လားရှိုးတက္ကသိုလ် တည်ထောင်ခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် နှစ် ၄၀ ပြည့်အခမ်းအနားတရပ်ကို ယနေ့မနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ဂျန္နဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းက အခမ်းအနားစတင်ကျင်းပခြင်းဖြစ်ရာ စာရေးဆရာ ဦးဘုန်း (ဓါတု) နှင့် ဆရာလင်းသိုက်ညွန့်တို့မှ စာပေဟောပြောမှုရှိခဲ့ကြောင်းသိရသည်။

လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် နှစ် ၄၀ ပြည့်အခမ်းအနားပထမရက်

“ဒီနေ့တော့ စာပေဟောပြောပွဲရှိတယ်။ မုန့်စျေးတန်းတွေရှိမယ်။ စာအုပ်စာပေ စျေးရောင်းပွဲရှိတယ်။ ညကျရင် ဂီတပွဲရှိမယ်။ ဒီနေ့တော့ သူငယ်ချင်းဟောင်း မိတ်ဆွေဟောင်းတွေနဲ့တွေ့ကြဆုံကြစကားပြောကြတာပေါ့။ ”- ဟု လားရှိုးသား ကျောင်းသားဟောင်း စိုင်းလွယ်က ပြောသည်။

ဂျန္နဝါရီလ ၂၀ ရက်နေ့ စနေနေ့တွင် ဆရာဆရာမ ၁၀၀ ကျော်အား ဆရာကန်တော့ပွဲပြု လုပ်မည်ဖြစ် ကြောင်းလည်း ၄င်းကပြောသည်။

လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် နှစ် ၄၀ ပြည့်အခမ်းအနားပထမရက်

လားရှိုးတက္ကသိုလ်ကို ၁၉၇၉ ခုနှစ် က စတင်ဖွင့် လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်စဉ်က လားရှိုး ဒေသကောလိပ်ဟု သာအမည်တွင်ပြီး ထိုနောက်ပိုင်းမှ လားရှိုးကောလိပ်၊ လားရှိုးဒီဂရီကောလိပ်မှယခုလက်ရှိ လားရှိုးတက္ကသိုလ် အဆင့်အထိ တိုးမြှင့်လာခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Starlink စက်အချို့ ပိတ်ခံရမှုကြောင့် ဆက်သွယ်ရေးနှင့် သတင်းစီးဆင်းမှု ပိုခက်ခဲလာနိုင်

0
တော်လှန်ရေးနယ်မြေများတွင် စတားလင့်ခ့်( Starlink) ဂြိုလ်တု အင်တာနက်ဝန်ဆောင်မှုများကို အဓိက အားထားအသုံးပြုနေရချိန် လက်ရှိတွင် ၎င်းမူဝါဒပြောင်းလဲမှုကြောင့် စက်များ ပိတ်ခံမှုများ စတင်လာခဲ့သည်။ Starlink စက်အချို့ပိတ်ခံရမှုကြောင့် ဆက်သွယ်ရေး တော်လှန်ရေးနယ်မြေအတွင်း ဆက်သွယ်ရေးနှင့် သတင်းစီးဆင်းမှု ပိုခက်ခဲလာနိုင်ကြောင်းလည်း ပဋိပက္ခဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သူများက ပြောဆိုလုက်သည်။ SpaceX ကုမ္ပဏီသည် Starlink...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

အာဆီယံနှင့် UN ကြား တရားဝင်မှုရရှိရေး အာဏာသိမ်း သမ္မတ၏ ကစားကွက်

0
ယခု ဇူလိုင်လအတွင်း မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခင်က ၎င်းတို့ကိုယ်တိုင် ကျင့်သုံးနေခဲ့သော ကာကွယ်ရေးကို ဦးတည်သည်ဆိုသည့် အထီးကျန်မူဝါဒများမှ လက်ရှိတွင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက် စွန့်စားရသော်လည်း ပို၍ ရန်လိုသော ထိုးစစ်ဆင်မှုပုံစံအဖြစ်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို မြင်နေရသည်။ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ...