တိုက်ပွဲ
နေရပ်မပြန်နိုင်သေးသည့် ပင်လောင်းမြို့နယ် စစ်ဘေးရှောင် ၆,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူညီလိုအပ်
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် (၂) နှစ်ကျော်ကြာ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ (၆,၀၀၀) ဝန်းကျင်အတွက် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေကြောင်း သိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းက ပင်လောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့်...
လားရှိုးမြို့ထဲ စစ်ကော်မရှင်တပ်နှင့် MNDAA ထပ်မံတွေ့ဆုံဆွေးနွေး
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ ကိုးကန့်တပ်ဖွဲ့ MNDAA လုံခြုံရေးယာဉ်တန်းများ ဝင်ရောက်လာပြီး ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA...
လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံး
သျှမ်းပြည် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဗုံးမှန်ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး ရောဂါအခံဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တိန်ရွာနေ အသက်...
ဖားကန့်ဒေသ တိုက်ပွဲကြောင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်
ကချင်ပြည် ကျောက်စိမ်းထွက်သည့် ဖားကန့်ဒေသတွင် စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာသဖြင့် ဒေသခံများအခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် အဓိကကုန်သွယ်ရေး လမ်မကြီး နှစ်လမ်းဖြစ်သည့် မြို့တောင်ဘက်ရှိ ဖားကန့်-အင်းတော်ကြီးလမ်းကို စစ်ကော်မရှင်တို့က ပိတ်ထားမှုကြောင့် လက်ရှိတွင်...
TNLA ထိန်းချုပ်ဒေသတွင် စစ်ကော်မရှင်တပ် တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ပြည်သူ ၅၀ နီးပါးသေဆုံး
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်အပါအဝင် ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံ မြို့နယ်တွင် စစ်ကော်မရှင်တပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သြဂုတ်လအတွင်း ပြည်သူ (၄၆) ဦး သေဆုံးခဲ့ရကြောင်း TNLA က ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ထိုသေဆုံးမှုတွင်...
မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့ စစ်ဗုံး
“ခမ်း နင့်သမီး ဆုံးပြီ” ဟု သျှမ်းဘာသာစကားဖြင့် ပြောလာသည်။ ထို့နောက် နန်းခမ်းတစ်ယောက် တစ်ဖက်လူ၏ မျက်နှာကို စေ့စေ့ကြည့်လျက် မျက်တောင်မခတ်ဘဲ မတုန်မလှုပ် အသက်ရှူရန်ပင် မေ့သွားသည့်အတိုင်း အံ့ဩမှင်သက်နေခဲ့သည်။ နောက်ထပ် မိနစ်အနည်းငယ် အကြာတွင်မှ “ငါ့ သမီးလေး …”ဟု မျက်ရည်ပေါက်ကြီးငယ် ကျလာလေ၏။ နန်းခမ်းသည် စိတ်ကို ချုပ်တည်းမနေတော့ဘဲ...
ကျောက်မဲမြို့နယ် နောင်ပိန်အနီး လေကြောင်းဗုံးနှင့် သေနတ်ပစ်ခတ်မှုကြောင့် ပိတ်မိပြည်သူ (၅) ဦးထက်မနည်း ထပ်မံသေဆုံး၊ ဂုတ်တွင်းထဲ တိုက်ပွဲပြင်းထန်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် တိုက်ပွဲကြား လေကြောင်းဗုံးနှင့် သေနတ်ပစ်ခတ်မှုကြောင့် ပိတ်မိပြည်သူ (၅) ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၄ ရက်) ညနေပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ်...
ကျောက်မဲ-နောင်ချိုကြား ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရ
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရပြီး တံတားချဉ်းကပ်နေရာ ကျိုးပဲ့ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် နောင်ချိုမြို့နယ် ဂုတ်ထိပ်ရွာကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရပြီး နောင်ပိန်ဘက်ခြမ်း တံတားချဉ်းကပ်တိုင်နေရာတွင် ကျိုးပဲ့ပျက်စီးနေကြောင်း ယနေ့ (ဩဂုတ်လ ၂၄ ရက်) နံနက်ပိုင်း၌ အွန်လိုင်းလူမှုကွန်ရက်...
ကျောက်မဲမြို့နယ် တိုက်ပွဲကြောင့် ကျေးရွာ ၁၀ရွာ မှ ဒေသခံ ၃ ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နှင့် တိုက်ပွဲပြင်းထန်မှုတို့ကြောင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံထောင်နှင့်ချီဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၁၈ ရက်) စတင်ပြီး စစ်ကောင်မရှင်တပ်သည် နောင်ပိန်ရွာနှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့် ထန်းတပင်ကျေးရွာဘက်သို့ စစ်အင်အား (၇၀၀)...
ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ Y-12 လေယာဉ် ဗုံး(၃၀)ကျော်ကြဲချ၊ ဂုတ်တွင်းထဲ တိုက်ပွဲပြင်းထန်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲ စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်ဖြင့် ဗုံးအလုံး(၃၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး ဂုတ်တွင်းထဲတွင် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၁ ရက်) တွင် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး တစ်ရက်တည်း Y-12 လေယာဉ်ဖြင့် နေ့လယ်ပိုင်း နှစ်ကြိမ်၊...





