စစ်ကောင်စီကို ဝေဖန်ရေးသားသည့်စာ လူမှုကွန်ရက်ပေါ်တင်သည့် CDM ကျောင်းဆရာမ တစ်ဦး ဖမ်းခံရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုတွင် နေထိုင်သည့် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ CDM ကျောင်းဆရာမ သည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “ဝင်ငွေမရှိပါဘူးဆို ဖုန်းကပျက်သေး ငိုးမ မအလ” ဟု ရေးသားဖော်ပြထားမှုကြောင့် အောက်တိုဘာ (၂၃) ရက်နေ့ ညပိုင်းတွင် ဆရာမ နှင့် ၎င်း၏အမျိုးသားကိုပါ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဆရာမက သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီ ကို ဆဲဆိုထားတဲ့ အသုံးအနှုန်း ရေးသားထားလို့ လာဖမ်းသွားတယ်။ စစ်ကောင်စီကို သတင်းသွားပေးလို့ နေမှာပေါ့။ စစ်ကောင်စီ နဲ့ ရဲတွေက သတင်း အချက်အလက်ရပြီး လာဖမ်းသွားတယ်။ သူပို့စ်က သူ့ယောကျာ်းအကောင့်ပါ တွဲထားတော့ သူ့ယောကျာ်းပါ ဖမ်းသွားတယ်” ဟု ၎င်း ဒေသခံ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် သူ ၂ ဦး

CDM ကျောင်းဆရာမဖြစ်သူ ဒေါ်ခင်လတ်လတ်ထွေး နှင့် အမျိုးသား ဖြစ်သူ ကိုဇော်မင်းဦး တို့ နှစ်ဦးကို အောက်တိုဘာ (၂၅) ရက်နေ့က တာချီလိတ်မြို့ ဟောင်လိတ် ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၅၀၅-က) ဖြင့် အမှုဖွင့်ထားကာ ဖမ်းဆီးထားကြောင်း နီးစပ်သူ အသိုင်းအဝိုင်းမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းကတော့ ကျနော်တို့ ရွာမှာရှိတဲ့ စာသင်ကျောင်းမှာ စာသင်ပေးနေတဲ့ ဆရာမ။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ဆရာမက CDM ဝင်သွားတာ။ အခု သူတို့ မိသားစုတွေက အခန်းဌားပြီး နေနေတာ။ တချို့တွေက ဆရာမနဲ့ မတည့်တာ၊ ဆရာမကို မနာလိုတာကြောင့် စကစကို သတင်းတွေ သွားပေးလို့ ဖြစ်မယ်။ အဲ့ကြောင့် အခုလိုဖမ်းခံရတယ် “ ဟု မန်ယန်းကျေးရွာဒေသခံ တစ်ဦး ကပြောသည်။

CDM ဝင်ထားသော ကျောင်းဆရာမ ဒေါ်ခင်လတ်လတ်ထွေးသည် မယ်ယန်းကျေးရွာ အ.ထ.က အထက်တန်းကျောင်းတွင် အလယ်တန်းပြ ဆရာမတစ်ဦးဖြစ်သည်။

ထို့အပြင် စစ်အာဏာသိမ်းပြီး ၂ နှစ် နီးပါး ကာလအတွင်း မယ်ယန်းကျေးရွာတွင် ပြည်သူ ၄ ဦး ဖမ်းဆီးခံထားရပြီး သျှမ်းပြည်အတွင်းရှိ ပြည်သူများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF နှင့် ပတ်သက်မှုများဖြင့် စွပ်စွဲခံထားရပြီး ဖမ်းဆီးခံထားရသော ပြည်သူ အများပြားရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာပြီးနောက်ပိုင်း ၂၀၂၂ အောက်တိုဘာ ၂၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း (၁၂,၇၅၄) ဦး ရှိနေပြီး ၎င်းတို့အနက်မှ (၁,၅၉၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း အောက်တိုဘာ ၂၅ ရက်စွဲဖြင့် AAPP ၏ ထုတ်ပြန်ချက်မှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...