သဘာဝဓာတ်ငွေ့ရောင်းရငွေ သုံးစွဲခွင့်မရသော်လည်း စီးပွားရေး တိုးတက်ဟု မင်းအောင်လှိုင် ကြုံးဝါး

နိုင်ငံရေးအရ အနောက်နိုင်ငံများမှ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများစွာ ပြုလုပ်ခဲ့ သဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းရငွေများ သုံးစွဲ၍ မရသော်လည်း နိုင်ငံ့စီးပွားရေး တိုးတက်အောင် လုပ်နိုင်ခဲ့သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

မင်းအောင်လှိုင်

အခက်အခဲများကြားမှ စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၃ နှစ်တာ ကာလအတွင်း ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ပြန်ဆပ်နိုင်ခဲ့ကြောင်း ယမန်နေ့ (မတ် ၂၉ ရက်) က နေပြည်တော်၌ ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေး၌ မင်းအောင်လှိုင်က ပြောဆိုသည်။

လက်ရှိ အမေရိကန် တစ်ဒေါ်လာ ၄၀၀၀ ကျပ် ဝန်းကျင်နှင့် အခေါက်ရွှေ တစ်ကျပ်သား ၄၅ သိန်း နီးပါးအထိ ရောက်ရှိနေပြီး ကျပ်ငွေ တန်ဖိုး ဇောက်ထိုး ကျဆင်းနေချိန် နေပြည်တော်၌ နိုင်ငံ့စီးပွားရေး တိုးတက်နေကြောင်း စစ်ခေါင်းဆောင်က ကြုံးဝါးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဘဏ္ဍာ ရေးနှစ်အတွင်း GDP တိုးတက်မှုရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်ခန့်မှစ၍ နိုင်ငံ့စီးပွားရေးကျဆင်း ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းချိန်မှစ၍ ယခင်အနုတ်ပြခဲ့သည့် စီးပွားရေးမှ အပေါင်းလက္ခဏာသို့ တိုးတက်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ရှင်းပြသည်။

လက်ရှိ နိုင်ငံတဝှမ်း စစ်မီးတောက်လောင်နေပြီး အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများအား တော်လှန်ရေးတပ်များက ထိန်းချုပ်ထားရာ နယ်စပ် ကုန်သွယ်မှု လုံးဝနီးပါး ရပ်ဆိုင်းနေပြီး ရန်ကုန်ဆိပ်ကမ်း အခြေပြု ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကိုသာ အားထားနေရသဖြင့် ပို့ကုန် သွင်းကုန် အကြီးအကျယ် ကျဆင်းနေကြောင်း ကုန်သည်များက ဆိုသည်။

“နယ်စပ်လိုင်းက လုံးဝနီးပါး ရပ်သလောက် ဖြစ်နေပြီ။ ရေကြောင်းကလည်း လိုင်စင်က မချပေးတော့ လုပ်ရကိုင်ရခက်တယ်။ အခုတောင် အခြေခံစားသောက်ကုန်ကအစ ပစ္စည်း တော်တော်များများ ပြတ်လာပြီ။ စီးပွားရေး တိုးတက်နေတယ် ဆိုတာ ဘာကိုကြည့်ပြောနေတာလဲ လိုက်မမီတော့ဘူး” ဟု ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ဝေဖန်ပြောဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ တိုးချဲ့ ထုတ်လုပ်ရန် စီမံကိန်းချ လုပ်နေကြောင်း မကြာခဏ ပြောဆိုသော်လည်း ယနေ့ ဆန်ကြမ်း တပြည် ကျပ် ၆၀၀၀ ကျော်၊ ကြက်ဥ တစ်လုံး ၂၅၀ ကျပ်အထိ အဆမတန် မြင့်တက်နေသည်။

ထို့အပြင် ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်နေပြီး မဖြစ်မနေလုပ်မည်ဖြစ်ပြီး မဲစာရင်း မှန်ကန်ရေး သန်းခေါင်စာရင်း ကောက်ယူနေကြောင်း၊ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းရာတွင် လက်နက်ကိုင် နည်းလမ်းဖြင့် ဆောင်ရွက်၍ မရကြောင်း မင်းအောင်လှိုင်က ပြောသည်။

သို့သော် မည်သည့်အချိန်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ကို ထည့်သွင်း ပြောဆိုခြင်း မရှိပေ။

လက်ရှိ သျှမ်းမြောက်တွင် စစ်ရပ်စဲထားသော်လည်း သျှမ်းတောင်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်၊ နှင့် ပဲခူးတိုင်း အပါအဝင် နိုင်ငံ့အနှံ့အပြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် သန်းနှင့်ချီသည့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး ထောင်ပေါင်းများစွာသော အိုးအိမ်များ ပျက်စီးနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...