Saturday, April 27, 2024

မောအင်ပါယာသမိုင်းကြောင်း တောင်ကြီးမြို့တွင် ဟောပြောပွဲကျင်းပမည်

Must read

သျှမ်းပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လှုပ်ရှား နေသော အဖွဲ့ ၄ ဖွဲ့ကစုပေါင်းကာ မောအင်ပါယာသမိုင်းနှင့်ပတ်သက်သည့် စာပေဟောပြောပွဲတရပ်ယခုလနှောင်းပိုင်း တောင်ကြီးမြို့တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ဂျန္နဝါရီလ ၂၇ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတွင် ကျင်းပမည့် စာပေဟောပြောပွဲကို လူမှုရေးကောလိပ်၊ ကော်တိုင်းပညာရေးအဖွဲ့၊ သျှန်ပိုင်း သတင်းဌာနနှင့် တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ စုပေါင်းကာ ဦးဆောင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကော်တိုင်းပညာရေးအဖွဲ့မှ ဆရာမ နန်းဟျိုးဆိုင်က – သမိုင်းဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်က မျိုးဆက်သစ်လူငယ်တွေ သျှမ်းသမိုင်းသိစေချင်လို့။ မောအင်ပါယာ မတိုင်ခင်ကာလက ဘယ်လိုအခြေအနေရှိသလဲ။ မောအင်ပါယာနောက်ပိုင်း သျှမ်းပြည်နိုင်ငံရေးအခြေအနေဘယ်လိုရှိသလဲ စသဖြင့် ပါ၀င်ပါတယ်။ ဒါကြောင့် စိတ်ပါ၀င်စားတဲ့သူတွေ လာရောက်နားထောင်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်- ဟု ပြောသည်။

သျှမ်းသမိုင်းဟောပြောပွဲ Tai History Seminar ကိုသျှမ်းပညာရေးအဖွဲ့အစည်းမှ ဦးဆောင်ကာ ၅ လ တကြိမ် စာပေဟောပြောပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article