Tuesday, January 27, 2026

ကလောမြို့ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့မှ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမြို့ လူငယ် ၄ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် အောင်ပန်းမြို့ရှိ အောင်မြင်သူ လက်ဖက်ရည် ဆိုင်အနီးရှိ အုတ်ခုံတွင် ထိုင်နေသည့် လူငယ်များကို စစ်ကောင်စီမှ သေနတ်ဖြင့် ချိန်ရွယ်ပြီး လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လူငယ်တွေက ဒီတိုင်းထိုင်ပြီး စကားပြောနေကြတာ၊ အဲ့ချိန်မှာ စစ်သားတွေက ကားနဲ့လာပြီး ထိုင်နေတဲ့လူငယ် တွေကို သေနတ်ချိန်ပြီး လိုက်ဖမ်းတာ၊ တချို့ကလည်း ထွက်ပြေးနိုင်ခဲ့တယ်၊ အစက နှစ်ယောက်နဲ့ ပြေးတဲ့သူတွေ နောက်ကလိုက်ဖမ်းရင်း နောက်နှစ်ယောက် ထပ်ဖမ်းမိတယ်” ဟု မျက်မြင်တွေ့သူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လူငယ်များသည် အရပ်သားပြည်သူများသာ ဖြစ်ကြပြီး ၎င်းတို့ ဖမ်းဆီးခံရသည့် အချိန်မှာလည်း အပြင် ထွက်ခွင့်ပိတ်ပင်ထားသည့် အချိန် မဟုတ်သည့်အတွက် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရကြောင်း ဒေသခံတစ်ဦး က ပြောသည်။

“သူတို့က ဥပဒေဘောင်တွင်းက လူငယ်တွေပဲ ဖြစ်တယ်၊ ပြီးတော့ အပြင်မထွက်ရ အချိန်လည်း မဟုတ်ဘူး၊ ၇ နာရီ လောက်ပဲ ရှိသေးတယ်၊ စစ်ကောင်စီတွေက အကြောင်းမဲ့ ဖမ်းသွားတာ၊ ဘယ်ကို ဖမ်းသွားလဲ မသိရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့အပြင် ယမန်နေ့ တစ်နေ့တည်းတွင် ကလောမြို့ရှိ သာယာကုန်း ရပ်ကွက် ၆ တွင် နေထိုင်သူ အမျိုးသမီးတစ်ဦး ကိုလည်း စစ်ကောင်စီတို့မှ အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း ကလောမြို့ခံ တစ်ဦးက ပြောသည်။

“လာတာက အယောက် ၂၀ ကျော်လောက်ရှိတယ်၊ ကားနဲ့လာကြတာ၊ ၁၀ ယောက်လောက်က အုတ်တံတိုင်း ကျော်ပြီး အိမ်ထဲကို အတင်းဝင်ဖမ်းတယ်၊ အိမ်သားတွေက ဘယ်ကိုခေါ်သွားမှာလဲ မေးတော့ ဖုန်းတွေတောင်းတာ၊ အမျိုးဖုန်းရော မြင်နေတဲ့ အိမ်သားဖုန်းတွေရော ယူသွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယခုရက်ပိုင်း ကလောနှင့် အောင်ပန်းမြို့နယ်အတွင်းတို့တွင် ရပ်ကွက်နေပြည်သူများနှင့် လူငယ်များစွာတို့ကို အကြောင်းမဲ့ ဖမ်းဆီး ရိုက်နက်ခြင်းများ နေ့စဥ်ရက်ဆက်ရှိလာကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...