တာချီလိတ်
တရုတ်ပြည်က မှောင်ရိပ်ခို စီးပွားရေးသမား တာချီလိတ်မှာ ကြီးထွား
SHAN -
“ ဟိုတယ် အားလုံးနီးပါးက လောင်းကစားတွေဖွင့်ထားတယ်။ အွန်လိုင်းလောင်းကစားတွေ ကာစီနိုတွေ အစုံပါပဲ” လို့ အသက် ၃၀နှစ်အရွယ် တာချီလိတ် အွန်လိုင်းလောင်းကစား လုပ်ကိုင်နေတဲ့ ကိုဝဏ္ဏ (အမည်လွှဲ)က ပြောပါတယ်။ အွန်လိုင်းလောင်းကစားကို ဟိုတယ်တွေမှာ အခန်းတွေ ငှားရမ်းပြီး တရားမဝင်ပဲ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်နေကြပါတယ်။ အဲ့ဒီနေရာကတော့ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ကပါပဲ။ ကိုဗစ်ကြောင့်...
မြန်မာ – ထိုင်း နှစ်နိုင်ငံ က သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်တွေ တောင်ကြီးမြို့မှာ တွေ့ဆုံဆွေးနွေး
မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးအကြား (၃၄) ကြိမ်မြောက် ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC) ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ထိုင်းနိုင်ငံဘက်က အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး အဖီချိတ်ဆုဆတ် အဖွဲ့နဲ့ မြန်မာဘက်က...
ပျံကျစျေးသည်များ လမ်းဘေးစျေးမရောင်းရန် စည်ပင်များ ပိတ်ပင်
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် စားဝတ်နေရေးအတွက် ပျံကျစျေးသည်များ စျေးရောင်းရာမှာ မြို့နယ်စည်ပင်က ၃ ရက် အတွင်း ဖယ်ရှားပေးရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ လမ်းဘေးဈေးသည်များသည် လူသွားလမ်း ပလက်ဖောင်းပေါ်တွင် ကျူးကျော်ပြီး ရောင်းနေသည့်အတွက် မြို့နယ်စည်ပင်က (၃) ရက်အတွင်း...
တာချီလိတ် ဗုံးပေါက်ကွဲမှုပါ၀င်သူဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်းကြိုးမိန့်ပေးခံရ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့လယ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်း ကြိုးမိန့်ပေးခံလိုက်ရကြောင်း သတင်းသိရသည်။ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် တာချီလိတ်ခရိုင် တရားသူကြီးမှ အမိန့်ချ လိုက်ခြင်းဖြစ်ပြီး အမိန့်မချခင်ကာလမှာ စစ်ကြောရေးအတွင်း ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးခံထားရကြောင်းလည်း တာချီလိတ်မြို့မှ ဥပဒေ ပညာရှင်...
တာချီလိတ် – မယ်ဆိုင် အမှတ် (၁) တံတားကို ဖွင့်လှစ်ရန် နယ်စပ်ပြည်သူများ မျှော်လင့်နေ
သျှမ်းပြည်အရှေ့ပိုင်း မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေး အမှတ် (၁) တံတားများဖွင့်လှစ်ရန် နယ်စပ်ပြည်သူများ မျှော်လင့်ခဲ့သော်လည်း ယနေ့ချိန်ထိ မဖွင့်လှစ်သေးကြောင်း စုံစမ်းသိရသည်။ယနေ့ ဇွန် ၁ ရက်နေ့တွင် တံတားကို ဖွင့်လှစ်ပေးမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တံတားမဖွင့်လှစ်နိုင်သည့်အတွက် နယ်စပ်...
တာချီလိတ်မြို့ တပ်ထွက် စတိုးဆိုင် ဗုံးပေါက်၊ဆိုင်၀န်ထမ်း (၄)ဦး ဒဏ်ရာရ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ စစ်တပ်ထွက် “အဆွေတော်” မီနီမတ် စတိုးဆိုင် ယမန်နေ့ (မေ ၉ ) ရက် ည (၈) နာရီဝန်းကျင်က ဗုံး (၂) လုံးပေါက်ကွဲခဲ့ပြီး ဆိုင်ဝန်ထမ်း (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ “ မနေ့က ဗုံး...
ထိုင်းနိုင်ငံမှ နေရပ်ပြန် လာသည့်သူ ၁၉၀ ကျော် Quarantine ၇ ရက်၀င်ရ
SHAN -
မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူ (၁၉၀) ကျော် Quarantine (၇)ရက် ၀င်ရကြောင်း စုံစမ်းသိရသည်။ နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမား ဧပြီ (၂၄) ရက် ယမန်နေ့ မနက် (၁၀) နရီခန့်တွင် မြန်မာ...
တာချီလိတ်မြို့သို့ စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ်လာသည့်ရက် စျေးဆိုင်(၃)ရက် ပိတ်ရ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ရောက်ရှိလာမည်ဖြစ်သဖြင့် ပျံကျ စျေးသည်များ စျေးဆိုင် (၃)ရက် ပိတ်ထားရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအရှေ့ဘက်၊ အမှတ် (၁)နှင့် (၂)တံတား၊ ဗိုလ်ချုပ်လမ်းမကြီးတလျှောက်ရှိ အစားအသောက်ရောင်းချမည့် ပျံကျစျေးသည်များ ပိတ်ထားရမည်ဖြစ်ကြောင်း ဒေသခံအမျိုးသမီး တစ်ဦးထံမှ သိရသည်။ “မနေ့ညက ရဲတွေလည်း ရှုပ်နေတာ၊...
တာချီလိတ်မှာ သူခိုး၊ ဓားပြ၊ လုယက်မှုတွေ များလာပြီး ဒေသခံ လုံခြုံမှုအတွက် စိုးရိမ်နေရ
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မကြာခဏ ပစ္စည်းခိုးယူမှု၊ လုယက်ခံရမှု နှင့် ဓားပြတိုက်မှုများ ပိုမိုဖြစ်ပွားလာတဲ့အတွက် ဒေသခံများ၏ လုံခြုံရေး စိုးရိမ်နေရပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီမှာက နယ်စပ်မြို့ဖြစ်ပြီး လူပေါင်းစုံရှိတယ်လေ။ ဆိုင်ကယ်တွေ ခိုးခံရတယ်။ ဓားပြတိုက်တာ၊ ပစ္စည်းလုတာတွေရော ခဏခဏကို ကြားနေရတာ ဆိုတော့ ကျမတို့အတွက်က...
တာချီလိတ်မြို့ စစ်တပ်ထောက်ခံပွဲ ဗုံးခွဲတိုက်ခိုက်ခံရ စစ်သားများ ထိခိုက်ဒဏ်ရာရသူရှိ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၁)ရက် စစ်တပ်ထောက်ခံပွဲ ပြုလုပ်ရာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သားများ ရမ်းသမ်းပစ်ခတ်မှုကြောင့် တပ်သားဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အယောင်ပြထောက်ခံပွဲ ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်နေစဥ် ဗုံးခွဲတိုက်ခိုက် ခံရတာဖြစ်ကြောင်း သတင်းသိရသည်။ “နေ့လည် ၁၂ ခွဲလောက်က...





