Wednesday, January 28, 2026

နယ်စပ် ဆန်ထွက်ပစ္စည်းတင်ပို့မှု ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ဈေး နှင့် လဲလှယ်ရမည်ဟု ထုတ်ပြန်

သျှမ်းပြည်ရှိ မြန်မာ – တရုတ် ၊ မြန်မာ – ထိုင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှတဆင့် တဖက်နိုင်ငံသို့ ဆန်နှင့် ဆန်ထွက် ပစ္စည်းများ တင်ပို့မှုမှ ရရှိလာသည့် ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီ လက် အောက်ခံ ဗဟိုဘဏ်ဈေး နှင့် လဲလှယ်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကုန်သွယ်ရေး ဦးစီးဌာန ထုတ်ပြန်ချက်

လာမည့် မတ် ၁ ရက်မှ စတင်ပြီး နယ်စပ်တစ်လျှောက် ဆန် နှင့် ဆန်ထွက်ပစ္စည်းများ တင်ပို့မှုမှ ရရှိလာသည့် ပို့ကုန်ရငွေများ၏ ၆၅ % ကို စစ်ကောင်စီမှ သတ်မှတ်ထားသည့် နိုင်ငံခြားငွေ လဲလှယ်နှုန်းအတိုင်း လဲလှယ်ရမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဖေဖော်ဝါရီ (၂၃) ရက်တွင် ထုတ်ပြန်သည်။

ယခင် နယ်စပ်ကုန်သွယ်ရေး၌ လယ်ယာထွက်ကုန်များဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာနှင့် ရေထွက် ကုန်ပစ္စည်းများ၏ ပို့ကုန်ရငွေများကိုသာ သတ်မှတ်ဈေး ၆၅ ရာခိုင်နှုန်းလဲလှယ်ရန် သတ်မှတ်ထားရာမှ ယခုအခါ ဆန်နှင့် ဆန်ကွဲကိုပါ ထည့်သွင်းလာခြင်း ဖြစ်သည်။

ကုန်သည်များ အနေဖြင့် ငွေလဲသည်ဖြစ်စေ မလဲသည်ဖြစ်စေ ဘဏ်အကောင့်ထဲတွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ သို့မဟုတ် ယွမ် ငွေဝင်လာသည်နှင့် စစ်ကောင်စီ၏ ဗဟိုဘဏ်က ၆၅ ရာခိုင်နှုန်းကို ဖြတ်ယူထားမည်ဖြစ်ပြီး ကျန် ၃၅ ရာခိုင်နှုန်းကို တလအတွင်း ကုန်သည်ကြိုက်ဈေး နှင့် လဲလှယ်နိုင်ကြောင်း ကန့်သတ်ထားသည်။

ယခင် နယ်စပ်ကုန်သွယ်ရေး၌ လယ်ယာထွက်ကုန်များ ဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာနှင့် ရေထွက် ကုန်ပစ္စည်းများ၏ ပို့ကုန်ရငွေများကိုသာ သတ်မှတ်ဈေး ၆၅ ရာခိုင်နှုန်း လဲလှယ်ရန် သတ်မှတ်ထားရာမှ ယခုအခါ ဆန် နှင့် ဆန် ကွဲကိုပါ ထည့်သွင်းလာခြင်း ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန် ကြေညာချက်အရ ဆန်နှင့် ဆန်ထွက် ပစ္စည်းများ၏ ပို့ကုန်ဝင်ငွေအပေါ် တပြေးညီ ကျင့်သုံးမည်ဖြစ်သောကြောင့် ယင်းရက်မတိုင်မီ ကုန်ဖိုးငွေ ကြိုတင်ပေးပို့ထားပါက ပြည်ပသို့ တင်ပို့မည့် ဆန် နှင့် ဆန်ထွက်ပစွည်းပို့ကုန် ရငွေများကိုလည်း သတ်မှတ်နှုန်းထားအတိုင်း မြန်မာ ကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီမှ ယင်းကဲ့သို့ ထုတ်ပြန်ပြောဆိုလာခြင်း နှင့် ပတ်သက်ပြီး ကုန်သယ်များအတွက် ဆန်တင်ပို့မှု အတွက် ငွေကြေးနစ်နာချက်များ ရှိလာနိုင်ကြောင်းလည်း မြန်မာ – တရုတ်နယ်စပ်မှ ဆန်ကုန်သည်များက ပြောဆို သုံးသပ်ထားကြသည်။

ဗဟိုဘဏ် သတ်မှတ်စျေးမှာ တဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ဖြစ်ပြီး ပြင်ပ ကျပ်နှင့် ဒေါ်လာဈေး လဲလှယ်မှုများက ၂၉၀၀ နီးပါး ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...