Tuesday, January 27, 2026

ရွာငံမြို့နယ် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ အရပ်သားဖမ်းဆီးမှုကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်နေ

သျှမ်းပြည် ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ် မကြာခဏ စစ်ကြောင်းထိုးပြီး အရပ်သား နေအိမ်ကို မီးရှို့ခြင်း၊ အမျိုးသမီးများပါမကျန် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီးနှစ်ဉီးနှင့် အမျိုးသား (၈)ဉီးတို့ကို ဖမ်းဆီးခဲ့ပြီး၊ စက်တင်ဘာ ၂၁ ရက်တွင်လည်း တပင်ပျော်ကျေးရွာအုပ်စုထဲသို့ ထပ်မံစစ်ကြောင်းထိုးကာ ဒေသခံ(၁၀)ဦးကို ဖမ်းဆီးခဲ့သည်။

စစ်ကော်မရှင်တပ်က မကြာခဏ စစ်ကြောင်းထိုးပြီး အမျိုးသမီးများကိုပါ ဖမ်းဆီးခြင်း၊ အမျိုးသားများကို လူသားဒိုင်း အဖြစ် အချိန်မရွေး ခေါ်ဆောင်သွားခြင်းနှင့် စစ်ကော်မရှင်တပ်သားတို့သည် ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး အရပ်သားများကို မထေမဲ့မြင် လုပ်ကာ ရိုက်နှက်ခြင်းလည်း ပြုလုပ်သဖြင့် ဒေသခံများ အမြဲစိုးရိမ် ထိတ်လန့်နေရကြောင်း ရွာငံမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အမျိုးသမီးရော အမျိုးသားရော အပြင်ထွက်ရင် စိတ်ပူရတယ်။ မလုံခြုံဘူး၊ အသွားအလာ ဆင်ခြင်ရတယ်” ဟု ၎င်းဒေသခံအမျိုးသမီးက ပြောသည်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေသည့် ကျေးရွာများသည် ရွာငံမြို့ပေါ်နှင့် (၆) မိုင်ခန့်သာ ကွာဝေးသည်။

စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်နှင့် ထိပ်တိုက်မတိုးမိရန် အပြင်သွားလာသည့် အချိန်တွင်လည်း တစ်ဉီးတည်း မသွားရဲကြောင်း၊ ကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ် စစ်ကြောင်းများ ဝင်ရောက်လာမည်ကို စိုးရိမ်ပူပန်နေရကြောင်း အထက်ပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

“သူတို့ (စစ်ကော်မရှင်တပ်သား) ဘယ်အချိန် ဘယ်လို ရောက်လာမလဲ မသိတော့ အမြဲ စောင်ကြည့်နေရပြီး စိုးရိမ်နေရတာ။ ပိုဆိုးတာက ကျမက စောင့်ကြည့်ခံနေရတဲ့ အထဲ ပါတယ်။ ဘာမှ သိပ်မလှုပ်ရဲဘူး” ဟု ၎င်းရွာငံဒေသခံ အမျိုးသမီးက ဆိုပြန်သည်။

ရွာငံမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မရှိဘဲ စစ်ကော်မရှင်တပ်သည် မကြာခဏ စစ်ကြောင်းထိုးပြီး အရပ်သားများ၏ နေအိမ်ကို ပစ်မှတ်ထား မီးရှို့ဖျက်ဆီးမှုများ ရှိကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSDNA) ပြောရေးဆိုခွင့်ရှိသူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်အဖွဲ့

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးပြီး အရပ်သားနေအိမ် ၂၃ လုံးနှင့် စပါးကျီတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း DSNDA က စက်တင်ဘာ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်တပ်သည် PDF တပ်သားများ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဝင်ထွက် သွားလာမှု ပြုလုပ်နေဟု အကြောင်းပြကာ ၎င်းကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းကြောင့် ထိုဒေသအတွင်း အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း DSNDA ၏ ပြောရေးဆိုခွင့်ရှိသူ က ထပ်လောင်းပြောသည်။

“ရွာငံမှာ PDF ရှိတယ်ဆိုပြီး စစ်ကြောင်းထိုးတာ၊ မီးရှို့တာတွေ လုပ်နေကြတာ။ စစ်ရေးကတော့ အချိန်အခါပေါ် မူတည်ပြီးတော့ ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်။ ကျနော်တို့ကတော့ အဓိက ပြည်သူတွေကို စိုးရိမ်နေကြရတာပေါ့” ဟု DSNDA ၏ ပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်ကော်မရှင်တပ်က ရွာငံမြို့နယ်အတွင်း မြေပြင် ထိုးစစ်ဆင်နေပြီး ကင်းထောက်များလည်း ထားရှိနေကြောင်း DSNDA ၏ တာဝန်ရှိ ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“တိုက်ပွဲတော့ မဖြစ်ဘူး။ လက်ရှိ အချိန်ထိတော့ စစ်ကော်မရှင်ဘက်ကနေ စစ်ကြောင်းတော့ ထိုးနေတာရှိတယ်။ အခု နောက်ပိုင်းတော့ ဗုံးကြဲတာမျိုးတော့ သိပ်မရှိသေးဘူး။ ကင်းထောက်တာတွေတော့ အမြဲတမ်းလုပ်တယ်” ဟု DSNDA ၏ တာဝန်ရှိရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် ရွာငံမြို့နယ်ထဲတွင် စစ်ကော်မရှင်တပ်အပြင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးများလည်း လှုပ်ရှားနေပြီး အရပ်သားများထံ ငွေညှစ်တောင်းခံခြင်းများလည်း ရှိနေကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံမြို့နယ်တွင် ဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သွားလာလှုပ်ရှားခဲ့ပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က သွားလာလှုပ်ရှားနေသည့် နယ်မြေဖြစ်သည်။

လာမည့် ဒီဇင်ဘာလတွင် စစ်ကော်မရှင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ ထဲတွင် ရွာငံမြို့နယ် မပါဝင်သော်လည်း စစ်ကော်မရှင်တပ်က နယ်မြေရှင်းလင်းရေး နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...