စစ်ကော်မရှင်

သျှမ်းမြောက်မှာ “၁၀၂၇ စစ်ဆင်ရေး” ပြီးဆုံးပြီလား။

အာဏာသိမ်းစစ်အုပ်စုကို နယ်မြေအများအပြား ဆုံးရှုံးစေခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး”သည်  လက်ရှိတွင် အဖွဲ့ဝင်အချို့ စစ်ကော်မရှင် နှင့် အပစ်အခတ်ရပ်စဲကြပြီ ဖြစ်သည်။ အဆိုပါ “၁၀၂၇ စစ်ဆင်ရေး”ကြောင့် သျှမ်းပြည်မြောက်ပိုင်း နှင့် မန္တလေးတိုင်းအတွင်းရှိ မြို့ပေါင်း ၂၀ ကျော်ကို စစ်အုပ်စုထံ...

မိုးကုတ်-မိုးမိတ်ကြားတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြော

သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့မှ မိုးမိတ်မြို့ဘက်သို့ ချီတက်လာသည့် စစ်ကော်မရှင်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့ထဲသို့ စစ်ကော်မရှင်တပ်များ အင်အားထောင်နှင့်ချီ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်) ၌ မိုးမိတ်မြို့ဘက်သို့ စစ်ကော်မရှင်တပ် ဆက်လက်ထွက်ခွာသွားစဉ် KIA...

လူထုလုံခြုံရေးနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အတုအယောင် ရွေးကောက်ပွဲတစ်ခု ကျင်းပရန် ပြင်ဆင်နေသည်။ နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်နှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန်တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူလူထုအတွက် ကြီးမားသော လုံခြုံရေးအရ စိန်ခေါ်မှုတစ်ရပ်...

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

စစ်မှုထမ်းကြေး မထည့်နိုင်သူများကို PNO က ရွာကနေ နှင်ထုတ်မည် ဟုဆို

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသအတွင်းနေထိုင်သူများသည် ပအိုဝ်းပြည်သူ့စစ် (PNO)ထံ စစ်မှုထမ်းကြေး မထည့်လျှင် ကျေးရွာမှ နှင်ထုတ်မည် ဟု ဒေသခံများကို ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ပေါ်တာဆွဲခြင်း၊ အလှည့်ကျ...

တက္ကသိုလ်ကျောင်းသားများ ကြိုတင်မဲပေးလက်မှတ် မရှိလျှင် ကျောင်းတက်ခွင့်မရ

စစ်ကော်မရှင် လက်အောက်တွင် ဖွင့်လှစ်ထားသည့် တက္ကသိုလ်တက်ရောက်သည့်သူများ ကြိုတင်မဲပေး လက်မှတ်မရှိလျှင် တက်ခွင့်မရကြောင်း သတင်းရရှိသည်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပထမသုတ်၌ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နှင့် ကရင်နီပြည်မှ လွိုင်ကော်မြို့တို့ ပါဝင်သည်။ ပြီးခဲ့သည့် နိုင်ဝင်ဘာလ ပထမပတ်တွင် စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးမှ...

လားရှိုးတွင်သူခိုးဟု စွပ်စွဲခံရပြီး အသက်သေဆုံးထိ ရိုက်နှက်

စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်ထားသည့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အမျိုးသားတစ်ဉီးကို သူခိုးဟု စွပ်စွဲဖမ်းဆီး စစ်ဆေးကာ အသက်သေဆုံးထိ ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုစစ်ဆေးမှုဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်သည် ပြီးခဲ့သော နိုဝင်ဘာ ၁၆ရက် တွင် လားရှိုးမြို့တွင်း သူခိုးများသောင်းကျန်းနေသည်ဟုဆိုပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ ပူးပေါင်း ဖမ်းဆီးရာ...

ရွာငံဒေသခံများကို ရွေးကောက်ပွဲထောက်ခံပွဲ အင်အားပြရန် USDP စည်းရုံးဖိအားပေးနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင် ဦးစီးပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း အင်အားပြပွဲ ပြုလုပ်ရန် USDP ကြံ့ခိုင်ရေးပါတီဝင်များက ဒေသခံများကို လိုက်လံစည်းရုံး နေကြောင်း သတင်းရရှိသည်။

ဆန်စပါးသယ်ယူခွင့် စစ်ကော်မရှင် ကန့်သတ်ထားခြင်းကြောင့် မိုးနဲမြို့ လယ်သမားများ အခက်ကြုံ

စစ်ကော်မရှင်က ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချမှုကို ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် စပါးပေါ်ချိန်တွင် လယ်သမားများ စပါးရောင်းမထွက်ဘဲ အရှုံးပေါ်နေပြီး မိသားစု စီးပွားရေးများ အခက်အခဲ ကြုံနေရကြောင်း လယ်သမားများက ပြောသည်။

နမ့်လန် – ရပ်စောက်လမ်း စစ်ကော်မရှင်တပ်က ယာယီပိတ်ထား

သျှမ်းပြည် မြောက်ပိုင်း နမ့်လန် - ရပ်စောက် သွားသည့် ပြည်ထောင်စုလမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်ထားကြောင်းသတင်းရရှိသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) မနက်ပိုင်းမှစပြီး နမ့်လန်မြို့ မှ ရပ်စောက်သွားသည့်လမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်လိုက်ကြောင်း နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။ “နမ့်လန်...

Latest news