Friday, April 26, 2024

သျှမ်း/တောင်တွင် ယာဉ်တိုက်မှုများပြား ၂ ရက်လျှင် လူ ၁ ဦးနှုန်းသေဆုံးနေ

Must read

သျှမ်းပြည်နယ် တောင်ပိုင်း တွင် ပြီးခဲ့သည့်နှစ်အတွင်း ယာဉ်တိုက်မှုများပြားလာသည်ဖြစ်ရာ ၂ ရက်လျှင် ၁ ဦးနှုန်းသေဆုံးမှုဖြစ်သည်ကိုတွေ့ရကြောင်း သျှမ်းပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ကပြောဆိုလိုက်သည်။

မော်တော်ယာဉ် အိတ်ဇောများအား ဖျက်ဆီးသည့် အခန်းအနား

သျှမ်းပြည်တောင်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၄၆၂ မှုဖြစ်ပွားခဲ့ပြီး ရ၀၆ ဦး ဒဏ်ရာရှိခဲ့ကာ ၁၉၉ ဦးသေဆုံးခဲ့ကြောင်း အမှတ်(၁၈) ယာဉ်ထိန်းဒုရဲ တပ်ဖွဲ့ ခွဲမှူး ၊ ရဲမှူးမျိုးဇော်အောင် ကပြောသည်။

“ယာဉ်တိုက်မှုတစ်ခုကိုဆုံးဖြတ်အရေးယူတဲ့အခါမှာ ယာဉ်ကြီး/ငယ် ဆိုပြီးတော့ အမှား အမှန် သတ်မှတ် ပေးခြင်းမျိုးမဟုတ်ပဲ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မှားယွင်းတဲ့ ယာဉ်မောင်းကိုသာ အပြစ်ပေး အရေးယူ တဲ့စနစ်ကိုကျင့်သုံးနေတယ်ဆိုတာ အားလုံးသိအောင်တင်ပြချင်ပါတယ် ။ ပြီးခဲ့တဲ့ နှစ် သေဆုံးမှုနှုန်းကို ပြန်ကြည့်မယ်ဆိုရင် ပျမ်းမျှ ၂ ရက် ၁ ဦး နှုန်းသေဆုံးနေတာကိုတွေ့ရတယ်။ အသက်အပိုင်းအခြားအရ ကြည့်မယ်ဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၄၀ နှစ်ကြား ဖြစ်နေတယ်” ဟု ၄င်းကပြောသည် ။

သျှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားရေးမှူးဦးစီးဌာန စာရင်းအရ သျှမ်းပြည် နယ်တောင်ပိုင်းအတွင်း မှတ်ပုံတင် ထားသည့် ယာဉ်စီးရေ စုစုပေါင်း (၅၂၉၅၇၃) စီးရှိ ကြောင်းသိရသည် ။

“ လက်ရှိ ကျနော်တို့ သျှမ်းပြည်နယ်တောင်ပိုင်းမှာ ယာဉ်လမ်းရှင်းလင်းရေး တာဝန် ထမ်း ဆောင်နေ ရတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ၉၄ ဦးနဲ့အချိုးချမယ်ဆိုရင် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကို မော်တော်ယာဉ် ပေါင်းစုံ ၅၆၃၃ စီးခန့်ကို ထန်းသိမ်း နေရတဲ့ အနေအထားမှာရှိပါတယ် ” ဟု ရဲမှူးမျိုးဇော်အောင် ကဆက်လက်ပြောသည် ။

အမှတ် ၁၈ ယာဉ်ထိန်းဒုရဲတပ်ဖွဲ့ခွဲ (သျှမ်း-တောင်) အနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း စည်းကမ်းပျက်မော်တော် ယာဉ် ၂၉၃ စီး ၊ စည်းကမ်းပျက်မော်တော် ဆိုင်ကယ် ၄၃၂ စီး တို့ကိုစစ်ဆေးအရေးယူ ဆောင်ရွက်နိုင်ခဲ့ ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် တရားရုံးဒဏ်ငွေ ၈၂၆၀၀၀၀ ကျပ် ၊ စီမံခန့်ခွဲမှုဒဏ်ငွေ ၃၉၃၀၀၀၀ ကျပ် ပေးဆောင် စေခဲ့ကြောင်း သိရသည် ။

ဧပြီလ ၄ ရက်နေ့က တောင်ကြီးမြို့ ၊ အဝေရာမီးပုံးပျံကွင်း တွင် သျှမ်းပြည်နယ် အစိုး ရအဖွဲ့၏ လမ်းညွန် မှုဖြင့် အမှတ်(၁၈) ယာဉ်ထိန်းဒုရဲ တပ်ဖွဲ့ ခွဲ (သျှမ်း-တောင်) မှ ၂၀၁၆-၁၇ ခုနှစ် အတွင်းစည်းကမ်းပျက် မော်တော်ယာဉ် ၊ မော်တော်ဆိုင်ကယ် များမှ ဖမ်းဆီးရရှိသော စက်သံဆူညံစေသည့် မော်တော်ယာဉ် အိတ်ဇောများအား ဖျက်ဆီးသည့် အခန်းအနား ကျင်းပခဲ့သည် ။

Leave a Comments

- Advertisement -spot_img

Latest article