ပင်လောင်းမြို့ရှိ ဒေသခံများထံ PNO မှ လုံခြုံရေးဟုဆိုပြီး ဆက်ကြေး ကောက်ခံ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ပအိုဝ်းပြည်သူ့စစ် (PNO) မှ ဆက်ကြေးကောက်ခိုင်းသဖြင့် ကျေးရွာလူကြီးမှ အစည်းအဝေး ခေါ်ကာ အိမ်တိုင်းကို ပိုက်ဆံကောက်ခံနေကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ စုံစမ်းသိရသည်။

“ဘာအတွက် ကောက်တာလဲဆိုတော့ အရင်ကတော့ ရွာတစ်ရွာမှာ လုံခြုံရေးအတွက် သေနတ် (၂) လက် ဝယ်ဖို့လိုတယ် ပြောတယ်။ ရေဖိုး၊ ဆန်၊ မိုင်းရှင်းခ၊ ကားဝယ်ဖို့ ဆိုပြီး ကောက်တာမျိုးတွေ ရှိတယ်။ ဥပမာ – တစ်ရွာမှာ သိန်း (၂၀၀) လို့ သတ်မှတ်ရင် တချို့ရွာတွေမှာ အိမ်ခြေနည်းတော့ တစ်အိမ်ကို (၁) သိန်း နီးပါးလောက် ကျသွားတာမျိုးရှိတယ်” ဟု ဒေသခံ တစ်ဦးမှ ပြောသည်။

ထိုကဲ့သို့ ဆက်ကြေးများ စတင် ကောက်ခံနေသည်မှာ သျှမ်းပြည် တောင်ပိုင်း ပင်လောင်း နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားချိန် မတ်လလောက်ကတည်းကဟု သိရှိရသည်။

“ကောက်တာတော့ ကြာပြီ။ (၉) လပိုင်းတုန်းက တစ်ခါပေးရသေးတယ်။ တစ်ခါကောက်ရင် (၃) သောင်း ရှိတယ်၊ (၅) သောင်းရှိတယ်။ သူတို့ လာကောက်တဲ့ အချိန် ပေးရတယ်။ အတိကျ သတ်မှတ်ထားတာတော့ မရှိဘူး။ လာကောက်တဲ့အချိန် မပေးရင်တော့ ရွာမှာ အပြောခံရတာပေါ့။ နင်ကဘာလဲဆိုပြီး မျက်နှာရှုံ့ကြတယ်” ဟု ၎င်းမှ ထပ်လောင်းပြောသည်။

ယခုကဲ့သို့ ကုန်ဈေးနှုန်းများ တက်ပြီး စားဝတ်နေရေးမှာလည်း ခက်ခဲနေသည့် အချိန်တွင် ဆက်ကြေးကောက်သည့် ကိစ္စ နှင့် ပတ်သက်ပြီးလည်း စိတ်ပူပန်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကုန်ဈေးနှုန်းတွေက တက်နေတာ၊ ကျမတို့ စိုက်တဲ့ အသီးအနှံတွေက ဈေးကောင်းနဲ့ မရောင်းရတော့ အဆင်တော့ မပြေဘူးပေါ့။ တဖက်က အခွန်အခတွေ များတော့ စားဝတ်နေရေးအတွက် ကြပ်တယ်။ စားဝတ်နေရေးအတွက်ထက် သူတို့က ပိုက်ဆံ လာကောက်ရင် မရှိမှာစိုးလို့ အဲ့ဒါကို အရေးထားပြီး စုထားရသလိုမျိုးလည်း ဖြစ်တာပေါ့” ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောကြားသွားသည်။

ပအိုဝ်းပြည်သူ့စစ် (PNO) သည် ပင်လောင်းမြို့နယ် တစ်ခုတည်းတွင်သာမကပဲ သျှမ်းပြည် တောင်ပိုင်းရှိ တချို့မြို့နယ်များတွင်လည်း ဆက်ကြေးများ ကောက်ခံလျက် ရှိကြောင်း သိရှိရသည်။

နော်လာဝါ မှ သတင်းပေးပို့ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...