လာရှိုး – မိုင်းယော်ကြား စစ်ရေးပြင်းထန် စစ်ကောင်စီမှ ဒေသခံကားသမားများကို ချောဆွဲနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် မိုင်းယော်တိုက်နယ်ကြားတွင် စစ်ရေးပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီမှ ၎င်းတို့၏ ဒဏ်ရာရတပ်သားများကို ဆေးရုံသို့ သယ်ယူပို့ဆောင်ပေးရန် ဒေသခံကားများကို ချောဆွဲနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ကာ မိုင်းယော်တိုက်နယ်အတွင်းတွင် စစ်ကောင်စီနှင့် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တို့ နေ့စဥ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဦးနှစ်ဖက် ထိခိုက်ကျဆုံးမှုရှိနေကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူများကို ဒေသခံကားသမားများက ဆေးရုံသို့ပို့ပေးရန် အတင်းအဓမ္မခိုင်းစေနေကြောင်း ဒေသခံများက ပြောသည်၊၊

“တိုက်ပွဲမှာတော့ နှစ်ဖက်လုံး ကျဆုံးမှုရှိတယ်လို့ထင်တယ်၊ ဘာလို့လဲဆို တိုက်ပွဲကနေပြန်လာတဲ့ စစ်သားတွေမှာ တစ်ယောက်ကို သေနတ်နှစ်လက်သုံးလက် ထမ်းနေတာမျိုးတွေ့ရတယ်၊ နှစ်ဖက်လုံးပဲ၊ ပြီးတော့ စစ်ကောင်စီ တွေက သူတို့လူဒဏ်ရာရတယ်ဆိုရင် ဒေသခံကားတွေကို လားရှိုးဆေးရုံ လိုက်ပို့ခိုင်းတာရှိတယ်၊ မနေ့ကလည်း နှစ်ယောက်ပို့ပေးရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်၊၊

ယင်းကဲ့သို့ စေခိုင်း ချောဆွဲမှုများရှိနေသည့်အတွက် မိုင်းယော်တိုက်နယ်အတွင်းမှ ဒေသခံတို့သည် မသွားရဲ မလာရဲဖြစ်နေကြကြောင်း သိရသည်။

“တိုက်ပွဲက ရွာထဲမဟုတ်ပေမဲ့ သူတို့အဲ့လို ချောဆွဲတော့ ဘယ်သူကမှ အပြင်မထွက်ရဲလောက်အောင်ဖြစ်နေပြီ၊ မွန်းလွဲပိုင်းရောက်ပြီဆိုတာနဲ့ အပြင်ထွက်တဲ့သူ မရှိသလောက်ပဲ၊ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်၊၊

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်သား (၁၀၀)ကျော် မိုင်းယော်ကျေးရွာသို့ ဖြတ်ဝင်သွားပြီးချိန်မှာ ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မိုင်းယော်တိုက်နယ်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင်) TNLA ၊ ရခိုင်တပ်မတော် (AA) ၊ ကချင်တပ်မတော် (KIA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အာဏာသိမ်း စစ်ကောင်စီတို့ သွားလာလှုပ်ရှားရာဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...