ပင်လောင်းမြို့နယ်
ပင်လောင်းမြို့နယ်ရှိ ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲ၍ တိုက်ပွဲပြန်ဖြစ်
သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNA အဖွဲ့တို့ အင်အားဖြည့်တင်းပြီးစာသင်ကျောင်းအတွင်း လာရောက်တပ်စွဲနေပြီး၊ ဒေသအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များတို့နှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၆ ရက်မှစတင်ကာ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် PNA တပ်ဖွဲ့တို့က အင်အားအများအပြားဖြည့်တင်းခဲ့ပြီး ကျေးရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ အင်းအားဖြည့်တင်းလာသောကြောင့် ဒေသအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့်စစ်ရေးတင်းမာခဲ့ပြီး မတ်လ ၁၀ ရက်မှစ၍ ပင်လောင်းမြို့နယ် နမ်းဖာမူကျေးရွာတွင် နှစ်ဖက်တပ်ဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အခုတိုက်ပွဲကြောင့် တချို့ကတွေ ပင်လောင်းမြို့ပေါ်မှာရှိတဲ့ မိတ်ဆွေ၊ ဆွေမျိုးတွေဆီ ပြေးကြတယ်။ တချို့ကျတော့လည်း ရွာတွေဘက်ကဘုန်းကြီးကျောင်းမှာခိုလှုံကြတယ်။ တိုက်ပွဲက ဒီထက်ဆိုးလာနိုင်တဲ့ အခြေအနေရှိတယ်” ဟု ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ အဆိုပါ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် နမ်းဖာမှု၊ ကုန်းပေါး၊ ဗန်းမောက်၊ နောင်ဝိုးနှင့် ကားရား စသည့်ကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ ၃ထောင်ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ လက်ရှိ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDFနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် Pekhon PDF ထံသို့ Signal ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားရှင်း မရှိသေးပေ။ ထို့အပြင် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲပိုမိုပြင်းထန်းလာနိုင်သောကြောင့် ဒေသခံများအနေဖြင့် ရှေ့လျှောက် အိမ်ပြန်သို့ ထွက်သွားလာခြင်း၊ ခရီးသွားလာခြင်း မပြုကြရန် ပြည်သူ့စစ် PNO အဖွဲ့က အသိပေးထားကြောင်း ပင်လောင်းမြို့ဒေသခံ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက ပြောသည်။ “အခုပင်လောင်းမြို့မှာရှိတဲ့ စာသင်ကျောင်းတွေမှာ စားမေးပွဲတွေဖြေပြီးသွားရင် ပြည်သူတွေအနေနဲ့ အိမ်ကနေ အပြင်မထွက်ကြဖို့၊ ခရီးသွားလာတာတွေ၊ တောင်ကြီးသွားတာတွေ မပြုလုပ်ကြဖို့ PNO ဘက်ကပြောလာတယ်။ အခုကတိုက်ပွဲက ပြန်ပြီးပြင်းထန်လာနိုင်တဲ့ အခြေအနေရှိလားတော့ မသိဘူး” ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ မတ်လတွင်လည်း ပင်လောင်းမြို့နယ် နိမ့်နိန်းကျေးရွာ၌ စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာနှင့် နေအိမ်များ မီးလောင်ပျက်စီးခြင်း၊ ဒေသခံများ အစုလိုက်အပြုံလိုက်သတ်ခြင်း စသည့်ဖြင့် အဖြစ်အပျက်များကြုံတွေ့ခဲ့ရသဖြင့် ဒေသခံများက စိုးရိမ်နေကြသည်။ “တိုက်ပွဲဖြစ်လာရင်တော့ အဓိကစားဖို့သောက်ဖို့ ခက်ခဲလာမှာ အသေအချာပဲ။ အခုလည်း ကုန်ပစ္စည်းတွေ ကလည်း ဈေးတက်တော့ ဝယ်ဖို့ကလည်းခက်တယ်။ အခုပိုဆိုးတာက ဂိတ်တွေမှာ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးတွေ ပေးမသယ်တော့ဘူး” ဟု အထက်ပါ အသက်၃၀ ကျော်အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။ အလားတူ ဖယ်ခုံ- ပင်လောင်းနယ်စပ်အနီး စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားများ ပြုလုပ်လာနေသောကြောင့် ဒေသခံများ အနေဖြင့် ဘီလူးချောင်းအတွင်း ညဘက်စက်လှေများ သွားလာခြင်းနှင့် ညအချိန်ငါးရှားခြင်း မပြုလုပ် ကြရန်လည်း အင်းလေးပြည်သူ့ကာကွယ်ရေး IPDF ကမတ်လ ၈ ရက်မှာ ပူးတွဲစာ ထုတ်ပြန်ခဲ့သည်။
ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ် စစ်ကောင်စီ ငွေအမြောက်အမြား ကောက်နေ
ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ်တွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး ငွေကြေး အမြောက်အမြားတောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် ဖြတ်သန်းသွားလာသော ပြည်သူများကို ယခုဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းတွင် စစ်ဆေးမှုများ တင်ကြပ်နေပြီး၊ ငွေကြေးကောက်ခံ မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ဆောင်းပြောင်းဂိတ်က စစ်ကောင်စီတွေကိုလည်း ပေးရတာပဲ။ လွိုင်ကော်ထိ...
ပင်လောင်းမြို့ရှိ ဒေသခံများထံ PNO မှ လုံခြုံရေးဟုဆိုပြီး ဆက်ကြေး ကောက်ခံ
SHAN -
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ပအိုဝ်းပြည်သူ့စစ် (PNO) မှ ဆက်ကြေးကောက်ခိုင်းသဖြင့် ကျေးရွာလူကြီးမှ အစည်းအဝေး ခေါ်ကာ အိမ်တိုင်းကို ပိုက်ဆံကောက်ခံနေကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ စုံစမ်းသိရသည်။ "ဘာအတွက် ကောက်တာလဲဆိုတော့ အရင်ကတော့ ရွာတစ်ရွာမှာ လုံခြုံရေးအတွက် သေနတ် (၂) လက် ဝယ်ဖို့လိုတယ်...
တောင်စလုံး တိုက်ပွဲကြား အရပ်သား နေအိမ် ၂၂၀ ကျော် ပျက်စီးဆုံးရှုံး
သျှမ်းပြည် ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့၏ အကြားတိုက်ပွဲကြောင့် အရပ်သား နေအိမ် ၂၂၀ ကျော် ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှ ယနေ့ ဇွန်လ ၉ ရက်အထိ ၃ လ...
ပင်လောင်းမြို့နယ်အတွင်း အရပ်သား သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် လယ်ခြားကျေးရွာထဲတွင် အရပ်သားတစ်ဦး မျက်လုံးဖောက်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် ပင်လောင်းမြို့နယ် တောင်စလုံး နှင့် မြောက်စလုံးကျေးရွာကြား လယ်ခြားကျေးရွာထဲကို KNDF/BO 11 တပ်ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရေး...
ပင်လောင်းမြို့ဝင် စစ်ဆေးရေးဂိတ် ပိုတင်းကြပ် စားနပ်ရိက္ခာ နဲ့ ဆေးဝါး တင်ပို့ရခက်ခဲ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာ နှင့် ဆေးဝါး သယ်ယူမှု အကန့်အသတ်ကို တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပိုမိုတင်းကြပ်လာသဖြင့် ဒေသခံများ အခက်ခဲကြုံတွေ့နေရကြောင်း စုံစမ်း သိရှိရသည်။ အောင်ပန်းလမ်းခွဲမှ ပင်လောင်းမြို့သို့ သွားလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယခင်က ဆန်၊ ဆီ၊ ဆား...
ပင်လောင်းမြို့နယ် ဒေသခံများထံ PNO မှ အကြောင်းပြချက်မျိုးစုံ ပိုက်ဆံတောင်း
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်းရှိ ဒေသခံများထံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ အကြောင်းပြချက် အမျိုးမျိုးယူပြီး စစ်ရိက္ခာအတွက် ပိုက်ဆံတောင်းခံနေလျက်ရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလပိုင်းမှစပြီး ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းဒေသရှိ ကျေးရွာဒေသခံများထံ ပြည်သူ့စစ် PNO မှ ကျည်ဆံဖိုးအတွက်ဆိုပြီး တစ်အိမ်ကို ၇ သောင်း ကောက်ခံခဲ့ပြီး...
တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် ကောင်းမဲသင်းကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း နှင့် နေအိမ်တစ်ချို့ ပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ (ပုံ - SAN AUNG) ပင်လောင်းမြို့နယ် ကောင်းမဲသင်းရွာ ဘုန်းကြီးကျောင်း လက်နက်ကြီး ကျ ပျက်စီး ၂ လနီးပါး ပင်လောင်းမြို့နယ် နှင့်...
ဖယ်ခုံ – ပင်လောင်းမြို့နယ် စစ်ကောင်စီ အင်အားဖြည့် နေ့စဥ်တိုက်ပွဲဖြစ်ပွားနေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်ရှိ ကျေးလက်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲ အချိန်မရွေး နေ့စဉ် နီးပါးဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၄ ရက်)မှစပြီး သျှမ်း - ကယားနယ်စပ်ဒေသ တလျှောက်ရှိ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲဘက်တွင် စစ်ကောင်စီတပ်ဖွဲ့...
ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲခဲ့ကြောင်း သတင်းသိရှိရသည်။ ယမန်နေ့ (မတ်လ ၂၈ ရက်) နေ့လည်ပိုင်း ၁ နာရီအချိန်မှစပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို တိုက်လေယာဉ်တစ်စီး လာရောက်ပျံဝဲကာ ဗုံးကြဲချသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF (KK)...






