Sunday, May 5, 2024

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပျောက်ဆုံးနေသော မိုးဗြဲဒေသခံ စစ်ကောင်စီ ပစ်သတ်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးသည် ကရင်နီပြည် လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ဆေးခန်းသွားပြရာ အပြန်လမ်း၌ စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး ပစ်သတ်ခံရကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်တွင် မိုးဗြဲဒေသခံ အမျိုးသား ခွန်လေးသည် လွိုင်ကော်ပြည်သူ့ဆေးရုံသွားပြပြီး နောင်ယားကန်အရောက် စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး သေဆုံးသွားကြောင်း...

တောင်ကြီးမြို့ စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်ကြား ခိုးယူလုယက်မှုများပြားနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စစ်ဆေးရေးတင်းကြပ် နေသော်လည်း ခိုးယူလုယက်မှုများ ယခင်ထက်ပိုများပြားလာကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီက ကိုဖြိုးဇေယျာသော် နှင့် ကိုဂျင်မီကို သေဒဏ်ပေးပြီးနောက်ပိုင်း တောင်ကြီးမြို့တွင် PDF ကိုအားပေးမှုရှိ၊ မရှိကြောင်း သွားလာသူများကို ဖုန်းစစ်ဆေးမှုရှိလာကြောင်း သိရသည်။ “၂၅ ရက်နောက်ပိုင်းက ပိုစစ်ဆေးလာတယ်။ PDF...

မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တိုက်ပွဲ စစ်ကောင်စီဘက်က သေဆုံးမှုများပြားရှိ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး အထက် သေဆုံးမှုရှိကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက်တွင် မိုးဗြဲမြို့ထဲ စစ်ကောင်စီက စစ်ကြောင်း ထိုးဝင်လာကြောင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ တပ်ဆွဲထားသည့် ဆောင်နန်းခဲကျေးရွာထဲတွင် PDF...

မိုးဗြဲမြို့ စစ်ကောင်စီလက်နက်ကြီး တစ်ဖက်သတ်ပစ်ခတ် အမျိုးသမီးတစ်ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယနေ့ (ဇူလိုင် ၂၅) ရက် နေ့လည် ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ၏ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်ကြီးသည့် အမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ အဆိုပါ အမျိုးသမီးသည် စစ်ကောင်စီ၏ လက်နက်ကြီး...

မိုးဗြဲစစ်ရှောင်စခန်း ကလေးများ ရာသီတုပ်ကွေးဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အနီးဝန်းကျင်ရှိ စစ်ရှောင်စခန်းတွင်နေထိုင်သည့် ကလေးများ ရာသီတုပ်ကွေး ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မိုးဗြဲ စစ်ရှောင်စခန်းတွင် စစ်ရှောင် ဦးရေ (၁၅၀၀) ကျော်ရှိပြီး ထိုထဲတွင်အသက် ၁၀ နှစ်အောက် ကလေး (၅၀၀) ကျော်ဝန်းကျင် ရှိသည်။ ထိုထဲမှ ကလေး (၃၀၀)...

မိုးဗြဲမြို့အတွင်းစစ်ရှောင် စာသင်ကျောင်းအတွက် ခက်ခဲမှုဖြစ်နေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ရှောင်ကလေးများအတွက် စာသင်ရန် ခက်ခဲမှုရှိနေကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ပြည်သူများ ထွက်ပြေးနေရပြီး လက်ရှိ ကလေးများအတွက် စာသင်ရန်ခက်ခဲနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အသက် ၂၆ နှစ်...

ပိတ်ထားသည့် ဖယ်ခုံမြို့နှင့် ဆက်သည့် လမ်းတချို့ပြန်ဖွင့် စစ်ကောင်စီ မှ စစ်ဆေးမှုတင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ထိစပ်နေသည့် လမ်းကြောင်းတချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယခင်ပိတ်ထားရာမှ လက်ရှိတွင် ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း စစ်ဆေးမှုတင်းကြပ် နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၈ရက်မှ စတင် ပိတ်ထားသည့် ပင်လောင်း - တောင်ကြီး - ကျောက်တလုံး - ဆိုက်ခေါက် နှင့်...

ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ လက်နက်ကြီးကျ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ (ရေလယ်ကျွန်း) တွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ယမန်နေ့ (မေ ၁၇)ရက်  ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ လွယ်ပန်းစုံကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းတွင်နေထိုင်သည့် ဒေသခံ...

Latest news