆၀ ခန့် စုပေါင်းကာ ဆီမီးပူဇော် ဆုတောင်းမှုပြုလုပ်ပေး ခဲ့ခြင်ဖြစ်သည်။

ဦးဆောင်လူငယ်တဦးဖြစ်သည့် ပင်လုံဒေသခံ စိုင်းဆု က – ” အောခ . . ကျနော်တို့တတ်နိုင်တာကို လုပ်ခဲ့ကြတာပါ။ နန်းမိုဟွမ် နဲ့သူ့မိသားစု နဲ့သာသက်ဆိုင်တဲ့ကိစ္စမဟုတ်ပဲ သျှမ်းပြည်သားအားလုံးအတွက် ထိပ်လန့်ဖွယ် ဖြစ်ရပ်မို့ အခုလိုတတ်နိုင်သလောက်လေး လှုပ်ရှားမှုနဲ့ အတူတကွရပ်တည်ပေးနိုင်သည့်အတွက်လည်း အတူတကွပူးပေါင်းပါဝင်တဲ့လူငယ်များအားလုံးကုိကျေးဇူးတင်ပါတယ်။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

နမ့်ခမ်းဒေသခံ နန်းမိုဟွမ်အား TNLA တအာင်းတပ်ဖွဲ့က ၂၀၁၈ သြဂုတ်လ ၁၇ ရက်နေ့က နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးသွားခဲ့ရာ ယနေ့တိုင်ပြန်မလွှတ်ပေးသေးသည့်အပြင် မိသားစုနှင့်လည်း ဆက်သွယ်ခွင့်မပေးသဖြင့် မည်သည့်နေရာတွင် ချုပ်နှောင်ထားသည် ဆိုသည့် သတင်းအစအန လည်း မကြားသိရသေးပေ။

စက်တင်ဘာလ ၁၇ ရက် ဖမ်းဆီးခံရခြင်း တစ်လပြည့်သည့် ယမန်နေ့မနက်ပိုင်းက နမ့်ခမ်းမြို့ခံများစုပေါင်းကာ အင်အား သောင်းချီ မြို့လယ်တပတ်ပတ်ကာ နန်းမိုဟွမ်အမြန်ဆုံးပြန်လည်လွှတ်မြောက်ပါစေကြောင်း စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သြဂုတ်လ ၁၇ ရက်နေ့က နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ နောင်မောဝ် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးအိမ် ဆိုင်မှ နန်းမိုဟွမ်သည် ကလေးအားထမင်းခွံ့ကျွေးနေစဉ် တအာင်းတပ်ဖွဲ့ဝင် တပ်သား ၅ ဦးက သေနတ်တေ့ချိန်ကာ ကားပေါ်ဆွဲတင်ဖမ်းဆီးသွားခဲ့သည်။ ယမန်နှစ်၂၀၁၇ က ၄င်းတို့ဆိုင်မှ ဆက်ကြေးကျပ်ငွေ ၁၁ သိန်းအားကောက်ပြီးပြန်လာသည့် တအာင်းတပ်သား ၂ ဦးလမ်းတွင် အစိုးရတပ်မှ စောင့်ပစ်ခတ်ကာ ၁ ဦးသေ တဦးဖမ်းဆီးခံရမှုမှာ- နန်းမိုဟွမ်မှ အစိုးရတပ်ထံသတင်းပေးမှုကြောင့် ဟုစွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၊ တအာင်းတပ်ဖွဲ့မှ ထုတ်ပြန်သောကြေငြာချက်တွင်ဖော်ပြထားသည်။ ၄င်းတို့သည် ၂၀၁၆ ခုနှစ်ကလည်း ဆက်ကြေးကျပ်ငွေ ၃ သိန်းအား နန်းမိုဟွမ်တို့ဆိုင်ထံမှ ကောက်ခံခဲ့ကြောင်းလည်းမိသားစုဝင်များကပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article