သိန္နီမြို့နယ် SSPP/SSA နှင့် MNDAA တို့ အချင်းချင်း စတင်ပစ်ခတ်မှု ဖြစ်ပွား

သျှမ်းပြည် သိန္နီမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ အချင်းချင်း စတင်ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

သိန္နီမြို့နယ်

ယမန်နေ့ (မတ်လ ၂၆ ရက်) ညဦးပိုင်းမှ စတင်ပြီး သိန္နီမြို့နယ်ရှိ နမ့်စလပ်တိုက်နယ်အတွင်း သွားလာလှုပ်ရှားနေသည့် SSPP/SSA နှင့် MNDAA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် ပြန်လည်တိုက်ခိုက်နေကြောင်း သိန္နီဒေသခံများက ပြောသည်။

“နမ့်စလပ်ဘက်က SSPP စစ်ကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ ထိတွေ့မှုဖြစ်တာ။ နမ့်တုန်စုန်၊ ကောင်းကော်ရွာနား ရောက်တော့ သိမ်းထားတဲ့ နမ့်စလပ် ၅၆၇/၅၆၈ တပ်ကနေ ကိုးကန့်တပ်က SSPP ရှိတဲ့ရွာထဲ ဒရုန်းနဲ့ပစ်တယ်ပြောတယ်။ ဟိုနောင်မှာရှိတဲ့ သျှမ်းစစ်သားနဲ့ ကိုးကန့်စစ်သားတွေလည်း ရာဘာခြံထဲ ပစ်ကြတယ်”ဟု သိန္နီမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (မတ်လ ၂၆ ရက်) ညဦးပိုင်းက ဖြစ်ပွားသည့် နှစ်ဘက်ထိတွေ့တိုက်ပွဲသည် ည ၈ နာရီခန့်တွင် ငြိမ်သက်သွားခဲ့ပြီး ယနေ့ (မတ်လ ၂၇ ရက်) နံနက်ပိုင်းမှ စတင်၍ ဟိုနား‌ကျေးရွာအနီးတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း သိန္နီမြို့နယ် ဒေသခံများထံမှ သိရသည်။

“ဒီမနက်ကျတော့ ကိုးကန့်တပ်က ပန်နားရွာထဲကနေ ရှော့တိုက်ဒုန်းနဲ့ ကုန်းညောင် ရွာဟောင်းဘက်မှာ သျှမ်းတပ်တွေနေတဲ့ တောင်ကြောဘက်ကို ပစ်သွားတာ။ လောလောဆယ် ပြည်သူတွေ ကြောက်လှန့်တာတော့ ရှိတာပေါ့၊ ပြေးရတာမျိုးတော့ မရှိသေးဘူး။ သူတို့အချင်းချင်း ပစ်တာကြတော့ နှစ်ဘက်စလုံးက နယ်မြေကျွမ်းတယ်ဆိုတော့ တော်တော်လေး စိုးရိမ်ရတယ်”ဟု သိန္နီမြို့နယ်မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သိန္နီမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ သျှမ်းတပ် SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ထံသို့ ဖုန်းဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

အလားတူ ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းထံသို့ သျှမ်းသံတော်ဆင့်မှ စာပို့ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သျှမ်းမြောက်တွင် ဟိုင်ဂင် သဘောတူညီချက်အရ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် “၁၀၂၇ စစ်ဆင်ရေး” ယာယီအပစ်ရပ်ထားသော်လည်း ‘ဝ’တပ်ဖွဲ့ ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ပါဝင်သော အဖွဲ့ဝင် အချင်းချင်းအကြား စစ်ရေးပဋိပက္ခ ပွတ်တိုက်မှုများ တွေ့မြင်လာရကြောင်း ဒေသတွင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ‘ဝ’တပ်ဖွဲ့ UWSA က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကချင်လွတ်လပ်ရေးတပ် KIO/KIA၊ သျှမ်းတပ် SSPP/SSA၊ မိုင်းလားတပ်ဖွဲ့ NDAA နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည်။

“စစ်ဆင်ရေးပြီးတော့ (၇)ဖွဲ့ရှိတဲ့ သူတို့အချင်းချင်းကြားထဲမှာ နယ်မြေပိုင်စိုးမှုနဲ့ ပွတ်တိုက်မှုတွေ ဖြစ်လာတယ်။ ဒါက ပထဝီနိုင်ငံရေးအရလည်း ဖြစ်နိုင်တယ်၊ အချင်းချင်း သဘောထားကြီးစွာနဲ့ ညှိနှိုင်းဖြေရှင်းရမှာ။ ဒါပေမယ့် ဘယ်လိုပဲ ပွတ်တိုက်မှုတွေ ဖြစ်နေပါစေ၊ အစ်ကိုကြီးဖြစ်တဲ့ ‘ဝ’နဲ့ အထက်ပုဂ္ဂိုလ် တရုတ်က ရပ်ဆိုရင် ရပ်ရမှာပဲ”ဟု သျှမ်းပြည် စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

အလားတူ မတ်လ ဒုတိယပတ်အတွင်းကလည်း မန်တုံနှင့် နမ့်ခမ်းမြို့နယ်အကြားရှိ ကချင်လွတ်လပ်ရေး KIA ၏ စစ်ဆေးရေးဂိတ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်ကလည်း မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ ဒေသခံများကို ကိုးကန့်တပ်ဖွဲ့ MNDAA က အစည်းအဝေးခေါ်ယူကာ SSPP နှင့် KIA တပ်သားများကို စစ်ဝတ်စုံဖြင့် လက်နက်ကိုင်ဆောင်လာလျှင် မြို့တွင်းသို့ ဝင်ခွင့်မပြုရန် ပြောဆိုခဲ့ကြောင်း ပန်ဆိုင်းဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...