Tuesday, January 27, 2026

မိုင်းပေါက်ကွဲမှုကြောင့်အစိုးရတပ်ဖွဲ့ အရာရှိတဦးသေ၊ သေနတ်ပစ်ဖောက်မှုကြောင့် ရွာသားများသီပေါသို့ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးလက်အတွင်း အစိုးရစစ်ကြောင်း ဖြတ်သန်းစဉ် မိုင်းပေါက်ကွဲသဖြင့် အဆိုပါစစ်ကြောင်းသေနတ်ပစ်ဖောက်ရာ ရွာသားများ ဘုန်းကြီးကျောင်းသို့ တိမ်းရှောင် ထွက်ပြေးခိုလှုံကြရကြောင်း သိရသည်။

၀မ့်စန့်ဟန်ရွာအတွင်း အိမ်ရှင်မရှိသည့်အိမ်များအားအစိုးရစစ်တပ်မှ ၀င်ရောက်မွှေနှောက်ထားသည်ကိုတွေ့ရစဉ်

ဧပြီလ ၁ ရက်နေ့က သီပေါမြို့နယ် မိုင်းလန်းအုပ်စု ၀မ့်စန့်ဟန်ရွာအတွင်း ဖြတ်သန်းသွားသော ခမရ ၅၀၃ မှ အင်အား ရ၀ ခန့်ရှိ စစ်ကြောင်းမှာ ၄င်းတို့ဖြတ်သန်းသွားခိုက် မိုင်းပေါက်ကွဲသဖြင့် တပ်ကြပ်တဦးသေဆုံးပြီး တပ်သားတဦး ဒဏ်ရာရကြောင်းသိရသည်။

စရဖဘက်ကအပြောအရဆိုရင် သူတို့ဖမ်းမိတဲ့ နွားမှောင်ခိုကုန်သည်တယောက်က ထွက်ဆိုလို့ အဆက်လိုက်ရှာရင်း ဒီဘက်ကိုရောက်လာတာ။ ကုန်သည်တွေက သူတို့ကိုမိုင်းပြန်ထောင်တယ်လို့ပြောတယ်။ အဲဒါနဲ့ ဖမ်းလာတဲ့အဲ့ကုန်သည်ကို ဒီရွာမှာဘဲ သူတို့ပစ်သတ်လိုက်တာ။ ၀မ့်စန့်ရွာသား ၂ ယောက်ကိုလည်း သူတို့ဖမ်းပြီးချုပ်ထားတယ်။ ကျနော်တို့ ဘုန်းဘုန်း ကသွားပြီးမေတ္တာရပ်ခံမှပြန်လွှတ်ပေးတာ။ – ဟု အမည်မဖော်လို့သည့် ရွာသား တဦးက ပြောပြသည်။

၀မ့်စန့်ဟန်ရွာရှိရွာသားများအားသီပေါလွှတ်တော်အမတ်များနှင့် ကျားခေါင်းပါတီဝင်များ ရပ်ရွာအကြီးအကဲများကသွားရောက်ကြည့်ရှုအားပေးစဉ်

အဆိုပါစစ်ကြောင်းမှာ အဖက်ဖက်သို့ သေနတ်ပစ်ဖောက်ပြီး ရွာသားများ၏ နေအိမ်အတွင်းဝင်ရောက်မွှေနှောက်ရှာဖွေ ကာ ကားများ ဆိုင်ကယ်များကိုလည်းရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ရွာသားများ ဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင် နေသည်မှာ ယနေ့တိုင် အိမ်သို့မပြန်ရဲကြသေးသေးကြောင်းသိရသည်။

အခု ရွာသား ၃၀၀ ကျော်က ဆီဆုံဘုန်းကြီးကျောင်း ၊ မြို့ဘက်ကအမျိုးတွေအိမ်၊ နမ့်ယန်းရွာဘက်ကို အသီးသီး ထွက်ပြေးတိမ်းရှောင်နေတယ်။ တချို့လည်း ဟန်နားဘက်သွားနေတယ် – ပြန်မလာသေးဘူး။ အိမ်ရှင်မရှိတဲ့ အိမ်တွေ ဆိုရင် သူတို့တက်ပြီးမွှေနှောက်ထားတာတွေရှိတယ်။ ကားတွေဘာတွေပစ္စည်းတွေကို ဖျက်ဆီးတာတွေ လည်းရှိတယ်- ဟု အဆိုပါအုပ်စုမှ ဆရာတော်တပါးကမိန့်တော်မူပါသည်။

မတ်လ ၃၁ ရက်နေ့က သီပေါမြို့နယ် ၀မ့်ကုန်းဆာနှင့်ဝမ့်စမ်လောင်းရွာကြား ဟိုင်းဝေးလမ်းပေါ်တွင် နွားများတင်ဆောင် သောကားအား လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့ကြောင်းရွာသားများပြောပြချက်အရသိပါသည်။

ကားလမ်းမကြီးနှင့်နီးသောအဆိုပါ ဒေသတွင် အစိုးရတပ်မတော်က လှုပ်ရှားသွားလာပါသည်။ အဆိုပါအတွင်းပိုင်းတွင်မူ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA က လှုပ်ရှားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...

သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော်...