ကလောမြို့ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့မှ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမြို့ လူငယ် ၄ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် အောင်ပန်းမြို့ရှိ အောင်မြင်သူ လက်ဖက်ရည် ဆိုင်အနီးရှိ အုတ်ခုံတွင် ထိုင်နေသည့် လူငယ်များကို စစ်ကောင်စီမှ သေနတ်ဖြင့် ချိန်ရွယ်ပြီး လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လူငယ်တွေက ဒီတိုင်းထိုင်ပြီး စကားပြောနေကြတာ၊ အဲ့ချိန်မှာ စစ်သားတွေက ကားနဲ့လာပြီး ထိုင်နေတဲ့လူငယ် တွေကို သေနတ်ချိန်ပြီး လိုက်ဖမ်းတာ၊ တချို့ကလည်း ထွက်ပြေးနိုင်ခဲ့တယ်၊ အစက နှစ်ယောက်နဲ့ ပြေးတဲ့သူတွေ နောက်ကလိုက်ဖမ်းရင်း နောက်နှစ်ယောက် ထပ်ဖမ်းမိတယ်” ဟု မျက်မြင်တွေ့သူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လူငယ်များသည် အရပ်သားပြည်သူများသာ ဖြစ်ကြပြီး ၎င်းတို့ ဖမ်းဆီးခံရသည့် အချိန်မှာလည်း အပြင် ထွက်ခွင့်ပိတ်ပင်ထားသည့် အချိန် မဟုတ်သည့်အတွက် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရကြောင်း ဒေသခံတစ်ဦး က ပြောသည်။

“သူတို့က ဥပဒေဘောင်တွင်းက လူငယ်တွေပဲ ဖြစ်တယ်၊ ပြီးတော့ အပြင်မထွက်ရ အချိန်လည်း မဟုတ်ဘူး၊ ၇ နာရီ လောက်ပဲ ရှိသေးတယ်၊ စစ်ကောင်စီတွေက အကြောင်းမဲ့ ဖမ်းသွားတာ၊ ဘယ်ကို ဖမ်းသွားလဲ မသိရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့အပြင် ယမန်နေ့ တစ်နေ့တည်းတွင် ကလောမြို့ရှိ သာယာကုန်း ရပ်ကွက် ၆ တွင် နေထိုင်သူ အမျိုးသမီးတစ်ဦး ကိုလည်း စစ်ကောင်စီတို့မှ အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း ကလောမြို့ခံ တစ်ဦးက ပြောသည်။

“လာတာက အယောက် ၂၀ ကျော်လောက်ရှိတယ်၊ ကားနဲ့လာကြတာ၊ ၁၀ ယောက်လောက်က အုတ်တံတိုင်း ကျော်ပြီး အိမ်ထဲကို အတင်းဝင်ဖမ်းတယ်၊ အိမ်သားတွေက ဘယ်ကိုခေါ်သွားမှာလဲ မေးတော့ ဖုန်းတွေတောင်းတာ၊ အမျိုးဖုန်းရော မြင်နေတဲ့ အိမ်သားဖုန်းတွေရော ယူသွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယခုရက်ပိုင်း ကလောနှင့် အောင်ပန်းမြို့နယ်အတွင်းတို့တွင် ရပ်ကွက်နေပြည်သူများနှင့် လူငယ်များစွာတို့ကို အကြောင်းမဲ့ ဖမ်းဆီး ရိုက်နက်ခြင်းများ နေ့စဥ်ရက်ဆက်ရှိလာကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...