တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်သတင်းရသည်။
ယနေ့ (အောက်တိုဘာလ ၁၃ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် နမ့်ဆန်မြို့နယ် ကယားကြီး ကျေရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နမ့်ဆန်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“နမ့်ဆန်ရဲ့ ရွာဘက်ကို ဗုံးကြဲသွားတာ။ တစ်နေရာထဲ ကြဲသွားတာတော့မဟုတ်ဘူး။ရွာထဲ နဲ့ စာသင်ကျောင်းဘက်ကို ဗုံးကြဲသွားတယ်လို့ သိထားရတယ်။ကျောင်းထဲကတော့ အထိခိုက်မရှိဘူးလို့တော့ သိထားရတယ်”ဟု နမ့်ဆန်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုအပေါ် ထိခိုက် ဒဏ်ရရှိသူများ နှင့် ပျက်စီးမှု အသေးစိတ်ကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။
ပြီးခဲ့သည့် (အောက်တိုဘာ ၁၂ ရက်) တွင်လည်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့် မိုင်းလုံမြို့အကြား စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ချုက်ခဲ့ရာ လယ်ကြီးကျေးရွာအနီး ဗုံးတစ်လုံးနှင့် ပဇီကျေးရွာအနီး ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။












Leave a Comments