Harry Potter KTV အကြောင်းရေးတင်သည့် စွပ်စွဲချက်ဖြင့် ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီး ၃ ဦး အလုပ်ထုတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ဟုန်ပန်းကွင်းအတွင်းဖွင့်ထားသည့် Harry Potter KTV အကြောင်းကို ရေးတင်သည့် စွပ်စွဲချက်ဖြင့် ဝန်ထမ်း ၁ ဦး ဖမ်းဆီးခံထားရပြီး၊ ၃ ဦး အလုပ်ထုတ်ခံရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်တွင် Harry Potter KTV မှ ဝန်ထမ်းများကို လစာတိုးပေးရန် တောင်းဆိုမှုတွင် ဦးဆောင်ခြင်း၊ ဆိုရှယ်မီဒီယာ (Facebook ) ပေါ်တင်ခြင်းစသည့် စွပ်စွဲချက်များဖြင့် ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီး၊ ဝန်ထမ်း ၃ ဦးကိုလည်း အလုပ်ထုတ်လိုက်ရသည်။

လက်ရှိ Harry Potter KTV ၏ ဖြစ်စဥ်နှင့် အကြောင်းရင်းများကို အပြင်သို့ မပေါက်ကြားစေရန် ဝန်ထမ်းများကို ခြိမ်းခြောက်ပြောဆိုထားသည်ဟု နီးစပ်သူ ဒေသခံပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လစာတိုး မပေးတဲ့ကိစ္စကို လိုင်းပေါ်ရေးတင်လို့ ဆိုပြီး ဝန်ထမ်း ကောင်မလေး တစ်ယောက်ကို ဖမ်းထားတယ်။ စစ်ကောင်စီတပ်ဖွဲ့က လာဖမ်းတာတော့မဟုတ်ဘူး။ စစ်ပြောက်ကျားဝတ်စုံနဲ့လာဖမ်းတယ်။ အဲ့ KTV ကလုံခြုံရေးဝန်ထမ်းတွေကလည်း စစ်ပြောက်ကျားဝတ်စုံပဲဝတ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

Harry Potter KTV

Harry Potter KTV သည် “ဝ” စီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှ ပိုင်ဆိုင်ထားသည်ဟု သတင်းသိရပြီး အာဏာပိုင်များ က ထိုနေရာများနှင့်ပတ်သက်သော အမှုများကို ရှောင်ကြဥ်ကြသည်။

“ဒီနေရာမှာ စကစ/စရဖတွေက ဘာမှမလုပ်နိုင်ဘူး။ ရဲကအစ ဝင်ကိုမပတ်သက်တာ အခုလည်း ဒီအကြောင်းကို အပြင် ရေးရင် ပြောရင် “ဝ” တပ်နဲ့ လာဖမ်းခိုင်းမယ်လို့ဆိုပြီး ခြိမ်းခြောက် ထားပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိဖမ်းဆီးခံထားရသည့် Harry Potter KTV မှ အမျိုးသမီးဝန်ထမ်းသည် မည်သည့်နေရာသို့ ဖမ်းခေါ်သွားသည် ကို မသိရကြောင်း နှင့် ကျန်ရှိ ဝန်ထမ်းများလည်း ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ပုံမှန်အတိုင်း အလုပ် ဆင်းနေရ ကြောင်းလည်း သိရသည်။

“အဲ့မှာ အသွားများတာတော့ ထိုင်း၊ တရုတ်၊ ဗီယက်နမ်က ဖြစ်ကြတယ်။ တွေ့သလောက်တော့ ရန်ခိုက်မှုက နည်းတယ်၊ လုံခြုံရေးတွေက တအားစောင့်ကြပ်တယ်လေ။ အဲ့မှာက “ဝ” တွေပဲအသုံးပြုပုံရတယ်။ ပုံစံကိုက စစ်သားရုပ်ပဲ” ဟု Harry Potter KTV သို့ သွားရောက် လည်ပတ်ဖူးသူ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့သည် မြန်မာ – ထိုင်း နယ်စပ်မြို့ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းအများစုမှာ KTV၊ Bar၊ ကလပ်၊ တရားမဝင် ကာစီနိုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ပေါများလာသည့်အပြင် ထိုင်း၊ တရုတ်၊ ဗီယက်နမ် နှင့် လာအို မှ စီးပွားရေးသမားများ၊ အလုပ်သမားများ တရားမဝင်လာရောက်နေထိုင်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...