Tuesday, January 27, 2026

မူဆယ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အသစ် ထပ်မံဖွဲ့စည်း

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အသစ်ကို ထပ်မံ ဖွဲ့စည်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူများ

ယခင်က မူဆယ်မြို့အတွင်း သွားလာလှုပ်ရှားခဲ့ဖူးသည့် ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ PSDA တပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး လက်ရှိ မူဆယ်ဗျူဟာကို အသစ်ထပ်မံ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါ PSDA ကို ဖေဖော်ဝါရီ ၁၉ ရက်က တရားဝင်ဖျက်သိမ်းလိုက်ကြောင်း မူဆယ်ဗျူဟာက ထုတ်ပြန်ထားသည်။

“ PSDA ကို တရားဝင် ဖျက်သိမ်းလိုက်ပြီ။ ကျနော်တို့ အခု မူဆယ်ဗျူဟာကို ၂၀၂၂ ဒီဇင်ဘာ ၁၈ ရက်နေ့က ဖွဲ့စည်းလိုက်တာပါ” ဟု မူဆယ်ဗျူဟာ က တာဝန်ရှိသူ ကိုဒိုးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ည ၈ နာရီခွဲဝန်းကျင် PSDA တပ်ဖွဲ့မှ နုတ်ထွက်လာခဲ့သည့် တပ်ဖွဲ့ဝင် ၁၄ ဦးကို PSDA ၏ ခေါင်းဆောင် ရွှေလီက ဦးဆောင်ပြီး မူဆယ်မြို့ နေအိမ်တစ်နေရာတွင် လာရောက်ပစ်ခတ်ခဲ့ပြီး ၆ ဦး သေဆုံးကာ ၄ ဦး ဖမ်းဆီးခံရပြီး ၄ ဦး လွတ်မြောက်လာခဲ့သည်။

အဆိုပါ လာရောက်ပစ်ခတ်ခဲ့သည် PSDA ၏ တာဝန်ရှိ ခေါင်းဆောင် ကိုရွှေလီ တို့ကို နိုဝင်ဘာ ၃၀ ရက်နေ့တွင် NUG MOD နှင့် EROs တို့က ထိန်းသိမ်းဖမ်းဆီးနိုင်ခဲ့ပြီး အမှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အမှုစစ်ဆေးရာ ၂ လကြာမြင့်ခဲ့ပြီး တာဝန်ရှိ ခေါင်းဆောင်ပိုင်းများကို ထောင်ဒဏ် အနှစ် ၂၀ နှင့် အလုပ်ကြမ်း ချမှတ်လိုက်ပြီး နောက်လိုက်သူများကို နယ်နှင်ဒဏ်ပေးလိုက်ကြောင်း ကိုဒိုးက ပြောသည်။

“ အမိန့်ကတော့ အထက်ပိုင်းဖြစ်တဲ့ ရွှေလီ တာဝန်ကြီးတဲ့သူတွေကိုတော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တယ်။ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ ၆ ယောက်ကိုတော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၅ နှစ်ချလိုက်တယ်။ ကျန်တာက အမှုမှာပါဝင်ပြီး ပစ်ခတ်မှုမှာ မပါတဲ့သူတွေ ၁၅ ယောက်ကတော့ နယ်နှင်ဒဏ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကျူးလွန်သူများကို သီးသန့်အတွက် ထောင်တစ်နေရာတွင် ချမှတ်ထားကြောင်း၊ အမှုစစ်ဆေးသူများသည် NUG နှင့် EROs ရပ်မိရပ်ဖိများကလည်း ပါဝင်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...