Sunday, May 5, 2024

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မိုးဗြဲမြို့အတွင်း စစ်ကောင်စီက တပ်ဆွဲနေထိုင်နေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီက အင်အားဖြည့်ပြီး ဝင်ရောက်တပ်စွဲနေထိုင်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၈) ရက် ညနေပိုင်းတွင် မွေတော်ဘုန်းကြီးကျောင်း၊ ကက်သလစ်ဘုရားကျောင်း နှင့် စည်ကားရပ်ကွက်များထဲတွင် စစ်ကောင်စီက အင်အားဖြည့်လာနေကြောင်း သိရသည်။ “မနေ့ ညကတည်းက အင်အားဖြည့်ပြီးတော့ မိုးဗြဲမြို့ထဲဝင်လာတာ။ မွေတော်ဘုန်းကြီးကျောင်းတွေ၊ ကက်သလစ်ဘုရားကျောင်းတွေမှာလည်း အင်အားဖြည့်နေတာ။...

မိုးဗြဲမြို့ အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိ၊ ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ PDF တပ်ဖွဲ့မှ နယ်မြေရှင်းလင်းချိန်တွင် အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် ည ၄ နာရီခွဲဝန်းကျင်တွင် မိုးဗြဲမြို့ ပွဲကုန်း (၂) ရပ်ကွက် ခရစ်ယာန်ကျောင်း ဘောလုံးကွင်းထဲတွင် PDF တပ်ဖွဲ့တို့က...

နောင်ချိုမြို့နယ် ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီဝင်လာချိန် ပစ်ခတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အထက်ကြူအင်းကျေးရွာထဲ စစ်ကောင်စီက ဝင်ရောက်လာနားခိုချိန်တွင် ဗုံးပစ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ (၉) ရက် (လပြည့်နေ) နေ့လည် ၁၂ ဝန်းကျင်တွင် ပြည်သူများ ဘုန်းကြီးကျောင်းတက်နေချိန် စစ်ကောင်စီက ကျောင်းဝန်းထဲ နားခိုဖို့ ခွင့်လာတောင်းပြီး နေထိုင်သဖြင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဗုံး...

ဖယ်ခုံမြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် ပြည်သူ (၃) ဦးထိမှန်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း ကုန်းပေါကျေးရွာ၊ တောင်ပို့ကြီးကျေးရွာထဲသို့ စစ်ကောင်စီမှ လက်နက်ကြီး တဖတ်သတ် ပစ်ခတ်မှုကြောင့် ပြည်သူ (၃) ဦး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ စက်တင်ဘာ ၄ ရက် ည ၉ နာရီ ဝန်းကျင်တွင် စစ်ကောင်စီမှ...

နောင်ချိုမြို့နယ် ကျေးရွာထဲ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ် ပြည်သူ ၁၄၀ နီးပါး စစ်ရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် လုံခံကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီး၊ ငယ် ပစ်ခတ်မှုကြောင့် ပြည်သူ (၁၄၀) ဝန်းကျင် စစ်ဘေးထပ်မံ တိမ်းရှောင်လာခဲ့ရကြောင်း စုံးစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက် နှင့် ၄ ရက် တွင် စစ်ကောင်စီက ကျေးရွာတွင်း PDF...

ရွာငံမြို့နယ် PDF တပ်ဖွဲ့ဝင် နှင့် အမျိုးသမီး ၂ ဦး အပါအဝင် ရွာသားတချို့ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်နှင့် အမျိုးသမီး ၂ ဦးအပါအဝင် ရွာသားတချို့ ဖမ်းဆီးခံ လိုက်ရကြောင်း သတင်းသိရသည်။ သြဂုတ်လ ၂၈ ရက် ညပိုင်း ၈ နာရီဝန်းကျင်တွင် ခရီးမှ ပြန်ရောက်လာသည့် PDF တပ်ဖွဲ့ဝင် နှစ်ဦး နှင့် အမျိုးသမီး...

ဖယ်ခုံ ၊ မိုးဗြဲ စစ်ရှောင်ကူညီနေသည့် ထောက်ပို့များ အကြွေးတင်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ စစ်ရှောင်များကို ကူညီပေးနေသည့် ထောက်ပို့များ အကြွေးတင်နေသဖြင့် စစ်ရှောင်များကိုကူညီရန် ကြပ်တည်းလာကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ ၊ ကရင်နီပြည် ဒီမော့ဆို ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF တိုက်ပွဲဖြစ်ပွားရာမှ ပြည်သူများ ၁ နှစ်ကျော်...

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ လုံခြုံရေးဖွဲ့ရန် နှိုးဆော်တိုက်တွန်းနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက် နှင့် ကျေးရွာအလိုက် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် နှိုးဆော်တိုက်တွန်းမှု ရှိနေကြောင်း သတင်းသိရသည်။ ယခု သြဂုတ်လ တတိယပတ်အတွင်း၌ စစ်ကောင်စီတပ်သားများသည် လမ်းပြ သတင်းပေးသူ (ဒလန်) နှင့်အတူ ကျေးရွာများ အတွင်း လှည့်လာကာ ရွာသားများအနေဖြင့် PDF...

ရွာငံမြို့နယ် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း သုံးလောင်းတွေ့ရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် တဲလုကျေးရွာ အနီးတွင် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း သုံးလောင်း တွေ့ရကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၁၇) ရက် ညနေပိုင်းတွင် တဲ့လုကျေးရွာ နှင့် တောင်ဦးကျေးရွာကြားမှ တောစပ် တစ်နေရာတွင် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း ၃...

စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်သွားကူရန် ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အတွင်းရှိ စစ်ရှောင်များထံ ပစ္စည်းသွားရောက်လှူဒါန်းရန် အတွက် ခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိကာလမှာ ကုန်စျေးနှုန်း နှင့် စက်သုံးဆီ မြင့်တက်လာမှုကြောင့် မိုးဗြဲစစ်ရှောင် ဦးရေ (၁၀၀၀) ထက်မနည်းထံ ပစ္စည်းသွားရောက်လှူဒါန်းရန် ခက်ခဲနေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောဆိုလိုက်သည်။ စစ်ရှောင်စခန်းသည် တောတောင်ထဲတွင် ရှိနေပြီး စစ်ရှောင်များလိုအပ်သော...

Latest news