တိုက်ပွဲ
တောင်ကြီးမြို့ တိုက်ခိုက်ခံရမည်ဟု သတင်းထွက်၊ အရပ်ဘက် ပစ်မှတ်များ ဗုံးကြဲရှင်းလင်းရန် ဒုချုပ်စိုးဝင်း အမိန့်ပေး
SHAN -
သျှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရန် စုဖွဲ့ ပြင်ဆင်နေသည့် ဆိုသည့် စစ်ထောက်လှမ်းရေး အစီရင်ခံစာကြောင့် အရပ်ဘက် စစ်ဘက် မခွဲခြားဘဲ ပစ်မှတ်အားလုံး ဗုံးကြဲ ရှင်းလင်းရန် စစ်ကောင်စီ ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူး စိုးဝင်း အမိန့်ပေးသွားသည်ဟု တပ်တွင်း သတင်းရင်းမြစ်က ယနေ့...
“၁၁၁၁ စစ်ဆင်ရေး”စတင်ပြီးနောက် စစ်ကောင်စီတပ်စခန်း (၆၅) ခု သိမ်းပိုက်နိုင်
ကရင်နီ (ကယား) ပြည်တွင် (၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် မြို့နယ်အသီးသီးရှိ စစ်ကောင်စီတပ်စခန်း (၆၅)ခုကို တော်လှန်ရေးဘက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးအသီးအသီးက ယနေ့ (မတ်လလ ၁၃) ရက်မှာ ထုတ်ပြန်ထားသည်။ ၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်မှစတင်ခဲ့သည့် (၁၁၁၁) စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီ...
ပင်လောင်းမြို့နယ် နန်းတုတ်ရွာကို စစ်ကောင်စီကလေယာဉ်ဖြင့်ဗုံးကြဲ၊ နေအိမ် ၆ လုံးပျက်စီး
သျှမ်းပြည် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသရှိ နန်းတုတ်တောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားနေအိမ် ၆ လုံး ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မတ်လ ၂၂ ရက် ညပိုင်း ၁၂ နာရီဝန်းကျင်တွင် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသရှိ နန်းတုတ်တောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က...
ပင်လောင်းတိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Danu PDF ပူးပေါင်းပါဝင်တိုက်ခိုက်နေ
သျှမ်းပြည် ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် ဓနုပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF မှပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မတော် KNDF တပ်ရင်း ၁၁ အပါအဝင် (၁၁၁၁) မိုးဗြဲ-ဖယ်ခုံမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် ဓနုပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF တပ်ရင်း ၁၀၀၃ တို့ပူးပေါင်းပြီး...
ဖယ်ခုံမြို့နယ် လအိဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဆေးရုံကို ယနေ့ (မတ်လ၂၂) ရက် နံနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ၄ ကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါဆေးရုံအဆောက်အဦးများလည်း ထိခိုက်ပျက်စီးသွားသလို လူထိခိုက်ဒဏ်မှုလည်း ရှိကြောင်းသိရသည်။ အဆိုပါ...
စစ်ကောင်စီက စစ်မှုထမ်းဟောင်း မိသားစုဝင်များကို အဓိကထား ခေါ်ယူနေတာ
သျှမ်းပြည် ကွန်ဟိန်းမြို့တွင်း ပြည်သူ့ စစ်မှုထမ်းဟောင်း မိသားစု ဝင်များကို ပြည်သူ့ စစ်မှုထမ်းရန် အဓိက ခေါ်ယူနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ကွန်ဟိန်းမြို့တွင် ပြည်သူ့ စစ်မှုထမ်းရန်ခေါ်ယူသည့် နောက်တွင် စစ်မှုထမ်းဟောင်း၏ မိသားစုဝင်များကို စစ်ကောင်စီက အဓိကထား ခေါ်ယူနေကြောင်း ကွန်ဟိန်းမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို...
ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေဆဲ
သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မတော် KNDF ၊မဟာမိတ်ပူးပေါင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်နှင့်လက်အောက်ခံ ပြည်သူ့စစ် PNA က ပင်လောင်း-ဖယ်ခုံနယ်စပ်ကို ထိုးစစ်ဆင်မှုကြောင့် မတ်လ ၁၀ ရက်ကတည်း ပင်လောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတစ်ကျော့ပြန်ဖြစ်ပွားလာပြီး လက်ရှိ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်လာနေကြောင်း ပင်လောင်းမြို့ဒေသခံများထံမှ သိရသည်။ ပင်လောင်းမြို့ တောင်ဘက်ရှိ ဆောင်းပြောင်းကျေးရွာသည် ပင်လောင်-ဖယ်ခုံ လမ်းမပေါ်တွင်တည်ရှိပြီး ပင်လောင်းမြို့နှင့်...
သျှမ်းတောင် ၂ လကြာတိုက်ပွဲ စစ်ကောင်စီတပ်က ဒရုန်းကိုပိုအသုံးပြုလာ
သျှမ်းပြည် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဝေဟင်မှ တိုက်လေယာဉ်အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ သိသိသာသာပိုလုပ်လာနေကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်အင်းအားစုတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်မှ လက်နက်ကြီး၊ ဝေဟင်မှ တိုက်လေယာဉ်နှင့် ဒရုန်းများဖြင့်...
ပင်လောင်းတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် PNA ဘက်ကထိခိုက်ကျဆုံးမှုများ
သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းနှင့်တောင်မဲသင်း တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNA ဘက်က ထိခိုက်ကျဆုံးမှု များနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသော ဆောင်းပြောင်းကျေးရွာအနီးတွင် ယမန်နေ့ (မတ်လ ၁၈ ရက်)က ပြည်သူ့တော်လှန်ရေးအင်းအားစု PDFs နှင့် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်...
ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ
သျှမ်းပြည် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျာကျေးရွာနေ အမျိုးသားတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။ ထိုအသတ်ခံရသည့်အမျိုးသားသည် ပြီးခဲ့သည့် မတ် ၁၆ရက်တွင် ပျောက်ဆုံးခဲ့ပြီး၊ ယမန်နေ့ (မတ် ၁၇)ရက် တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျာကျေးရွာရှိ မြောင်းထဲတွင် သတ်ဖြတ်ခံရသည့်အလောင်းကို ပြန်တွေ့ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦး က...






