တရုတ် အထူးသံတမန် သျှမ်းပြည်က တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီးဂျွန်းသည် သျှမ်းပြည်ရှိ တိုင်းရင်းသား လက်နက်ကိုင်တို့ နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။

တိန့်ရှီးဂျွန်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်အထူးသံတမန်အသစ် မစ္စတာ တိန့်ရှီးဂျွန်း(Deng Xijun) သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့နှင့် တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ၌ NUG မှ နိုင်ငံခြားရေး ဝန်ကြီးရုံး ဖွင့်လှစ်ခြင်း နှင့် ပတ်သက်ပြီး ဆွေးနွေးမှု ဖြစ်နိုင်ချေ ဖြစ်ကြောင်း မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူများက ပြောဆို နေကြသည်။

တရုတ်သည် အမေရိကန်မှ လက်နက် ကူညီထောက်ပံ့ပေးမှု အရေးဖြင့် မြန်မာနိုင်ငံအရေး အခင်းအကျင်းများကို ပါဝင်လာမည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့၏ သြဇာ သက်ရောက်မှု ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တွေ့ဆုံခြင်းဖြစ်နိုင်မည်ဟု ယူဆကြောင်း မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ်အထူးကိုယ်စားလှယ်က ဘာကြောင့် လာတွေ့သလဲဆိုတာကို အတိအကျတော့ သူတို့ထုတ်ပြန် ကြေညာမှပဲ သိရမှာပေါ့နော်။ ဒါပေမဲ့ မှန်းကြည့်ရမယ်ဆိုရင် NUG က အမေရိကန်မှာ ရုံးဖွင့်တော့ အမေရိကန်က နိုင်ငံခြားရေး ဒုဝန်ကြီးလည်း လာတက်တယ်၊ နောက်တခါ NDAA ဥပဒေလည်း ထွက်ခဲ့ပြီဆိုတော့ ဥပဒေထဲမှာ NUG, PDF တွေနဲ့ တရားဝင် ထောက်ခံထားတဲ့ အနေအထားကို ထည့်ထားပြီး ဥပဒေပြဌာန်းထားတာရှိတယ်။ အဲ့လို အနေအထားအရ အမေရိကန်က မြန်မာ့အရေးမှာ လက်နက်နဲ့ ပါဝင်လာမှာကို တရုတ်တွေက စိုးရိမ်တာ။ အဲ့လို စိုးရိမ်လို့ ဒီအခု တွေ့ဖို့လိုအပ်နေတဲ့ သူတို့ အရင်တုန်းက သြဇာသက်ရောက်မှုတွေ ရှိတဲ့ အဖွဲ့တွေနဲ့ လာညှိနှိုင်းတိုင်ပင်တယ်လို့ ကျနော်ထင်တယ်” ဟု ဦးရဲထွန်း (သီပေါ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ် အထူးသံတမန် နှင့် တွေ့ဆုံခဲ့သည့် ဆွေးနွေးမှု အခြေအနေများနှင့်ပတ်သက်ပြီး သေးစိတ် သိရှိနိုင်ရန် အတွက် တိုင်းရင်းသား လက်နက်ကိုင်များထံသို့ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

တရုတ်အနေဖြင့် မြန်မာ့နိုင်ငံအရေး နှင့် ပတ်သက်ပြီး အမေရိကန်၏ ပါဝင်မှု ပတ်သက်မှုများကို မည်သည့်အခါမှ ပေါ့ဆစွာ မတွေးကြောင်းလည်း ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ အနေအထားဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နဲ့ မဟာအကျိုးစီးပွားတည်ရှိနေတာ သိထားဖို့ လိုတယ်။ တရုတ်ပြည်ရဲ့ သဘောထားကလည်း သူက မြန်မာပြည်ကို ပြည်သူလူထု ရွေးချယ်တဲ့ အစိုးရနဲ့ ဒီမိုကရေစီ လမ်းစဥ်အတိုင်း သွားချင်တာပေါ့၊ ဒါပေမဲ့ အမေရိကန်ရဲ့ သြဇာခံ တာကို သူက မလိုလားဘူး။ အဲ့အနေအထား မရောက်ခင်မှာ သူသတိပေးတယ်၊ ဖြစ်လာရင်လည်း သူက စွက်ဖက်တယ်” ဟု ဦးရဲထွန်းက ပြောသည်။

တရုတ် အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် နေရာကို ဆက်ခံနေသည့် မစ္စတာ တိန့်ရှီးဂျွန်းဟာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှာလည်း တရုတ်နယ်စပ် တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံမှု ရှိခဲ့သလို ကောင်စီ ဥက္ကဋ္ဌနှင့်လည်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ထို့အပြင် တရုတ်အထူးသံတမန်သည် မြန်မာ – တရုတ် နယ်စပ် တစ်လျှောက် လှုပ်ရှားနေသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့နှင့်လည်း တွေ့ဆုံနိုင်ချေ ရှိကြောင်း တိုင်းရင်းသားအရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုထားသည်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးဂျွန်း (Deng Xijun) သည် ၂၀၂၀ ခုနှစ်မှ စတင်ပြီး အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ၏ နေရာကို ဆက်ခံသူဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...