ဆန္ဒမဲပေးရန် စိတ်မဝင်စားသည့် စျေးသည်ကို စစ်ကော်မရှင် မဲပေးရန် လက်ကမ်းစာစောင်ဖြန့်ဝေနေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ မြို့မ မင်္ဂလာဈေးတွင် ဆန္ဒမဲပေးရန် စိတ်မဝင်စားဘဲ ဝမ်းရေးအတွက် ရုန်းကန်နေရသည့် စျေးသည်များကို စစ်ကောင်စီက မဲပေးရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့မ မင်္ဂလာဈေးတွင် လက်ကမ်းစာစောင်များကို စစ်ကော်မရှင် လက်အောက်ခံ ရဲနှင့် ဝန်ထမ်းများက ယူနီဖောင်းအပြည်ဝတ်ဆင်လာပြီး လိုက်လံဖြန့်ဝေနေသည်။

“ဈေးထဲမှာ ယူနီးဖောင်းအပြည့်နဲ့ ရဲတွေ ဝန်ထမ်းတွေ တွေ့တော့ ဘာလဲပေါ့။ဘာများ ဖမ်းနေလဲ၊ စစ်ဆေးနေလဲ။ လက်ကမ်းစာစောင် ဝေပြီး ပုံရိုက်နေတာ။ အဲယူနီဖောင်းနဲ့ဆို မယူချင်လည်း ယူရတာပဲ။ ယူပြီး ဈေးထဲချခဲ့တာလည်း ရှိတယ်။”ဟု ဈေးလာဝယ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ လက်ကမ်းစာစောင်ထဲတွင် “ဒို့အတူမဲပေးကြမည်” ရွေးကောက်ပွဲမှ “ပိုကောင်းမွန်သော အနာဂတ်ဆီသို့ “ စသဖြင့် စာသားများပါဝင်ပြီး ရွေးကောက်ပွဲတွင် လူတိုင်းမဲထည့်ကြရန် စစ်ကော်မရှင်က လိုက်လံစည်းရုံးနေသည်။

စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ပြည်သူများကို ဖိအားပေးနေသော်လည်း ပြည်သူများသည် ရွေးကောက်ပွဲထက် ဝမ်းရေးအတွက် ရုန်းကန်နေရသောကြောင့် စိတ်ဝင်စားမှုမရှိဘဲ ခြမ်းခြောက်မှုကြောင့် မဲထည့်ရမည်ဖြစ်ကြောင်း ညောင်ရွှေဒေသခံအမျိုးသမီးတစ်ဉီးက ပြောသည်။

“ရွေးကောက်ပွဲလုပ်လည်း ဘာမှပြောင်းလဲသွားဖို့လည်း မမျှော်လင့်ဘူး။ ကြံ့ခိုင်ရေးနိုင်မယ်ဆိုတာလည်း သိနေတာကို ဘာလို့ရွေးကောက်ပွဲလုပ်နေလဲ မသိဘူး။ မဲမထည့်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ တော့ပြောကြတယ်။ ကြောက်တော့လည်း ထည့်ရင် ရမှာ၊ ရွေးကောက်ပွဲထက် မငတ်အောင်ရုန်းကန်နေရလို့ စိတ်မဝင်စားအားဘူး။” ဟု ၎င်းက ပြောသည်။

အလားတူ ပင်းတယမြို့ ဈေးတန်းတွင်လည်း မဲပေးရန် လက်ကမ်းစာစောင်များလိုက်ဝေနေသော်လည်း ပြည်သူများ စိတ်ဝင်စားမှုမရှိကြောင်း သိရသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပထမသုတ်ကို သျှမ်းပြည်နယ်အတွင်း ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေးနှင့် လွိုင်လင်စသည့် ( ၁၂) မြို့နယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...