သီပေါ ချောင်းဆုံမှ စစ်ရှောင်ပြည်သူနေအိမ် လက်နက်ကြီးမှန် ပျက်စီး

သျှမ်းမြောက် သီပေါမြို့နယ် ချောင်းဆုံကျေးရွာတွင် တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် ဒေသခံ နေအိမ် လက်နက်ကြီးကျကာ ထိခိုက်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

ချောင်းဆုံကျေးရွာအတွင်း နှစ်ထပ်အိမ်တစ်လုံးနှင့် ဂိုဒေါင်တစ်လုံး ပျက်စီးသွားသည့်အပြင် အချို့ နေအိမ်များလည်း လက်နက်ကျည်ထိမှန်မှုများ ရှိနေကြောင်း သိရသည်။

“အိမ်တစ်အိမ်နဲ့ ဂိုဒေါင်တစ်လုံးထိသွားတယ်၊ လက်နက်ကြီးထိသွားတဲ့ အနေအထားပါ၊ အိမ်က တော်တော်ပျက်စီးသွားတယ်၊ အိမ်ထဲက လှေကားဆိုလည်း တစ်ခုလုံးကို ပျက်စီးသွားတယ်၊ အိမ်ရှင်ကတော့ အရမ်းဝမ်းနည်းပြီး ငိုနေတော့တာ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာ (၇)ရက်က သျှမ်းတပ် (၂)တပ် တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ချောင်းဆုံ၊ ဟာလျံ၊ မိုးတေ၊ ကွန်စံလိတ်၊ မန်မိုင်နှင့် ဆွန်လုံကျေးရွာဒေသခံ (၄၀၀)ကျော်တို့သည် မြို့ပေါ်ရှိ အောင်မင်္ဂလာဘိုးတော်ကျောင်းသို့ စစ်ရှောင်ထွက်ပြေးခဲ့ရပြီး နိုဝင်ဘာ (၁၄)ရက်နေ့တွင် နေရပ်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။

ချောင်းဆုံကျေးရွာ ဒေသခံတို့သည် နေရပ်ပြန်သွားသော်လည်း ၄င်းတို့ ကျေးရွာတွင် ပြန်လည်နေထိုင်ရဲခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ချောင်းဆုံဒေသခံတွေက သူတို့ရွာမှာ ပြန်မနေရဲသေးဘူး၊ လက်နက်ကိုင်တပ်တွေ စစ်ရေးတင်းမာနေသေးတော့ ဘယ်သူမှ ရွာထဲ ပြန်ပြီး မနေရဲဘူး၊ လက်နက်ကြီးကျတာရှိတယ် ကြားလို့ ခဏ ပြန်ကြည့်တာ၊ ခုက တစ်ခြားရွာတွေမှာ နေနေတာ၊ တစ်ချို့က ဆွေမျိုးအိမ်မှာ နေတယ်၊ တိုက်ပွဲကတော့ ငြိမ်နေတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ချောင်းဆုံကျေးရွာတွင် အိမ်ခြေ (၁၃)အိမ်နှင့် လူဦးရေ (၄၀)ဝန်းကျင်ခန့် ရှိနေပြီး ရေလမ်းကြောင်းကိုသာ အဓိက အားထားကာ သွားလာရသည့် ဒေသဖြစ်ကြောင်း သိရသည်။

ထိုပြည်သူများ၏ နေအိမ်၊ ဂိုဒေါင် ထိခိုက်ပျက်စီးမှုများနဲ့ပတ်သက်ပြီး နှစ်ဖက်တပ်များအနေနဲ့ တာဝန်ယူ ဖြေရှင်းပေးစေချင်ကြောင်း၊ ထို့အပြင် တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးရန် ဒေသခံတစ်ဦးက ပြောသည်။

“အိမ်တစ်အိမ်ရဲ့ တန်ဖိုးက မနည်းဘူးလေ၊ ပြည်သူတွေရဲ့ ချွေးနဲ့ ကြိုးစားပြီး ဆောက်ခဲ့ရတာ၊ လွယ်လွယ်နဲ့ ဆောက်လို့ ရတာမဟုတ်ဘူး၊ ပြည်သူတွေဘက်ကို ပြန်ကြည့်ပေးစေချင်တယ်၊ ငဲ့ညာပေးစေချင်တာပေါ့၊ နှစ်ဖက်တပ်တွေအနေနဲ့ တာဝန်ယူပြီး ဖြေရှင်းပေးစေချင်တယ်၊ နောက်ပြီး တိုက်ပွဲ အမြန်ဆုံး ရပ်တန့်ကြဖို့ ထပ်ပြီး တောင်းဆိုပါတယ်” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

သီပေါမြို့နယ်တွင် လက်နက်ကိုင်တပ်တိုက်ပွဲ ငြိမ်သွားပြီး စစ်ရှောင်များ နေရပ်ပြန်သွားသော်လည်း ကျောက်မဲမြို့နယ်တွင် စစ်ရှောင် (၁၀၀၀)ကျော်၊ မိုင်းကိုင်မြို့နယ်တွင် စစ်ရှောင် (၃၀၀)ကျော် ဆက်လက်ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...