စစ်ရှောင်

သျှမ်းပြည်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ ရပ်တန့်ရန် စွမ်း တိုက်တွန်း

သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (စွမ်း) မှ တိုက်တွန်းလိုက်ကြောင်း သိရသည်။ ထို တိုက်တွန်းချက်ကို နိုဝင်ဘာလ ၂၅ ရက်တွင် ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (စွမ်း)...

ကျောက်မဲမြို့စစ်ဘေးရှောင် ၂၀၀ ကျော် အနွေးထည်နှင့် စားသောက်ကုန်များ လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်း၊ နမ့်ဆော့၊ ပြိန်းခါးနှင့် နားမွန်း ကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ဒေသခံ ၂၀၀ ကျော်တို့သည် စားသောက်ကုန်များနှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိမှာ မိုင်းတင်းတွင် စစ်ရှောင် (၆၂)ဦး၊ နမ့်ဆော့တွင် (၆၉)ဦး၊ ပြိန်းခါးတွင် (၆၂)ဦးနှင့် နားမွန်းတွင် (၃၉)ဦးရှိပြီး...

သီပေါ ချောင်းဆုံမှ စစ်ရှောင်ပြည်သူနေအိမ် လက်နက်ကြီးမှန် ပျက်စီး

သျှမ်းမြောက် သီပေါမြို့နယ် ချောင်းဆုံကျေးရွာတွင် တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် ဒေသခံ နေအိမ် လက်နက်ကြီးကျကာ ထိခိုက်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ချောင်းဆုံကျေးရွာအတွင်း နှစ်ထပ်အိမ်တစ်လုံးနှင့် ဂိုဒေါင်တစ်လုံး ပျက်စီးသွားသည့်အပြင် အချို့ နေအိမ်များလည်း လက်နက်ကျည်ထိမှန်မှုများ ရှိနေကြောင်း သိရသည်။ “အိမ်တစ်အိမ်နဲ့ ဂိုဒေါင်တစ်လုံးထိသွားတယ်၊ လက်နက်ကြီးထိသွားတဲ့ အနေအထားပါ၊ အိမ်က တော်တော်ပျက်စီးသွားတယ်၊ အိမ်ထဲက...

မိုင်းကိုင် ပန်ကေတု စစ်ရှောင်(၃၀၀)ကျော် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် (၃၂၀)ကျော် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ နေရပ်သို့ မပြန်နိုင်သေးသည့် ကုန်းလျန်းကျေးရွာက ဒေသခံများသည် ကျေးရွာအတွင်း နှစ်ဘက် စစ်ရေးတင်းမာမှု ရှိနေသောကြောင့် နေရပ်သို့ မပြန်ရဲသေးကြောင်း စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။ “စားနပ်ရိက္ခာတွေလည်း မရှိတော့ဘူး။ အလှူရှင်တွေ ရောက်မလာတာ...

စစ်ပွဲ အမြန်ရပ်စဲပြီး ဆွေးနွေးညိနှိုင်းနည်းလမ်းဖြင့် ပြဿနာကို အမြန်ဖြေရှင်းရန် လိုအပ်

စစ်ပွဲသည် ပြဿနာဖြေရှင်းသည့် နည်းလမ်းမဟုတ်ကြောင်း၊ စစ်ပွဲအမြန်ဆုံးရပ်စဲပြီး ဆွေးနွေးညှိနှိုင်းသောနည်းလမ်းဖြင့် ပြဿနာကို အမြန်ဖြေရှင်းကြရန် သျှမ်းပြည် သံဃာနှင့် ပြည်သူ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက တိုက်တွန်းလိုက်သည်။ ထိုတိုက်တွန်း တောင်းဆိုမှုကို သျှမ်းပြည် သံဃာ နှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက နိုဝင်ဘာ ၁၃ ရက်တွင်...

မိုင်းကိုင်စစ်​ရှောင် ၃၀၀ ကျော် နေရပ်မပြန်ရဲသေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ နယ် ပန်ကေတု ကျေးရွာအုပ်စုထဲတွင် လာရောက်ခိုးလှုံနေသည့် စစ်ဘေးရှောင်  ၃၀၀ ကျော်က နေရပ်ကို မပြန်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၀)တွင် တိုက်ပွဲအသံငြိမ်နေသည့် ကျေးရွာမှ စစ်ဘေးရှောင် (၁၀၅) ဦး နေရပ် ပြန်သွားခဲ့ကြသော်လည်း ကုန်လျန်းကျေးရွာ ဒေသခံ ၃၂၇...

သီပေါစစ်ရှောင် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ဒေသခံ (၃၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၇)ရက်က မြောက်ပိုင်း တပ်ပေါင်းစုနှင့် ( RCSS/SSA) တို့သည် သီပေါမြို့နယ် ဟာလျံကျေးရွာ၊ ဆွန်လုံကျေးရွာ၊ ချောင်းဆုံကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။ “ထွက်ပြေးလာတာ (၃၀၀)ကျော်ရှိနေပြီ။...

ကျောက်မဲ ဟိုင်းပုကျေးရွာထိ တပ်ပေါင်းစု ရောက်လာ ဒေသခံများ ထိတ်လန့်ထွက်ပြေး

သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းအနီးရှိ ဟိုင်းပုကျေးရွာအတွင်း ယနေ့ (နိုဝင်ဘာ ၉)ရက် မနက်ပိုင်းတွင် တပ်ပေါင်းစု အင်အား (၁၀၀)ခန့် ရောက်ရှိလာသဖြင့် ဒေသခံများ ထိတ်လန့်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ ဟိုင်းပု ကျေးရွာအတွင်း တပ်ပေါင်းစုတို့ ရောက်ရှိလာပြီးနောက် ဟိုင်းပုဒေသခံ အပါအဝင် အနီးကပ်လျက်ရွာမှ ဒေသခံများလည်း...

ဝက်ခြံ၊ ထော်လဂျီပေါ် ဖြစ်သလို နေထိုင်တဲ့ မိုင်းကိုင်စစ်ရှောင်များ

(၁) မိုင်းကိုင်မြို့ ကနေ နာရီဝက်ခန့် ဆိုင်ကယ်နဲ့ သွားပါရင် ဖြစ်သလို နေထိုင်နေရတဲ့ လူတစ်စုကို တွေ့ရမှာပါ။ ထော်လဂျီပေါ် ပလပ်စတစ် ရွက်ဖျင်တဲ နဲ့ နေတဲ့သူကနေ၊ ဝက်ခြံတဲပေါ် ပလပ်စတစ် ရွက်ဖျင်ထိုးပြီး နေတဲ့သူကနေ ပါပဲ။ အဲဒီနေရာကတော့ မိုင်းကိုင်မြို့နယ် ပန်ကေတု ကျေးရွာအတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေပါပဲ။ စစ်ရှောင်စခန်းကို...

ကျောက်မဲ စစ်ရှောင်ရာချီ စားနပ်ရိက္ခာနှင့် နေရာ အရေးပေါ် လိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၄ ရက်)က ထပ်မံရောက်ရှိလာသည့် စစ်ရှောင် ရာချီ အတွက် စားနပ်ရိက္ခာနှင့် နေရာများ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာအုပ်စုအနီး တိုင်းရင်းသား လက်နက်ကိုင်တပ်များ ဖြစ်သည့် RCSS/SSA နှင့် တပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်မှုကြောင့် ထိုဒေသရှိ...

Latest news