ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားရန် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမိုထည့်သွင်းအသုံးပြုလာ

ပြည်သူလူထု စိတ်ဝင်စားမှုမရှိသည့် စစ်ကော်မရှင် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အသီးသီးက အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို အမည်စာရင်း ထည့်သွင်း၍ ပိုမိုအသုံးပြုလာကြကြောင်း သိရသည်။

စစ်အုပ်စု ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမှုမှာ ယခင် ရွေးကောက်ပွဲများထက် ပိုမိုပါဝင်လာသည်ကို တွေ့ရသည်။

အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းသူ ပြည်သူ့လွှတ်တော်၌ ၃၀၉ ဦး၊ အမျိုးသားလွှတ်တော်၌ ၁၉၀ ဦးနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၌ ၇၀၄ ဦးအထိ ရှိခဲ့သည်။

စစ်အုပ်စုက ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ပြောကြားချက်အရ အဆိုပါ အမည်စာရင်း တင်သွင်းသူများအနက် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြု ကြေညာထားသည့် အရေအတွက်မှာ အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁၁၈၃) ဦး ရှိပြီး အမျိုးသား ကိုယ်စားလှယ်လောင်း (၃၇၅၂) ဦး ရှိသည်ဟု ဆိုသည်။

စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံရန် လူမရှိသည့်အတွက် အမျိုးသမီးများကို ပိုမိုပါဝင်လာစေခြင်း ဖြစ်နိုင်ကြောင်း သျှမ်းပြည်မြောက်ပိုင်းမှ အမျိုးသမီးနိုင်ငံရေးသမား တစ်ဦး ပြောသည်။

“အမျိုးသမီး များလာတယ် ဆိုတဲ့အချက်က အရင်တုန်းက အမျိုးသမီးတွေ ဒီနိုင်ငံရေးမှာ ပါဝင်မှုနှုန်း နည်းတယ်ပေါ့နော်။ ပြီးတော့ ကျမကြားနေတာက ပါတီတွေ ကိုယ်စားလှယ်လောင်းရဖို့ တော်တော် ရှာယူနေရတယ်လို့ ပြောတယ်။ အဲဒီအခါကြတော့ ရှိတဲ့လူကို ရွေးပြီးတော့ ပါဝင်စေတာ ဖြစ်တယ်လို့ ကြားရတယ်။ တချို့ဆိုရင် နိုင်ငံရေး လုံးဝမသိတဲ့ သူတွေလည်း ထည့်ထားတယ် ဆိုတဲ့ဟာကိုလည်း ကြားနေရတယ်” ဟု အဆိုပါ အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

နိုင်ငံရေးကို အမှန်တကယ် နားလည်၍ အစဉ်အဆက် နိုင်ငံရေးလှုပ်ရှားခဲ့သူများသည် အခြားနယ်ပယ်များသို့ ကူးပြောင်းသွားသကဲ့သို့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွင် တတ်သိနားလည်သူများ နည်းပါးနေကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၇၉၉ ဦး၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၉၀၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ယခင် NLD အစိုးရလက်ထက် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတွင် အမျိုးသမီးပါဝင်မှု ၂၈ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ခဲ့သည်။

ကိုယ်စားလှယ်လောင်းတစ်ဦးသည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိုင်ငံရေးရေချိန် မြှင့်တင်ရန် လိုအပ်ကြောင်း၊ မိမိကိုယ်ကျိုးအတွက်သာ ဦးတည်ပါက ဒေသအကျိုး မဖြစ်ထွန်းနိုင်ကြောင်း သျှမ်းပြည် နိုင်ငံရေးသမားတစ်ဦးက ထောက်ပြသည်။

“အမျိုးသမီးတွေ ပိုများလာတယ်ဆိုတဲ့ အချက်အလက်ကို အခြေခံပြီး ပြောရမယ် ဆိုရင်တော့ တကယ်တမ်း ပြောရရင်တော့ နိုင်ငံရေးရေချိန် မြှင့်ဖို့ပဲ၊ အမျိုးသမီးဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ် ကိုယ်စားလှယ်တွေက နိုင်ငံရေး ရေချိန် မြှင့်ရမယ်။ အဲဒါဆိုရင် ကျနော်တို့ တိုင်းပြည်အတွက် နည်းနည်း အားကိုးရတာပေါ့၊ အဲဒီလို မဟုတ်ဘူးဆိုရင် တိုင်းပြည်အတွက် အကျိုးမရှိပါဘူး” ဟု အဆိုပါ သျှမ်းပြည် နိုင်ငံရေးသမားက ပြောသည်။

စစ်အုပ်စုက ယခုလ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို စတင်ကျင်းပသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၂) နှင့် အပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီအတွင်း ကျင်းပသွားမည်ဟု ထုတ်ပြန်ထားသည်။

စစ်ပွဲများကြောင့် ပြည်သူများ အတိဒုက္ခ ခံစားနေရသည့်အတွက် အမျိုးသမီးများလည်း နိုင်ငံရေးစိတ်ဓာတ် တက်ကြွလာ၍ ကိုယ်တိုင်ပါဝင်လာခြင်း ဖြစ်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို အားကျ၍ နိုင်ငံရေးတွင် ပါဝင်လာခြင်းလည်း ဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း လက်ရှိ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကနေ အစပြုပြီး အမျိုးသမီးခေါင်းဆောင်တွေ ပေါ်လာတယ်ပေါ့နော်။ နောက်ပိုင်းမှာဆို အမျိုးသမီးခေါင်းဆောင်တွေ အများကြီး အများကြီး ဝန်ကြီးချုပ်တွေမှအစ ပေါ်ပေါက်လာတဲ့ ဟာတွေကလည်း အားကျစရာပဲ ဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ဒါတွေကိုလည်း အတုယူတယ်လို့ ကျမထင်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

အရပ်သားအစိုးရထံက အာဏာသိမ်းယူထားသည့် စစ်အုပ်စုက ဦးဆောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ပြည်သူလူထု စိတ်ဝင်စားမှု မရှိသကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အသိအမှတ် မပြုသည့်အတွက် အမျိုးသမီးများကို ပိုမိုပါဝင်လာစေပြီး စိတ်ဝင်စားမှုရရှိရန် လုပ်ဆောင်နေကြကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

ထို့အပြင် လာမည့် ရွေးကောက်ပွဲကို စစ်အုပ်စုဘက်မှ နိုင်သူအကုန်ယူ (FPTP) စနစ်နှင့် အချိုးကကိုယ်စားပြု (PR) စနစ်တို့ ပူးတွဲအသုံးပြုခြင်းကြောင့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပိုမိုများပြားလာခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

စစ်အုပ်စု ကျင်းပမည့် အဆိုပါ အတုအယောင် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မပျက်ပျက်အောင် ဖျက်မည်ဟု ပြောကြားထားပြီး ဒီမိုကရေစီအင်အားစုတို့ကလည်း ဆန့်ကျင်ကြောင်း အသီးသီး ထုတ်ပြန်ထားကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

0
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

ရွာငံတွင် စစ်ကော်မရှင်က ရှောင်တခင် စလော့ဂိမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဖမ်းဆီးအရေးယူနေ

0
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်  ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံများ၏ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိလျှင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်အတွင်း အွန်လိုင်းစလော့ဂိမ်းများကို အသက် ၁၅နှစ်ဝန်းကျင်မှစပြီး အသက် ၆၀ကျော်အထိ ဂိမ်းကစားနေကြပြီး အဆိုပါဂိမ်းကြောင့် ကျေးရွာများ အတွင်း ခိုးဆိုးလုယက်ခြင်း၊ပိုင်ဆိုင်များကို ပေါင်နှံရောင်းချမှုများ ပိုမိုများလာကြောင်း ဒေသခံများက...