Tuesday, February 10, 2026

စစ်ကောင်စီ

ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြောင့် နေအိမ် တစ်လုံး ထိခိုက်ပျက်စီးရ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးရကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျောက်မဲမြို့နယ် နမ့်ခုံကျေးရွာ နှင့် ပန်ဝိုးကြီးကျေးရွာ...

ပင်လုံမြို့ တည်းခိုခန်းတွင် မှတ်ပုံတင်အတုဖြင့် လာရောက်တည်းပြီး ပိုင်ရှင်ဖုန်းလုယူသွား

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ ရပ်ကွက် ၄ အတွင်း တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုခဲ့သူ (၂) ဦးသည် အခန်းခကို မရှင်းသည့်အပြင် ပိုင်ရှင်၏ ဖုန်းကိုပါ ခိုးယူသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်တွင် အခန်းခ ရှင်းရန်ဟုဆိုကာ...

မြေသြဇာဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် တောင်သူများ လယ် တစ်ဝက်လျှော့ပြီး စိုက်ပျိုးနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် ယခုနှစ် မြေသြဇာဈေးနှုန်း အဆမတန်မြင့်တက် လာသည့်အတွက်ကြောင့် တောင်သူများသည် ထက်ဝက်လျော့ပြီး လယ် စိုက်ပျိုးနေရကြောင်း စုံစမ်းသိရှိရသည်။ လယ်ယာစပါး ရေလွှမ်းမိုးခံခဲ့ရသည့် ပုံးအင်းဒေသမှ တောင်သူများသည် ယခုနှစ်တွင် လယ်ယာဧကများများ ရင်းနှီးစိုက်ပျိုးဖို့ရန် ဓာတ်မြေသြဇာ၊ လယ်ထွန်စရိတ်၊ ကောက်စိုက်စရိတ် စသည်ဖြင့် ကုန်ကျစရိတ်...

ကောင်းခါးကျေးရွာ ပြည်သူ့နေအိမ်တံခါးကို TNLA ရိုက်ချိုးပြီး ဝင်ရောက်နေထိုင်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ သျှမ်းပြည် အခြေစိုက် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကွတ်ခိုင်မြို့ အခြေစိုက် ကောင်းခါးပြည်သူ့စစ် (KDA) တပ်ဖွဲ့တွေက ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာမှာ စစ်ရေးတင်းမာမှု အခြေအနေ တစ်ရပ် ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့နေ့က...

မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ တစ်လမ်းမောင်း (၅သုံးလုံး) လမ်းကြားတွင် ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက် နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်၌ စစ်ကောင်စီ လက်အောက်ခံ မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ သေနတ်ပစ်သတ်ခံရသည့် မူဆယ်ခရိုင် ရဲအုပ်တစ်ဦးသည် အသက် ၃၀...

သီပေါရီရှင်း ရွှေဆိုင်ဓားပြတိုက်ခံရ၊ ရွှေ ၆ ပိသာကျော်ပါသွား

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ မြို့မဈေးရှိ ရီရှင်းရွှေဆိုင် ဓားပြတိုက်ခံရပြီး၊ ရွှေ ၆ ပိသာကျော် ပါသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်း ၄ နာရီခွဲတွင် ရီရှင်းရွှေဆိုင် ပိုင်ရှင်မိသားစု (၃) ဦး ရွှေဧည့်သည်ဟိုတယ်အပြန် ဟိုတယ်အရောက်တွင် အမျိုးသား...

တာချီလိတ် – မယ်ဆိုင် အမှတ် (၁) ပြန်လည်ဖွင့်လှစ်လာပြီးနောက် အဝင်၊ အထွက်များနေ

မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁) တွင် ဖွင့်လှစ်လာပြီးနောက်ပိုင်း အဝင်၊ အထွက် ပြုလုပ်သူများကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်အစောပိုင်းတွင် တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား...

မုံးကိုးမြို့ စစ်ကောင်စီ တပ်ဖွဲ့ ကားသမားများကို ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းယူ

သျှမ်းပြည် မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ သည် ကားသမားများကို ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းယူ နေကြောင်း သတင်းသိရသည်။ မုံးကိုးမြို့ အဝင်နားတွင် စစ်ကောင်စီ တပ်ဖွဲ့ ၎င်းတို့၏ လက်အောက်ခံ ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ကားသမားများကို ခြိမ်းခြောက်...

ရွှေသွားရောင်းသည့် သားမိခင်နှစ်ဦး ဓားပြတိုက်ခံရ၊ သမီးဖြစ်သူ ကျည်ထိမှန်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့မှ ဟင်လုံကျေးရွာရှိ စျေးထဲ ရွှေသွားရောင်းသည့် သားအမိ နှစ်ဦးဓားပြတိုက်ခံရပြီး၊ သမီးဖြစ်သူ ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဓားပြတိုက်အမျိုးသားတစ်ဦးက သေနတ်ပစ်ဖောက်ကာ အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်အစောပိုင်းတွင် နမ့်ခမ်းမြို့ နှင့်...

ကျောက်မဲမြို့နယ် TNLA နှင့် တိုက်ပွဲဖြစ်သည့် စစ်ကောင်စီ ၁၅ ဦးထက် မနည်းသေဆုံး

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ထိုးစစ်ဆင် တိုက်ခိုက်သည့် စစ်ကောင်စီဘက်မှ ၁၅ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်မှ...

Latest news