Wednesday, January 28, 2026

Harry Potter KTV အကြောင်းရေးတင်သည့် စွပ်စွဲချက်ဖြင့် ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီး ၃ ဦး အလုပ်ထုတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ဟုန်ပန်းကွင်းအတွင်းဖွင့်ထားသည့် Harry Potter KTV အကြောင်းကို ရေးတင်သည့် စွပ်စွဲချက်ဖြင့် ဝန်ထမ်း ၁ ဦး ဖမ်းဆီးခံထားရပြီး၊ ၃ ဦး အလုပ်ထုတ်ခံရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်တွင် Harry Potter KTV မှ ဝန်ထမ်းများကို လစာတိုးပေးရန် တောင်းဆိုမှုတွင် ဦးဆောင်ခြင်း၊ ဆိုရှယ်မီဒီယာ (Facebook ) ပေါ်တင်ခြင်းစသည့် စွပ်စွဲချက်များဖြင့် ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီး၊ ဝန်ထမ်း ၃ ဦးကိုလည်း အလုပ်ထုတ်လိုက်ရသည်။

လက်ရှိ Harry Potter KTV ၏ ဖြစ်စဥ်နှင့် အကြောင်းရင်းများကို အပြင်သို့ မပေါက်ကြားစေရန် ဝန်ထမ်းများကို ခြိမ်းခြောက်ပြောဆိုထားသည်ဟု နီးစပ်သူ ဒေသခံပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လစာတိုး မပေးတဲ့ကိစ္စကို လိုင်းပေါ်ရေးတင်လို့ ဆိုပြီး ဝန်ထမ်း ကောင်မလေး တစ်ယောက်ကို ဖမ်းထားတယ်။ စစ်ကောင်စီတပ်ဖွဲ့က လာဖမ်းတာတော့မဟုတ်ဘူး။ စစ်ပြောက်ကျားဝတ်စုံနဲ့လာဖမ်းတယ်။ အဲ့ KTV ကလုံခြုံရေးဝန်ထမ်းတွေကလည်း စစ်ပြောက်ကျားဝတ်စုံပဲဝတ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

Harry Potter KTV

Harry Potter KTV သည် “ဝ” စီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှ ပိုင်ဆိုင်ထားသည်ဟု သတင်းသိရပြီး အာဏာပိုင်များ က ထိုနေရာများနှင့်ပတ်သက်သော အမှုများကို ရှောင်ကြဥ်ကြသည်။

“ဒီနေရာမှာ စကစ/စရဖတွေက ဘာမှမလုပ်နိုင်ဘူး။ ရဲကအစ ဝင်ကိုမပတ်သက်တာ အခုလည်း ဒီအကြောင်းကို အပြင် ရေးရင် ပြောရင် “ဝ” တပ်နဲ့ လာဖမ်းခိုင်းမယ်လို့ဆိုပြီး ခြိမ်းခြောက် ထားပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိဖမ်းဆီးခံထားရသည့် Harry Potter KTV မှ အမျိုးသမီးဝန်ထမ်းသည် မည်သည့်နေရာသို့ ဖမ်းခေါ်သွားသည် ကို မသိရကြောင်း နှင့် ကျန်ရှိ ဝန်ထမ်းများလည်း ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ပုံမှန်အတိုင်း အလုပ် ဆင်းနေရ ကြောင်းလည်း သိရသည်။

“အဲ့မှာ အသွားများတာတော့ ထိုင်း၊ တရုတ်၊ ဗီယက်နမ်က ဖြစ်ကြတယ်။ တွေ့သလောက်တော့ ရန်ခိုက်မှုက နည်းတယ်၊ လုံခြုံရေးတွေက တအားစောင့်ကြပ်တယ်လေ။ အဲ့မှာက “ဝ” တွေပဲအသုံးပြုပုံရတယ်။ ပုံစံကိုက စစ်သားရုပ်ပဲ” ဟု Harry Potter KTV သို့ သွားရောက် လည်ပတ်ဖူးသူ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့သည် မြန်မာ – ထိုင်း နယ်စပ်မြို့ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းအများစုမှာ KTV၊ Bar၊ ကလပ်၊ တရားမဝင် ကာစီနိုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ပေါများလာသည့်အပြင် ထိုင်း၊ တရုတ်၊ ဗီယက်နမ် နှင့် လာအို မှ စီးပွားရေးသမားများ၊ အလုပ်သမားများ တရားမဝင်လာရောက်နေထိုင်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...