ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA ထိန်းချုပ်ထားသော ကျောက်မဲနှင့် သီပေါမြို့အတွင်းသို့ လမ်းလျှောက်၊ ဆိုင်ကယ်၊ လိုင်းကားနှင့် အိမ်ကားဖြင့်လည်းကောင်း၊ သူဌေး၊ သူတောင်းစား၊ ခရီးသွား အယောင်ဆောင်၍လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် အသွင်ယူ ဝင်ရောက်ပြီး သတင်းများ ထောက်လှမ်းခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့ကို TNLA ဘက်မှ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်စဉ် ဖမ်းဆီးရမိကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

“သူတို့ကို ဒလန်ဖြစ်ကြောင်း ကျမတို့ ဘယ်လို အတည်ပြုနိုင်လဲ ဆိုတော့ သူတို့ကို ဖမ်းဆီးစစ်ဆေးမေးမြန်းတဲ့ အချိန်မှာ သူတို့ကိုယ်၌က ထုတ်ပြောတာမျိုးတွေ ရှိပါတယ်။ အဓိကတော့ သူတို့တွေဟာ စကစ လွတ်ပေးတဲ့ သတင်းပေးတွေ ဖြစ်တယ်၊ ထောက်လှမ်းရေးတွေ ဖြစ်တယ်။ တစ်ဘက်မှာလည်း သူတို့ကိုယ်၌က ဒါတွေလုပ်ပြီး စကစကို သတင်းတွေ တင်ပြပေးတာ။ အထူးသဖြင့် တော်လှန်ရေး လှုပ်ရှားမှုတွေ၊ သွားလာမှုတွေ၊ လေကြောင်းပစ်မှတ်တွေ ပေးနေတာရှိပါတယ်”ဟု TNLA ၏ ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်၏ စရဖနှင့် သတင်းပေးသူဟု အတည်ပြုနိုင်သူ (၁၁) ဦးရှိပြီး ကျန်ရှိသည့် အခြားလူများကို စစ်ဆေးမေးမြန်းနေဆဲ ဖြစ်ကြောင်း လွေးယေဦးက ပြောသည်။

စရဖနှင့် သတင်းပေးသူများသည် အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာတွင် လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေး ကွမ်းယာဆိုင်နှင့် လူရှင်းသည့် နေရာများတွင် လူချင်းတွေ့ပြီး တစ်ဦးနှင့်တစ်ဦး သတင်းပေးကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ထို့နောက် အွန်လိုင်း ပလက်ဖောင်းများဖြစ်သည့် Viber ၊ Facebook ၊ Wechat နှင့် Telegram များ အသုံးပြု၍ စစ်ကော်မရှင်ထံ သတင်းပေးပို့ခဲ့ကြကြောင်း သိရသည်။

ထိုထဲတွင် စစ်ကော်မရှင် ထောက်ခံသူအပြင် အရပ်သားအချို့လည်း ပါဝင်ကြောင်း TNLA ၏ ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ပြောသည်။

“ကျမတို့ စုံစမ်းမေးမြန်းတဲ့ အထဲမှာဆိုရင် အရပ်သားတွေလည်း ပါပါတယ်။ တချို့ကတော့ သူတို့အဖွဲ့ဝင်လည်း ဟုတ်သလို တချို့တွေလည်း အဖွဲ့ဝင်မဟုတ်ဘဲနဲ့ စစ်တပ်ကို အားပေး အားမြောက် လုပ်နေကြတဲ့ သူတွေလည်း ရှိပါတယ်” ဟု လွေးယေဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်တွင်လည်း စစ်ကော်မရှင်တပ်၏ သတင်းပေးဟု စွပ်စွဲပြီး ကျောက်မဲမြို့ ပင်ပေါကြီးရွာမှ ဒေသခံ စုစုပေါင်း (၃၀) ခန့်ကို TNLA မှ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ဖမ်းဆီးသွားသည့် ပင်ပေါကြီးရွာဒေသခံ အများစုကို TNLA မှ ပြန်လွှတ်ပေးသော်လည်း (၁၁) ဦးကို ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရသည်။

“အဲ့နေ့က ဖမ်းဆီးရတဲ့ထဲမှာ ဒလန်ဆိုပြီး ပြည်သူက သတင်းပေးတာ ရှိတယ်။ တိုင်ကြားတာမျိုး ရှိတော့ ကျမတို့ဘက်က သွားရောက် စစ်ဆေးမေးမြန်းတာ ဖြစ်တယ်။ တော်တော်များများကတော့ ပြန်လွတ်ပေးနေတဲ့ အခြေအနေမှာ ဖြစ်တယ်။ လောလောဆယ် ကျန်ရစ်နေတဲ့ သူကိုတော့ ဆက်လက်မေးမြန်း ဆောင်ရွက်သွားမယ်။ တကယ်လို့ တွေ့ရှိချက်က ဒလန်မဟုတ်ဘူး၊ ပြည်သူတွေသာ ဖြစ်တယ်ဆိုရင် ပြန်လွှတ်ပေးမှာ ဖြစ်တယ်” ဟု လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းတွင် နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့ ပင်ပေါက်ကြီး ဈေးဆိုင်တန်းတွင် ဈေးရောင်းနေစဉ် ၎င်းကို စစ်တပ်သတင်းပေးဟု စွပ်စွဲကာ TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

TNLA သည် စစ်ရေးအရ အရေးပါသော နောင်ချိုမြို့ကို ဇူလိုင်လ ၁၆ ရက်နေ့က စစ်ကော်မရှင်တပ်ထံ လက်လွတ်ရပြီးနောက် လက်ရှိ ကျောက်မဲမြို့ကို ခံစစ်အဖြစ် ခုခံတိုက်ခိုက်လျက်ရှိရာ ကျောက်မဲမြို့နှင့် (၇) မိုင်ခန့်သာ ကွာဝေးသည့် စခန်းသာရွာတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...