သျှမ်းပြည် အဝေးသင်တက္ကသိုလ်ကျောင်းအပ်သူများ မရှိ

စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ကျောင်းကို ပြန်ဖွင့်ရန်အတွက် ယမန်နေ့ (နိုဝင်ဘာ ၁ ရက်) ကျောင်းအပ်လက်ခံသော်လည်း သျှမ်ပြည်အတွင်းရှိ တက္ကသိုလ်ကျောင်းများတွင် ကျောင်းသွားအပ်သူမရှိကြောင်း စုံစမ်းသိရသည်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာမှုကြောင့် ပိတ်ထားသည့် တက္ကသိုလ်ကျောင်းများကို စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပြန်ဖွင့်ရန် ကြိုးစားနေကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၁ ရက်နေ့မှ ၉ ရက်နေ့ထိ ကျောင်းအပ်ရန် ကျန်ရှိနေသည့် အဝေးသင် တက္ကသိုလ်ကျောင်းအပ်များကို လက်ခံသွားမည်ဖြစ်သော်လည်း ပင်လုံမြို့ တက္ကသိုလ်တွင် ယနေ့ထိ ကျောင်းလာအပ်သူမရှိသေးကြောင်း သိရသည်။

“အရင်က အဝေးသင်ကျောင်းအပ်စဆိုရင် ပထမ စလက်ခံတဲ့နေ့မှာ ကျောင်းသားတွေ အများကြီးလာကြတယ်။ အခုတော့ တက္ကသိုလ်ဂိတ်တော့ဖွင့်ထားပြီး ဘယ်သူမှ ဝင်ထွက်တာမရှိဘူး။ ကျောင်းလာအပ်တာလည်း မရှိဘူး။ အပ်ပြီးသားသူတောင်မှ တက်ကြမှာမဟုတ်ဘူး” ဟု ပင်လုံမြို့ ဒေသခံတဦးက ပြောသည်။

ထို့အပြင် ကျောင်းအပ်များကို လက်ခံပြီး ကျောင်းပြန်ဖွင့်သော်လည်း ကျောင်းတက်မည် မဟုတ်ကြောင်း လားရှိုးမြို့ အဝေးသင်တက္ကသိုလ် ပထမနှစ် စတက်မည့်သူက ပြောသည်။

“ဖွင့်လည်းမတက်တော့ပါဘူး။ စစ်ကောင်စီအောက်တော့ ဘာကျောင်းမှမတက်ဘူး။ တက်လည်းဘာမှ မထူးဘူးလေ။ သူတို့နိုင်ငံရေးလှည့်ကွက်ကြောင့် ကျောင်းဖွင့်ပြနေတာ။ အသက်ကြီးသွားလည်း စစ်ကောင်စီလက်အောက်ခံတော့ ကျောင်းလုံးဝမတက်နိုင်ဘူး။” ဟု လားရှိုးမြို့ ကျောင်းသားတဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လုပ်ရက်များကို ဂရုမစိုက်ကြောင်း၊ ကျောင်းအပ်လက်ခံသော်လည်း ကျောင်းအပ်သူများမရှိကြောင်း တောင်ကြီးတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။

“သူတို့ကျောင်းအပ်လက်ခံတာ ကျနော်တို့တောင် မသိရဘူး။ တောင်ကြီးမှာလည်း ကျောင်းသွားအပ်တဲ့သူမရှိပါဘူး။ ကျန်နေတဲ့သူလည်း မအပ်ကြဘူး။ ကျနော်လည်း အပ်ဖို့ကျန်နေတာ မအပ်တော့ဘူး။ တက်လည်း မတက်တော့ဘူး။” ဟု တောင်ကြီးမြို့ ကျောင်းသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ပြန့်ပွားမှုနှုန်းမကျဆင်းသော်လည်း စစ်ကောင်စီက ၎င်းတို့၏ လိုအင်ဆန္ဒအတိုင်း ကျောင်းများကို ဖွင့်လှစ်နေလျက်ရှိကြောင်း သိရသည်။

သျှမ်းပြည်နယ်အတွင်းတွင် အဝေးသင်တက္ကသိုလ်ကျောင်းသားများကို ပင်လုံတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်နှင့် ကျိုင်းတုံတက္ကသိုလ်တို့တွင် အဝေးသင် ဝိဇ္ဇာဘွဲ့ နှင့် သိပ္ပံဘွဲ့ အတွက် နိုဝင်ဘာ ၁ ရက်မှ ၉ ရက်နေ့ထိ ကျောင်းအပ် စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...