ရွာငံမြို့နယ် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ အရပ်သားဖမ်းဆီးမှုကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်နေ

သျှမ်းပြည် ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ် မကြာခဏ စစ်ကြောင်းထိုးပြီး အရပ်သား နေအိမ်ကို မီးရှို့ခြင်း၊ အမျိုးသမီးများပါမကျန် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီးနှစ်ဉီးနှင့် အမျိုးသား (၈)ဉီးတို့ကို ဖမ်းဆီးခဲ့ပြီး၊ စက်တင်ဘာ ၂၁ ရက်တွင်လည်း တပင်ပျော်ကျေးရွာအုပ်စုထဲသို့ ထပ်မံစစ်ကြောင်းထိုးကာ ဒေသခံ(၁၀)ဦးကို ဖမ်းဆီးခဲ့သည်။

စစ်ကော်မရှင်တပ်က မကြာခဏ စစ်ကြောင်းထိုးပြီး အမျိုးသမီးများကိုပါ ဖမ်းဆီးခြင်း၊ အမျိုးသားများကို လူသားဒိုင်း အဖြစ် အချိန်မရွေး ခေါ်ဆောင်သွားခြင်းနှင့် စစ်ကော်မရှင်တပ်သားတို့သည် ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး အရပ်သားများကို မထေမဲ့မြင် လုပ်ကာ ရိုက်နှက်ခြင်းလည်း ပြုလုပ်သဖြင့် ဒေသခံများ အမြဲစိုးရိမ် ထိတ်လန့်နေရကြောင်း ရွာငံမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အမျိုးသမီးရော အမျိုးသားရော အပြင်ထွက်ရင် စိတ်ပူရတယ်။ မလုံခြုံဘူး၊ အသွားအလာ ဆင်ခြင်ရတယ်” ဟု ၎င်းဒေသခံအမျိုးသမီးက ပြောသည်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေသည့် ကျေးရွာများသည် ရွာငံမြို့ပေါ်နှင့် (၆) မိုင်ခန့်သာ ကွာဝေးသည်။

စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်နှင့် ထိပ်တိုက်မတိုးမိရန် အပြင်သွားလာသည့် အချိန်တွင်လည်း တစ်ဉီးတည်း မသွားရဲကြောင်း၊ ကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ် စစ်ကြောင်းများ ဝင်ရောက်လာမည်ကို စိုးရိမ်ပူပန်နေရကြောင်း အထက်ပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

“သူတို့ (စစ်ကော်မရှင်တပ်သား) ဘယ်အချိန် ဘယ်လို ရောက်လာမလဲ မသိတော့ အမြဲ စောင်ကြည့်နေရပြီး စိုးရိမ်နေရတာ။ ပိုဆိုးတာက ကျမက စောင့်ကြည့်ခံနေရတဲ့ အထဲ ပါတယ်။ ဘာမှ သိပ်မလှုပ်ရဲဘူး” ဟု ၎င်းရွာငံဒေသခံ အမျိုးသမီးက ဆိုပြန်သည်။

ရွာငံမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မရှိဘဲ စစ်ကော်မရှင်တပ်သည် မကြာခဏ စစ်ကြောင်းထိုးပြီး အရပ်သားများ၏ နေအိမ်ကို ပစ်မှတ်ထား မီးရှို့ဖျက်ဆီးမှုများ ရှိကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSDNA) ပြောရေးဆိုခွင့်ရှိသူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်အဖွဲ့

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးပြီး အရပ်သားနေအိမ် ၂၃ လုံးနှင့် စပါးကျီတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း DSNDA က စက်တင်ဘာ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်တပ်သည် PDF တပ်သားများ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဝင်ထွက် သွားလာမှု ပြုလုပ်နေဟု အကြောင်းပြကာ ၎င်းကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းကြောင့် ထိုဒေသအတွင်း အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း DSNDA ၏ ပြောရေးဆိုခွင့်ရှိသူ က ထပ်လောင်းပြောသည်။

“ရွာငံမှာ PDF ရှိတယ်ဆိုပြီး စစ်ကြောင်းထိုးတာ၊ မီးရှို့တာတွေ လုပ်နေကြတာ။ စစ်ရေးကတော့ အချိန်အခါပေါ် မူတည်ပြီးတော့ ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်။ ကျနော်တို့ကတော့ အဓိက ပြည်သူတွေကို စိုးရိမ်နေကြရတာပေါ့” ဟု DSNDA ၏ ပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်ကော်မရှင်တပ်က ရွာငံမြို့နယ်အတွင်း မြေပြင် ထိုးစစ်ဆင်နေပြီး ကင်းထောက်များလည်း ထားရှိနေကြောင်း DSNDA ၏ တာဝန်ရှိ ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“တိုက်ပွဲတော့ မဖြစ်ဘူး။ လက်ရှိ အချိန်ထိတော့ စစ်ကော်မရှင်ဘက်ကနေ စစ်ကြောင်းတော့ ထိုးနေတာရှိတယ်။ အခု နောက်ပိုင်းတော့ ဗုံးကြဲတာမျိုးတော့ သိပ်မရှိသေးဘူး။ ကင်းထောက်တာတွေတော့ အမြဲတမ်းလုပ်တယ်” ဟု DSNDA ၏ တာဝန်ရှိရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် ရွာငံမြို့နယ်ထဲတွင် စစ်ကော်မရှင်တပ်အပြင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးများလည်း လှုပ်ရှားနေပြီး အရပ်သားများထံ ငွေညှစ်တောင်းခံခြင်းများလည်း ရှိနေကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံမြို့နယ်တွင် ဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သွားလာလှုပ်ရှားခဲ့ပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က သွားလာလှုပ်ရှားနေသည့် နယ်မြေဖြစ်သည်။

လာမည့် ဒီဇင်ဘာလတွင် စစ်ကော်မရှင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ ထဲတွင် ရွာငံမြို့နယ် မပါဝင်သော်လည်း စစ်ကော်မရှင်တပ်က နယ်မြေရှင်းလင်းရေး နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...