Wednesday, January 28, 2026

ညောင်ရွှေမြို့နယ်

ညောင်ရွှေမြို့နယ်ရောက် စစ်ရှောင်အတွက် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် မိုင်းသောက်မြို့ ငွေတောင်ဓမ္မာရုံတွင်ရောက်ရှိနေသည့် ကရင်နီ စစ်ဘေးရှောင် (၉၀)ဝန်းကျင်အတွက် စားနပ်ရိက္ခာလိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီ (၁၂)ရက်က ကရင်နီပြည်မှ ထွက်ပြေးတိမ်းရှောင်လာပြီး လက်ရှိမှာ ရေရှည်အတွက် စားနပ်ရိက္ခာ လိုအပ်ကြောင်း မိုင်းသောက်ဒေသခံ ပရဟိတလုပ်ဆောင်နေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ စထွက်ပြေးလာတုန်းကတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲလာတယ်။...

သျှမ်းတောင် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဇနီးများ အခြေခံ စစ်ပညာသင်တန်းတက်ရ

သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဇနီးများ အခြေခံ စစ်ပညာသင်တန်းများကို သင်ယူလေ့ကျင့်နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင် မြို့နယ်များဖြစ်သည့် အောင်ပန်း၊ ကလော၊ ညောင်ရွှေနှင့် တောင်လေးလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သားနှင့် ရဲတို့၏ ဇနီးများသည် အခြေခံ စစ်ပညာသင်တန်းကို တက်ရောက်နေရကြောင်း ဒေသခံများက ပြောသည်။ “ဒီဇင်ဘာ ၁၂ ရက်...

ညောင်ရွှေ ဟဲယာရွာမ မီတာခ မဆောင်လို့ မီးဖြတ်ခံရ၊ သူခိုးများသောင်းကျန်း

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင် မီးဖြတ်ခံရပြီးနောက် ကျေးရွာအတွင်း သူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။ “မီတာခ မဆောင်လို့ မီးဖြတ်တာပေါ့ဗျာ၊ မီးဖြတ်လိုက်တော့ တစ်ရွာလုံးက မှောင်မှောင်မဲမဲတွေ ဖြစ်ကုန်တာပေါ့၊ ဒါကို အခွင့်ကောင်းယူပြီး သူခိုးတွေက သောင်းကျန်းနေတာဗျာ၊ အခုနောက်ပိုင်း ရွာမှာ ပစ္စည်းပျောက်တာတွေက ညတိုင်း...

ညောင်ရွှေမြို့နယ် ကျေးရွာများ မီတာခ မဆောင်၊ ရွာလုံးကျွတ် မီးဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ကျေးရွာများ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီး နောက်ပိုင်းတွင် မီတာခ မဆောင်သဖြင့် ရွာလုံးကျွတ် မီးဖြတ်ခံရကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် မီးဖြတ်ခံထားရသည့် ကျေးရွာများကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံးမှ တာဝန်ရှိသူများက ပိုက်ဆံသိန်း ၃၀ ပြန်လည်ပေးသွင်းပါက မီးပြန်ပေးမည်ဟု လာရောက်ညှိနှိုင်းကြောင်း မီးဖြတ်ခံထားရသည့် ညောင်ဖြူကျေးရွာမှ ရွာသားတစ်ဦးက...

အင်းလေးဒေသတွင် Q Center ထပ်ဖွင့်လှစ်ရန် လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ ပိုမိုများပြားလာပြီး Quarantine Center ထပ်မံဖွင့်လှစ်ရန် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ “ကိုဗစ်အတည်ပြုလူနာတွေကို ညောင်ရွှေပြည်သူ့ဆေးရုံ၊ စံကားပြည်သူ့ဆေးရုံ၊ နန်းပန်ပြည်သူ့ဆေးရုံနဲ့ ဟဲယာရွာမတိုက်နယ်ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသပေးနေတယ်၊ ထိတွေ့တဲ့သူတွေအတွက် Q Center ထပ်လိုနေသေးတယ်” လို့...

အင်းလေး ဖောင်တော်ဦး ဘုရားရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံ

သျှမ်းပြည်နယ် တောင်ပိုင်း အထင်ကရ ပွဲတော်ဖြစ်သည့် ညောင်ရွှေမြို့နယ် အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံနေပြီဖြစ်ကြောင်း သိရသည်။ အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံ ပွဲကို စက်တင်ဘာ ၂၉ ရက်နေ့မှ အောက်တိုဘာ ၁၈ ရက်ထိ...

Latest news