စစ်ကော်မရှင်
ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ နေအိမ် ၃၀ ထက်မနည်း မီးရှို့ခံရ
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ စစ်ကြောင်းထိုးလာပြီး နေအိမ် (၃၀)ထက်မနည်း အကြောင်းပြချက်မရှိဘဲ မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာ ၁၃)ရက် ညနေ ၄နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်နှင့် PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ခေါင်းအီးကျေးရွာအုပ်စု ဘောရန်ကျေးရွာကို...
နမ့်ဆန်တွင် စစ်တပ် ဗုံးထပ်ကြဲ၊ မိန်းကလေးတစ်ဉီး သေဆုံးပြီး တစ်ဉီးဒဏ်ရာရ
သျှမ်းပြည် နမ့်ဆန်မြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် မိန်းကလေးတစ်ဉီး သေဆုံးကာ တစ်ဉီးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာ ၁၄ ရက်) နံနက် ၇ နာရီ ဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် အုမ်းမစွမ်ကျေးရွာကို စစ်ကော်မရှင်တပ်က...
ရွာငံမြို့နယ် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ အရပ်သားဖမ်းဆီးမှုကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်နေ
သျှမ်းပြည် ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ် မကြာခဏ စစ်ကြောင်းထိုးပြီး အရပ်သား နေအိမ်ကို မီးရှို့ခြင်း၊ အမျိုးသမီးများပါမကျန် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီးနှစ်ဉီးနှင့် အမျိုးသား (၈)ဉီးတို့ကို...
နမ့်ဆန်မြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်သတင်းရသည်။ ယနေ့ (အောက်တိုဘာလ ၁၃ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် နမ့်ဆန်မြို့နယ် ကယားကြီး ကျေရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နမ့်ဆန်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
မိုးကုတ်-မိုင်းလုံကြား စစ်ကော်မရှင်တပ် လေကြောင်းဗုံးထပ်ကြဲ၊ နေအိမ် ၄ လုံးပျက်စီး
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုင်းလုံမြို့အကြား စစ်ကော်မရှင်တပ်က လေကြောင်းဗုံးဖြင့် ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၂ ရက်) ညနေ ၅ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့် မိုင်းလုံမြို့အကြား စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး ၃...
ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...
စစ်ကော်မရှင်နှင့် ပူးပေါင်းပြီး ငွေညှစ်သည့် ရွာငံအုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဉီး ဓားထိုးသတ်ခံရ
စစ်ကော်မရှင်နှင့် ပူးပေါင်းပြီး ရွာငံမြို့နယ်ဒေသခံများထံ ငွေညှစ်သည့် တပ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် မြသိန်းတန် ကျေးရွာမှ ရွာသားတစ်ဦး ဓားထိုးအသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့တွင် ရွာငံမြို့နယ် တပ်ကုန်းကျေးရွာမှ အသက် ၄၅ ဝန်းကျင် အုပ်ချုပ်ရေးမှူးနှင့် မြသိန်းတန်ကျေးရွာမှ အသက် ၃၅...
မိုးမိတ်မြို့နယ်ထဲ လေကြောင်းဗုံးကြဲခံရပြီး ကလေး ၂ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ
သျှမ်းပြည် မိုးမိတ်မြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေ ၆ နာရီခွဲကျော်တွင်...
နမ္မတူဒေသခံ ရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်း ဆက်တိုက် ဗုံးကြဲမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၂) ရက်မှ စတင်ပြီး အောက်တိုဘာ (၇)ရက်အထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ပတ်အတွင်း...
TNLA ထိန်းချုပ် မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့ ဗုံးကြဲခံရ၊ ကလေးအပါအဝင် အရပ်သားဆယ်ချီသေဆုံး
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲရှိ မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် အရပ်သား (၁၂) ဦးထက်မနည်း သေဆုံးဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၈ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ်ထဲရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့်...






