Friday, April 26, 2024

သီပေါမြို့နယ် နမ့်လန်မြို့မ စျေးပြန်လည်တည်ဆောက်ရေး BOSS ကုမ္မဏီ တင်ဒါအောင်

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်အုပ်စုတွင် ယမန်နှစ်ကမီးလောင်သွား သော နမ့်လန်မြို့မစျေးပြန်လည်တည်ဆောက်ရန်အတွက် နမ်လန်(မြို့မစျေး)တည်ဆောက်ခြင်း လုပ်ငန်း တင်ဒါရွေးချယ်ပွဲအခမ်းအနားတရပ်ကို နမ့်လန်ခန်းမတွင်ကျင်းပရာ Beautiful of Shan State ( BOSS ) ကုမ္မဏီက စျေးတည်ဆောက်ခွင့်တင်ဒါအနိုင်ရရှိကြောင်းသိရသည်။

တင်ဒါရွေးချယ်ခြင်းအခမ်းအနားကို နို၀င်ဘာလ ၈ ရက်နေ့က ကျင်းပရာ တင်ဒါလျှောက်တင်ထား သည့်ကုမ္မဏီများအနက် BOSS ကုမ္မဏီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ဒီနေ့ တင်ဒါရွေးချယ်နိုင်ခဲ့ပြီးတော့ သျှမ်းပြည်နယ်အစိုးရကိုတင်တယ်။ အစိုးရက အတည်ပြုပြီးမှ လူထုနဲ့ကုမ္မဏီကြားသဘောတူညီချက်တွေရယူပြီး စတင်တည်ဆောက်သွားမယ်။ ဘယ်တော့စ မလဲဆိုတာတော့အတိအကျမပြောနိုင်သေးဘူး။ ”- ဟု နမ့်လန်မှ SNLD ပါတီဥက္ကဌ စိုင်းဆာမ်လျန်းက ပြောသည်။

စျေးတည်ဆောက်ရန်အတွက် ကျပ်သိန်းပေါင်း ၈၀၀၀ မှ ၁၀၀၀၀ အထိ လျာထားကြောင်း သျှမ်းသံတော်ဆင့်အားပြောပြဖူးသည်။

ဒေသခံလူထုကိုယ်စားလှယ် ၂၈ ဦး ၊ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ၊ အစိုးရကိုယ်စားလှယ် ၂၃ ဦး စုစုပေါင်း ၅၅ ဦးအဆိုပါအခမ်းအနားသို့တက်ရောက်ခဲ့သည်။

ဆိုင်ခန်းပေါင်း ၅၀၀ ထက်မနည်းရှိသော နမ့်လန်မြို့မစျေးအား ၂၀၁၆ ခု နို၀င်ဘာလ ၆ ရက်နေ့က မီးလောင်ကျွမ်းခဲ့ရာ ကျပ်သိန်းပေါင်း ၂၀၀၀ ကျော်ခန့်ဆုံးရှုံးမှုရှိခဲ့ကြောင်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article