Friday, January 30, 2026

စစ်ကောင်စီ

မူဆယ်မြို့နယ် မော်တောင်းကျေးရွာ အနီး တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာနှင့် ကောင်းဝှက်ကျေးရွာကြား ယနေ့ (အောက်တိုဘာ ၂၆ ရက်) ညနေ ၅ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် အမည်မသိလက်နက်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “သူတို့ မော်တောင်းကျေးရွာဘက်နဲ့ ကောင်းဝှက်ကျေးရွာကြားမှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က စပစ်ခံရတာ။ သူတို့က လက်နက်ကြီးတွေနဲ့...

မိုင်းတုံမြို့ တပ်ထောက်ခံပွဲ စစ်ကောင်စီမှ အတင်းအဓမ္မ ခေါ် တစ်ဦးလျှင် ၅၀၀၀ ကျပ်ပေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ တပ်မတော်ထောက်ခံပွဲအတွက် စစ်ကောင်စီမှ အတင်းအဓမ္မ ခေါ်ပြီး ပါဝင်သည့် ပြည်သူများ တစ်ဦးလျှင် (၅၀၀၀)ကျပ်ပေးသည်ဟု စုံစမ်းသိရှိရသည်။ မိုင်းတုံမြို့တွင် ယနေ့ (အောက်တိုဘာ ၂၆) မနက် ၉ နာရီဝန်းကျင်တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်ကြပြီး ဒေသခံ ပြည်သူများက မဖြစ်မနေ လိုက်ပါ ဆန္ဒပြရကြောင်း...

တောင်ကြီး KTV ဆိုင် စစ်ကောင်စီ ဝင်ဖမ်း၊ လူ(၃၀)ဦး ပါသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ KTV ဆိုင် တစ်ဆိုင် စစ်အာဏာပိုင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူ (၃၀)ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၂၆)ရက် မနက် (၁)နာရီအချိန်က တောင်ကြီး အဝေရာမီးပုံးပျံကွင်းရှေ့ရှိ (100)% ဆိုင်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ စစ်လက်အောက်ခံ ရဲများ၊ တပ်သားများ လူအင်အား...

ပန်ဆိုင်းမြို့ထဲ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် ပြည်သူ့အိမ်များ ထိခိုက်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့အတွင်းတွင် ကိုးကန့်တပ်မတော် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေစဥ် စစ်ကောင်စီမှ မြို့ထဲသို့ ရမ်းပစ်သည့်အတွက် ပြည်သူအိမ်များ ထိခိုက်ပျက်စီးရကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ည ၉ နာရီကျော်မှ စတင်ကာ ပန်ဆိုင်းမြို့ရှိ ရပ်ကွက်...

လားရှိုးမြို့ ရှိ ကျေးရွာအတွင်း စစ်ကောင်စီများ ဝင်ရောက်စစ်ဆေး ရှာဖွေနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကောင်းကြဲကျေးရွာအုပ်စု ကောင်းကြဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။ လားရှိုးမြို့နယ် ကောင်းကြဲကျေးရွာအတွင်း လွန်ခဲ့သည့် အောက်တိုဘာ (၂၄)ရက်နေ့ ည (၉)နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ခဲ့ပြီး ကျေးရွာတွင်းရှိ နေအိမ်များကို လိုက်လံရှာဖွေစစ်ဆေး ခဲ့ကြောင်း...

ဖယ်ခုံမြို့ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၊ ဒေသခံ ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ညောင်ပင်သာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရမ်းသမ်း ပစ်ခတ်နေပြီး ဒေသခံပြည်သူ (၂)ဦး ယမ်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ညောင်ပင်သာရပ်ကွက်တွင် ယနေ့ အောက်တိုဘာ (၂၆)ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီက တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ဒီနေ့...

ဒီးမော့ဆို ကက်သလစ်ဘုရားကျောင်းအသစ်ကို စစ်ကောင်စီ ပစ်ခတ်

ကရင်နီပြည် (ကယားပြည်) ဒီးမော့ဆို ၆ မိုင် စံပြကျေးရွာရှိ ဖွင့်ပွဲမလုပ်ရသေးသည့် ကက်သလစ် ဘုရားကျောင်း အသစ်ကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၉ နာရီဝန်းကျင် အချိန်တွင် ဒီးမော့ဆိုမြို့ ၆ မိုင် စံပြကျေးရွာအတွင်းသို့...

လားရှိုး လက်နက်ကြီး ပေါက်ကွဲသံကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ

သျှမ်းမြောက် လားရှိုးမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) ည (၇)နာရီဝန်းကျင်က လက်နက်ကြီး ပေါက်ကွဲသံကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ညတွင် လားရှိုးမြို့ အထက်မန်အိုင်ကျေးရွာအနီးရှိ ပြောင်းဖူးခင်းအတွင်း လက်နက်ကြီး ကျပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသံကျယ်လောင်လွန်းသဖြင့် စိုးရိမ်ထိတ်လန့်ရကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့ကတော့ အသံ အရမ်းကျယ်တော့...

ပန်ဆိုင်းမြို့ လက်နက်ကြီးထိမှန်သည့် အမျိုးသမီး အခြေအနေစိုးရိမ်ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် တိုက်ပွဲကြောင့် လက်နက်ကြီးထိမှန်ခဲ့သည့် အမျိုးသမီးသည် အခြေအနေစိုးရိမ်ရကြောင်း စုံစမ်းသိရှိရသည်။ ပန်ဆိုင်းမြို့တွင် လွန်ခဲ့သည့် အောက်တိုဘာ (၂၃)ရက်နေ့တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး လက်ရှိမှာ မန္တလေးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း...

စစ်ကောင်စီမှ ဓနု ကျောင်းဆရာ ပြန်လွှတ်ပေးပြီး အချုပ်ခန်းအပြင်မရောက်ခင် ပြန်ဖမ်းသွား

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံး)တွင် စစ်ကောင်စီက ချုပ်နှောင်ခံထားရသည့် ဓနုတိုင်းရင်းသား အထက်တန်းပြကျောင်းဆရာတစ္ဦး ကို လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးခဲ့ရာ ထောင်ဝန်းအပြင် မရောက်ခင် ပြန်လည်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာသည့် အထက်တန်းပြ ကျောင်းဆရာတစ်ဦးဖြစ်သည့်အပြင် အဆိုတော်တစ်ဦးလည်းဖြစ်သည့် ဓနုတိုင်းရင်းသား...

Latest news