တောင်ကြီး နှစ်ကုန်ခါနီး စစ်ကော်မရှင် လိုင်စင်မဲ့ကား ပြန်ဖမ်းနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲနှင့်စစ်သား များသည် နှစ်ကုန်ခါနီး လိုင်စင်မဲ့ ကားများကို ထပ်မံဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တောင်ကြီးမြို့ အဝင်၊အထွက် နှင့် မြို့ထဲလမ်းဆုံ လမ်းခွများတွင် ရဲနှင့် စစ်သားများက လိုင်စင်မဲ့ ကားများကို ရှောင်တခင် စစ်ဆေး ဖမ်းဆီး ငွေညှစ်နေကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိသည့် ကားများသည် နယ်မှ ဆေးရုံလာတက်သူများနှင့် ဘွဲ့လာယူသည့် မိသားစု ကားများ ဖြစ်ကြပြီး၊ ပြန်ရွေးခွင့်မရှိကြောင်းသိရသည်။

“နှစ်ကုန်ခါနီးဆိုတော့ လိုင်စင်မဲ့ကားတွေ ပြန်ဖမ်းတာဖြစ်မယ်။ သူတို့အိတ်ထဲရသမျှ ထည့်နေကြတာ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်တုန်းကတောင် ကားအစီးရေ ၈၀ ကျော် ဖမ်းခံလိုက်ရတယ်။ ဘယ်မှာ သွားရွေးထုတ်လို့ရလဲ ဆိုတာတော့ မသိဘူး။ ပြန်မပေးဘူးလို့လည်း ကြားတယ်။” ဟု တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့ ခိုင်မေတ္တာဆေးရုံ လမ်းဆုံနှင့် ဝါးပြားလမ်းဆုံဘက်တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲနှင့် စစ်သား အပါဝင် ယာဉ်ထိန်းရဲများက လိုက်လံ ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ရက်တွင်လည်း တောင်ကြီးတက္ကသိုလ်တွင် လာရောက်ဘွဲ့ယူသည့် မိုင်းဆတ်၊ ကျိုင်းတောင်း၊ လင်းခေး လွိုင်လင် နှင့် ပင်လုံ ဘက်မှ လိုင်စင်မဲ့ကားများကို တောင်ကြီး-ဟိုပုံးသွားလမ်း မိုင်းပွန်ဂိတ်တွင် စစ်ကော်မရှင်တပ်နှင့် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“မိုင်းပွန်ဂိတ်မှာလည်းဖမ်းသွားတယ်၊ ဒီနေ့(ဒီဇင်ဘာလ ၁၅ ရက်) မနက်မှာပဲ ဟိုပုံးမြို့ တရားရုံးမှာ လိုင်စင်မဲ့ ကားမောင်းနင်းလို့ဆိုတဲ့ ပုဒ်မတွေနဲ့ ကားမောင်းတဲ့သူတွေအပြင် တခြားသူတွေကိုပါ တရားဆွဲဆိုထားတယ်လို့ သိရတယ်။ လူကတော့ လွတ်ချင်ရင် သိန်း ၃၀ ကျပ်ပေးရမယ်တဲ့၊ ကားတော့ မလွတ်တော့ဘူး အပြီးသိမ်းလိုက်ပြီတဲ့။”ဟု ခရီးသွားအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကော်မရှင်က ကားများကို သိမ်းဆည်းသွားသည့်အပြင် ကားရွေးထုတ်ရန် ရဲစခန်းသို့ လာလျှင်လည်း ထပ်မံဖမ်းခံရမည်ကြောင်း စစ်ကော်မရှင်တပ်က ခြိမ်းခြောက်လိုက်သည်ဟု အဆိုပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

အလားတူ ရွာငံမြို့နယ်မှ တောင်ကြီးမြို့သို့ ဘွဲ့ယူသွားသော မိသားစုသည် လိုင်စင်မဲ့ကားများကို ဖမ်းဆီးနေသည်ဆိုသောကြောင့် လိုင်စင်ရှိကားများကို ငှားရမ်းရာတွင် ငွေကြေး နှစ်ဆပိုပေး၍ ငှားရမ်းခဲ့ရကြောင်း သိရသည်။

ယခုလက်ရှိ တောင်ကြီးမြို့တွင် စစ်ကော်မရှင်တပ်နှင့် ရဲများက အရပ်ဝတ်သား ဝတ်စုံဖြင့် ညအချိန်တွင် ကင်းလှည့်ကာ မြို့ခံများကို စောင့်ကြည့်နေသဖြင့် ပေါ်တာဆွဲခံရမည်ကို စိုးရိမ်နေကြောင်း မြိုခံများက ပြောသည်။

ပြီးခဲ့သည့် မေလ (၂)ရက်တွင် စစ်ခေါင်းဆောင်က လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူရန် ညွှန်ကြားခဲ့ပြီး ထိုအချိန်မှစ၍ ယခု ဒီဇင်ဘာလအထိ( ၇ )လတာကြာမြင့်စွာ ဖမ်းဆီးမှုများလုပ်ဆောင်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

0
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

ရွာငံတွင် စစ်ကော်မရှင်က ရှောင်တခင် စလော့ဂိမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဖမ်းဆီးအရေးယူနေ

0
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်  ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံများ၏ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိလျှင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်အတွင်း အွန်လိုင်းစလော့ဂိမ်းများကို အသက် ၁၅နှစ်ဝန်းကျင်မှစပြီး အသက် ၆၀ကျော်အထိ ဂိမ်းကစားနေကြပြီး အဆိုပါဂိမ်းကြောင့် ကျေးရွာများ အတွင်း ခိုးဆိုးလုယက်ခြင်း၊ပိုင်ဆိုင်များကို ပေါင်နှံရောင်းချမှုများ ပိုမိုများလာကြောင်း ဒေသခံများက...

တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

0
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့...