သတင်းတု
ကိုးကန့်တပ်ဖွဲ့ MNDAA က ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးထားသူများကို ပထမအသုတ်အနေဖြင့် စီရင်သတ်ဖြတ်တော့မည်ဟု သတင်းအမှားဖြန့်
ကိုးကန့်တပ်ဖွဲ့ MNDAA က ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးထားသူများကို ပထမအသုတ်အနေဖြင့် စီရင်သတ်ဖြတ်တော့မည်ဟု စစ်တပ်လော်ဘီများက သတင်းအမှားဖြန့်ချိနေသည်။ Subscriber ၅၇,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “ဘညွှန့်” ချန်နယ်မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ ဒီရက်အတောအတွင်း ပထမအသုတ်အနေနဲ့ သစ်ပစ်ကြမယ်လို့ သိရတယ်”...
သျှမ်းမြောက်တွင် MNDAA နှင့် TNLA တို့ လိုင်းဖြတ်ပြီး ပြည်သူတွေကို ဒလန်ဟုစွပ်စွဲသတ်ဖြတ် အယောက် ၅၀ ရှိဟု သတင်းအမှားဖြန့်
စစ်ကောင်စီတပ်၏ ဗုံးကြဲခံရမှုများကြောင့် အထိနာနေသည့် MNDAA နှင့် TNLA တို့သည် ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက်၍ ပြည်သူများ၊ အထူးသဖြင့် ဗမာလူမျိုးအများစုအား “ဒလန်” ဟုစွပ်စွဲကာ သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ဖြန့်ချိနေပါသည်။ Subscribers ၁၆,၀၀၀ ကျော်ရှိသည့် View of Sue ချန်နယ်မှ...
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကြီးနှင့် မန္တလေးကို တိုက်ခိုက်မယ်ဆိုပြီး MNDAA က လားရှိုးစစ်ဒေသမှူး ကျောက်မှုံဖန် မှပြောဆိုသည့် သတင်းအမှား
စစ်ကောင်စီ၏ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် MNDAA က မန္တလေးနှင့် တောင်ကြီးကို မတိုက်ခိုက်ကြောင်း ထုတ်ပြန်မှုကို ဖျက်သိမ်းပြီး ဝင်ရောက်တိုက်ခိုက်ပါက “တရုတ်ကျုးကျော်စစ်” ဟု မပြောရန် စစ်တပ်ချစ်သူများ အား MNDAA တပ်မှူးက အသိပေးပြောကြားသည်ဟု သတင်းအမှားဖြန့်ချိနေပါသည်။ Subscriber ၇,၈၀၀ ကျော်ရှိသည့် “ဖောင်းကားစားဖိုးကဲကြီး” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ...
စစ်ကောင်စီတပ် နောင်ချို မြို့မစျေးကို ဗုံးကြဲ၊ စျေးထဲရှိ TNLA တပ်ကို ဗုံးကြဲခြင်းဖြစ်သည်ဟု သတင်းအ မှားဖြန့်
သျှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့ရှိ မြို့မစျေးကို စစ်ကောင်စီတပ်က ဗုံးကြဲပြီးနောက် စျေးထဲရှိပစ္စည်း များ ခိုးယူလုယက်နေသည့် TNLA တပ်ဖွဲ့ ဝင်များကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၂၁ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၃၀၀၀၀ ကျော်ရှိသည့် နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်နယ် က...
စစ်ကောင်စီရဲ့ ကြေညာချက်တွေကို ဂရုမစိုက်တာကြောင့် ရေဘေးခံစားရလို့ လိမ်လည်ဝါဒဖြန့်
မြန်မာနိုင်ငံတဝှမ်း ရေဘေးခံစားကြရတဲ့ နေရာတွေမှာ တော်လှန်ရေးထောက်ခံသူတွေ နေထိုင်ကြတဲ့ အရပ်ဒေသအများစုဖြစ်ပြီး သာသနာ၊ ဘာသာကို စော်ကားကြတာ၊ စစ်ကောင်စီရဲ့ ကြေငြာချက်တွေကို ဂရုမစိုက်တာတွေကြောင့် အခုလိုရေးဘေးခံစားနေတယ်ဆိုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် မှိုင်းဝေချန်နယ်ကနေ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ဂျင်းသတင်းတွေ တင်နေတဲ့ Khit Thit...
နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေသေဆုံးဆိုတဲ့ သတင်းအမှား
သျှမ်းပြည် နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင် ကလေးငယ်အပါအဝင် ၁၁ ယောက်သေဆုံးတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် MMC (News) ချန်နယ်ကနေ (သြဂုတ် ၆ ရက်နေ့)မှာအချိန်ကိုက် ဖြန့်ချိခဲ့တာဖြစ်ပြီး “နမ့်ခမ်းက အကြမ်းဖက်...
နောင်ချိုမှာ TNLA နဲ့ PDF ပူးပေါင်းတပ်များ အလံဖြူထောင်ပြီး ဆုတ်ခွာခဲ့ရတယ်ဆိုတဲ့ သတင်းအမှား
20 August 2024 By (SHAN News+Kantarawaddy Times) ရှမ်းပြည် နောင်ချိုမြို့နယ်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အလံဖြူထောင်ပြီး ဆုတ်ခွာဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်တောင်းခဲ့တယ်ဆိုပြီး ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် KO CHIT (MDY) ချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး...
သျှမ်းမြောက်စစ်ပွဲ တရုတ်ဆန့်ကျင်တယ်ဆိုသည့်စစ်ကောင်စီဝါဒဖြန့်မှု ကွဲလွဲချက်
သျှမ်းမြောက်ဒေသကို တိုင်းရင်းသားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်မှုအပေါ် ဆန့်ကျင်ကြောင်း တရုတ်အစိုးရ အခိုင်အမာပြောဆိုလိုက်သည်ဟု စစ်ကောင်စီ သတင်းမီဒီယာများနှင့် ဝါဒဖြန့်ချယ်နယ်များက ဖြန့်ချိနေသည်။ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာဌာနတစ်ခုဖြစ်သည့် MRTV သတင်းဌာနမှ “သျှမ်းပြည်နယ် မြောက်ပိုင်းတွင် EAOs အဖွဲ့များ၏ မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း ပြောကြားခဲ့ပါတယ်” ဟု...
မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့်
မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့ကို တိုက်ခိုက်ဖို့လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အဖွင့်ဝင် အယောက် ၁၀၀ ကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် နေပြည်တော်ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး “MNDAA အတွက်မူဆယ်ကို တိုက်ဖို့လာသော BPLA PDF အကောင် (၁၀၀) အရှင်ဖမ်းဆီးရမိ၊ ဆောင်းခရဲ့...
စစ်ကောင်စီတပ်က လားရှိုးမြို့ကို အလုံးစုံပြန်ထိန်းချုပ်နိုင်၊ ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကိုအရှင်ဖမ်းမိ သတင်းအတု
သျှမ်းပြည် လားရှိုးမြို့ကို စစ်ကောင်စီတပ်မှ အလုံးစုံပြန်ထိန်းချုပ် ထားနိုင်ခဲ့ပြီး ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကို အရှင်ဖမ်းမိထားဆိုတဲ့သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Snow Queen ချယ်နယ်ကနေ သြဂုတ် ၆ ရက် မွန်းတည့်အချိန်က ဖြန့်ချိခဲ့ပြီး လက်လွတ်လိုက်ရတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်က အလုံးစုံပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့...





